ငွန်းငယ် ၏ ပထမဆုံးများ
ပထမဆုံးတွေကို ရေးပေး ဖို့ မကြီးအိ လိုခေါ်တဲ့ အမ မေအိခင်က Tag ထားတာ ကြာနေပြီ။ကိုယ့်ကိုခင်လို့ရေးခိုင်းထားတာ။ မကြီးကိုလည်း အရမ်း အားနာတယ်။အလုပ်က လည်းဒီရက်ရောက်မှ ရှုပ်နေတာပဲ။ရေး ဖို့ လုပ်ရင် ကိစ္စတစ်ခု ကပေါ်လာ လိုက် တွေးထားတာလေးတွေပျောက်သွားလိုက် နဲ့ ဘယ်ကစရေးရမယ် မသိတော့ ဘူးပေါ့။ ကဲပါလေ မထူးတော့ပါဘူး မှတ်မိသမျှတော့ရေးလိုက်တော့ မယ်ဆိုပြီးဒီ ကနေတော့ မဖြစ်ဖြစ်အောင် ရေးလိုက်ပြီ မကြီးအိရေ။စိတ် မချိုး နဲ့နော့ မကြီး။ဖတ်မကောင်းရင်လည်း ညီမ ညံ့လို့ ပါ လို့ ။အင်း ပထမဆုံးတက်ရတဲ့ အတန်းက - သူငယ်တန်း (နောက်မှ အမေ ကိုမေးကြည့်တယ်ဘာဖြစ်လို့ အမေတို့ သမီးကို မှုကြိုမထားလည်းလို့ အမေက ဘာပြောလည်းဆို သမီးငယ်ငယ်က ကလေးဆိုတော့ ..အဲ မှားကုန်ပြီ ..သေးသေးညှပ်ညှပ်လေး ဆိုတော့ မှုကြိုမှာ သမီးထက်ကြီးသူတွေ ကဝိုင်းပြီး အနိုင်ကျင့်မှာဆိုးလို့တဲ့ ဟုတ်လားတော့ မသိဘူး အမေ ကအဲလောက်ချစ်တာ)
ပထမဆုံး ဘော်ဒါ(ယောက်ျားလေး)က - နီတွတ် ( ရွာမှာနေတုံးကအိမ်ရှေ့ အိမ်ကလေ။သူ က ဝဝတုတ်တုတ်နဲ့ အတန်းထဲမှာ ဘို ဆိုတော့ သူကို မုန်းကြွေးပြီး အပီကပ်ပေါင်းထားရတာ။ ငွန်ငယ် ကလူကြောက်တာကို။ငယ်ငယ် ကပြောတာ ပါ ခုတော့ နီတွတ် လည်း ဘယ်ရောက်သွားလည်း မသိတော့ဘူး။လေး တန်းနှစ် ကနေ ကွဲသွား တာ ခုထိပေါ့။)
ပထမဆုံး ဘော်ဒါ (မိန်းကလေး)က - မိုးမိုး (သူနဲ့က ၆ တန်းနှစ် ရွာကနေ မြို့ ကို ရောက်တော့ စပြီး ပေါင်းတာ။ ရွာမှာတုန်းက ယောက်ျားလေးတွေနဲ့ ပဲပေါင်းတာ။ ဘောလုံးကန်တယ်။ သရေကွင်းပစ်တယ်။ ဂျင်ပေါက်တယ်။ယောက်ျားလေး ကစားနည်းဆို အကုန်ရတယ်။အကိုတွေ နဲ့ နေရတာကို ယောက်ျားလေးလိုပဲနေတာ။မြို့ရောက်တော့ မလုပ်ရတော့ဘူး။ မိုးမိုး က စွာကျယ် စွာကျယ် နဲ့ ရန်ဖြစ်ရင် အရမ်းအား ကိုး ရတာ။ကိုယ်ကလည်း ဖိုက်တာဆိုတာ အတွဲတော့ ညီတယ်။ ရေးရင်းနဲ့ ပေါ်ကုန်ပြီ မကြီးအိ ရေ။ ခုသူကရန်ကုန်မှာအလုပ်လုပ်နေတယ်။အပျိုကြီးပါပဲ။ကြော်ငြာဝင်တာနော့။.. )
