ငွန်ငယ် ၏ အချစ်ကို စမ်းစစ်တွေ့ရှိချက်များ

ချင်းမလေးက ..ငွန်ငယ်ရေ..Tag ထားတယ်ဆိုတော့ အပြေးလေးသွားကြည့်ရသေးတယ်။ ဘာတွေကို..မချောတော့ လုပ်ချလိုက် ပြီလည်း လို့..မတော်သေးရဲ့။ အချစ်ဆိုသည်မှာတဲ့...ဟီး ..။အလုပ်ထဲက ခင်တဲ့ မြန်မာပြည်သား အိန္ဒိယား ပြောသလို ပြောရရင် အမယ်ရေး..အစ်မ..ဒုက္ခတွေအများကြီး လာတယ်နော့...
အော် အချစ်..အချစ်....ငွန်ငယ် အချစ်ဆိုတာကို..မေ့ပြစ်ထားတာ..အတော်ကြာပြီပေါ့..
ခုတော့..ချင်းမလေး လုပ် တာနဲ့ အတိတ်တွေ ပေါ်ကုန်တော့မယ်။နည်းနည်းတော့ ..လျှော့ရေးမှ........
ငွန်ငယ် ထင်တာ..အချစ် ဆိုတာ..ချစ်နေစဉ် မှာ အေးငြိမ်းမှုတွေ၊ ကြည်နူးမှုတွေ၊ ပျော်ရွှင်မှုတွေကို ပေးစွမ်း နိုင်တယ။်
အချစ် ရဲ့တန်ခိုး ဘယ်လောက်ကြီးလည်းဆိုရင်..အရာရာကို ရင်ဆိုင်ရဲတဲ့ သတ္တိတွေရှိလာစေတယ်။ဘာကိုမှ လည်း မကြောက်တော့ဘူး မျက်ကမ်းတစ္ဆေအချစ် ဆိုတာဒါကိုပြောတာလားမသိဘူး။

အချစ် မှာ အလျှား အနံ မရှိဘူး တဲ့ ဒါပေမယ့် အသွားအပြန်တော့ ရှိတယ် လို့ဆိုကြပါတယ်။ငွန်ငယ်..တစ်ချိန်က ချစ်ခဲ့ ဘူးတဲ့ အချစ်မှာတော့..ဘာမျှော်လင့်ချက်မှ မရှိခဲ့ပါဘူး။ နှစ်ယောက်အတူ ချစ်ခဲ့ ကြပြီး အားလုံးပြည့်စုံ ပြီလို့ ထင်ခဲ့ပါတယ်။ မမျှော်လင့်ပဲ ကံကျမ္မာ မုန်းတိုင်း ကြောင့် နှစ်ယောက်လုံး ချစ်လျှက်နဲ့ ဝေးခဲ့ ကြရပါတယ်။ဘာကြောင့် ချစ်သူက နားလည်မှုတွေ လွဲချော်ခဲ့ရ တာလည်း ဆိုတာ ဒီနေ့အထိ သူ ကိုယ်တိုင် ဖြေရှင်းချက် မပေးခဲ့ပါဘူး။
များများ ချစ်ရင် အများကြီးခံစားရတယ်။သိပ်မချစ်ခဲ့မိရင် ခံစားရတာသိပ်ကြာ မယ်မထင်ပါဘူး။ ခုတော့ အချစ်ကို မခံစားရဲတော့ပါဘူး။(အပျိုကြီးပဲ လုပ်တော့မယ် ဘယ်သူတွေပါဦးမလည်း မသိဘူး စာရင်းကောက်မယ် )။ အချစ်ဆိုတာဟာ ခံစားတက်တဲ့လူပေါ်ကို လိုက်ပြီးပြောင်းလည်းနိုင်တယ်လို့ ငွန်ငယ် ထင်တယ်။ပုံသေ တွက်ထားလို့ လည်းရနိုင်မှာမဟုတ်ပါဘူး။
အချစ် နဲ့ ကွေကွင်းရခြင်းဆိုတဲ့ ဝေဒနာဟာ ဘယ်သူမဆို ကိုယ်တိုင်ခံစားဘူးမှ ဘယ်လောက် ပြင်းထန်တယ် ဆိုတာသိရတာပါ။ အချစ် ဟာ တခါတစ်ရံမှာ နူးညံ့သိမ်မွှေ့
သလောက် တစ်ခါတစ်ရံ ကြတော့ ကြမ်းတမ်းခက်ထန် ပါတယ်။အချစ် ကို ကစားစရာတစ်ခု
လို သဘောထားရင်တော့ မှားပါလိမ့်မယ်။သူတစ်ပါး ကို ခံစားရအောင်လုပ်မိသူဟာ ကိုယ်ကို တိုင်လည်း အနည်းနဲ့အများတော့ ပြန်ခံစားရတာပါပဲ။ သက်ရောက်မှုတိုင်းမှာ တန်ပြန်
သက်ရောက်မှု ရှိတယ်ဆိုတဲ့( နယူတန် ၏ နည်းယာမ ) ကိုမေ့ထားလို့မရပါဘူး။
အရမ်းချစ်ကြတဲ့ ချစ်သူတွေလည်း အသက်ထက်ဆုံး ချစ်ခင် ကြင်နာ နိုင်ကြပါစေ။
ချစ်သူများ စွာလည်း တစ်ဦးအပေါ် တစ်ဦး ထာဝရ သစ္စာ ခိုင်မြဲ ကြပါစေ။
အကြောင်း အမျိုးမျိုးကြောင့် အချစ်ဝေ ဒနာ ခံစားနေကြရသူတွေ လည်းအေးငြိမ်းချမ်းသာ ရှိကြပါစေလို့ ငွန်ငယ် ရင်ထဲကနေ ဆုတောင်းပေးလိုက်ပါတယ်ရှင့်။ဒါလောက်ဆို အချစ်အကြွေး ကြေပါပြီနော့ .....ချင်းမလေး ရေ...။
အချစ် ဆိုတာ တစ်ဦး နှင့် တစ်ဦး အနက်ဖွင့်ဆိုမှုတွေ တူညီ ကြမှာမဟုတ်ပါဘူး။ကွဲလွဲ ကြမှာပါ ပဲ။ ငွန်ငယ် သိသလို ခံစားရသလိုရေးခြင်းသာဖြစ်ပါတယ်။ဘယ်လိုမှ ဖတ်လို့ ခံစားလို့ မရဘူးဆိုရင် ကျမရဲ့ ညံ့ ဖျင်းမှုကြောင့်သာဖြစ်ပါတယ်ရှင့်။ခုလို အဆုံးထိ ဖတ်ပေး
တာကိုလည်း ကျေးဇူးတင် ရှိပါတယ်နော့။ အားလုံးကိုခင်တဲ့ .......
2 ယောက်ရဲ့ထင်မြင်ချက်:
အဟမ်း...အဟမ်း...ငွန်ငယ်တို့ တော့ပေါ်ကုန်ပြီ..ဟီးဟီး
19/10/08 3:44 PMရေးပေးတာရှဲရှဲ နော်.. :P
အချစ်စစ်အချစ်မှန်နဲ့ တွေ့ ပါစေလို့ ဆုတောင်းပေးလိုက်
ပါတယ်နော်.. :D :)
ငွန်ငယ် ရေ.....နင်လုပ်လို့ ငါ ထမင်းငတ်တော့မယ်ဟ.......ချစ်မိုးညို ဆိုတဲ့ ကလောင်နာမည်လေး ဘယ်မှာ သွားထားရ မလဲ မသိတော့ ပါဘူးဟာ........
16/2/09 10:26 PMPost a Comment