ပထမဆုံး ရေနှစ်ဘူးတာ - ကျောင်းပိတ် လို့ အဖေ နဲ့ ဟင်္သာတ မှာရှိတဲ့ အဖေ့ ဘက်က အမျိုးတွေ ရှိကိုသွားလည် တော့ အကို တွေ မောင်တွေ က ဧရာဝတီမြစ်ကမ်းနားမှာသွား ပြီးရေချိုး ကြတာ။အဲဒီတုန်းက ငွန်ငယ် ကရေသိပ် မကူးတက်သေးဘူး။ရေ ဆင်းကူးကြည့်တာ နှစ်ပါလေရော ကံကောင်းလို့ အနားက လူကြီးတွေ ဝိုင်းကယ် ကြလို့ ခု လိုစာရေးနေရတာနော့။ အဲဒီ ထဲ က လှန့် သွားရောထင် လား ဟင့်အင် ဒီလောက်တောင် ရှိတဲ့ဟာ မရ ရအောင်ကူးမယ်ဆို ပြီးကူးတာ ခုတော့ ရေကူး မှာဆို ချန်ပီယံ ပဲ ကိုယ့်ဟာကို ဆုပေးတာ ပေါ့ ။
ပထမဆုံး ဆုရတာက - ဒုတိယတန်းမှာ ပထမဆု ။နောက်အတန်းတွေလည်း ဒုတိယ၊တတိယ ဆုတွေ ခဏ ခဏ ရဘူးတယ်။၉ တန်းထိပေါ့ ။ဆုယူတဲ့ ဓါတ်ပုံတွေ အိမ်မှာကျန်နေလို့ နို့ မဟုတ်ရင် ပြလိုက်ချင်သေး။ကြုံတုန်းကြွားရတာ။
ပထမဆုံး စာမေးပွဲကျတာ - ဆယ်တန်းပေါ့ ။အတန်း တိုင်းဆရာကြီးဖြစ်ပြီး ဆယ်တန်းလည်းရောက်ရော သွားပါလေရော။ လူက သေးသေး ပိန်ပိန်လေး စာတွေက အများကြီး သူများစကား ငှားပြောရရင် သေပြီဆရာပေါ့။ ဒါပေမယ့် စိတ်မလျှောပါဘူး အောင် အောင်တော့ ဖြေခဲ့ပါတယ်။
ပထမဆုံး ကျောင်းအုပ်ဆရာမကြီးက -ဒေါ်သန်းညွန့် ။တအားအရိုက်ကြမ်းလို့ မှတ်မိတာ။ဒါပေ မယ့်ဆရာမကို ခုချိန်ထိ သတိယ ချစ်နေမြဲပါ။
ပထမဆုံး ရည်စားစထားတာ - အင်း ပထမနှစ်မှာပါ။ ခုတော့ မေ့ သွားပါပြီ။ သဘောထား မတိုက်ဆိုင်လို့  လမ်းခွဲခဲ့ကြတာပေါ။ကြာခဲ့ပါပြီ။
ပထမဆုံး သိုင်းသင်ဘူးတာ - အဖေ ရယ်လေ အကိုတွေကို အိမ်မှာ သိုင်းဆရာ ကြီးပင့် ပြီ သင်ပေးတာ။သင်ချင်လို့ပူစာ တာ အမေ ကမျက်စောင်းကြီးထိုးပြီ မသင်ရဘူးတဲ့။ဒါငြီးအလုပ်မဟုတ်ဘူးတဲ့။ ဘယ်ရ မလည်းအဖေ ကိုခေါင်းနဲ့ ခွေ့ ပြီ ချွဲလိုက်တော့ သင်ရရော။အမေ ဘာတက်နိုင်မှာလည်းနော့။ သိုင်း ပြောင်း ပြန် တဲ့ ။ ခုတော့ မေ့တေ့တေ့။
ပထမဆုံး အလုပ်စလုပ်ဘူးတာ - ကျောင်းဆရာမ လေ(၁၉၉၆ ကပေါ့) ။အဟင်း မကြီးအိ လှန့်သွားလား။ တကယ်ပြောတာ။ညီမက လူကသာ ဂျစ်ကန်ကန် စိတ်ကတော့ အရမ်းနုညံတာ၊ရုပ်ကလေးကလည်း ရှိတာကို ။နောက် အဒေါ်တွေ ကလည်းဆရာမ တွေ ဖြစ်နေတာ။ မဟုတ်မခံ စိတ်ကြောင့် သုံးနှစ်ပဲ သင် တယ်။ထွက်လိုက်တယ်လေ။
ပထမဆုံး ရောက်ဖူးတဲ့ အဝေးဆုံးမြို့ - ရခိုင်ပြည်နယ်က ဂွမြို့ ကိုပါ။ ဦးလေး ကရောက်ဘူးအောင်ခေါ် သွားတာ။ အဲဒီ မှာ ဟင်္သာတ က ဇာတ်ပွဲ ကိုမိုးလင်းကြည့်ခဲ့တာမှတ်မိနေသေးတယ်။
ပထမဆုံး နိုင်ငံခြားရောက်ဘူးတာ - ၂၀၀၃ မတ်လ။ဘိုတန်းရွှေ ကြီး ကားတားကားတားနဲ့ ဟန်ရေ ပြနေချိန် မှာပေါ့။ ဟိုမှာနေရင် အာဏာပိုင်တွေနဲ့ ခဏခဏ ပြဿနာတက် နေတော ကြာရင်ထောင်ထဲ ရောက်တော့ မယ်ဆို အဖေက ပို့လိုက်တာ။အမျှော်အမြင် ကြီးလိုက်တာ အဖေရေ။ ခုသာဟိုမှာ ရှိနေရင် ကြိမ်သေပဲ ။ကြောက်လို့တော့မဟုတ်ဘူး လုပ်ချင်တာတွေ မလုပ်ရမှာဆိုးလိုပါ။
မကြီးအိ ရေ...မှတ်မိသမျှတော့ ရေးလိုက်တာပဲ။ညီမ က တစ်ခြား သူတွေလို အလွမ်းအဆွေးတွေ သိပ်မရေး တက်ဘူးနော့။တကယ်ဖြစ်ချင်တာ ယောက်ျားလေး အမေ ကမှားမွေး လိုက်သလားလို့။
ဒီလောက်ဆိုကျေနပ်မယ်လို့ထင်ပါတယ်နော့ မကြီး။
6 ယောက်ရဲ့ထင်မြင်ချက်:
မကြီးရေ ပထမဆုံးများကို လာဖတ်သွားပါတယ်နော့် Comment လေးအတွက် အရမ်းကျေးဇူးတင်ပါတယ်ခင်ဗျာ
10/10/08 8:35 AMကျွန်တော်လည်း သိုင်းပြောင်းပြန် သင်ဖူးတယ်။ အဖေက သင်ပေးတာပါ ။ ဆင်းသက်လာပုံကိုပါ ပြောပြတယ် ။ ကျောင်းဆရာမကြီးပေါ့လေ ။
10/10/08 11:27 PMငွန်ငယ်ရေ---
11/10/08 6:35 PMလာဖတ်ပါတယ်ရှင်----
စိတ်ဝင်စားစရာလေးတွေပါ--
ဆက်ရေးပါ--အားပေးနေပါတယ်--
မလေးရှား ကိုလာလည်ချင်ပါတယ်--
ငွန်ငယ်ရဲ့ ပရဟိတ စိတ်ကိုလည်း
လေးစားပါတယ်ရှင်---
တီတီငွန်ရေ.. ပထမချုံးရေးဒွေ ဂိုဖတ်တွားဒယ်.. ဟိဟိ.. တကယ်ဖြစ်ချင်တာ ယောက်ျားလေး အမေ ကမှားမွေး လိုက်သလားလို့ ...
15/10/08 12:07 AM(အမြဲအားပေးပါတယ်... ပရဟိတလုပ်ငန်းအတွက် ဂုဏ်ယူပါတယ်။ မက်မက်လည်းတတ်နိုင်ရင် ပါဝင်ချင်ပါတယ်တီတီငွန်..:) :) )
မမကြီး ရေ
18/10/08 4:59 AMမလေးရှားဒန်ပေါက်လဲ စားချင်လို့ :P
နင်ကတောင် ရေကူးတတ်သေးတယ် ဟ.....ငါက အခုချိန်ထိ ရေမကူးတတ်သေးဘူး ။ ရေနစ်တာ ၂ ခေါက် ရှိပြီ ။ နာမည် ပြောင်းရမလို ဖြစ်နေပြီ ။ သံချောင်းဆိုပြီး...ကံကောင်းလို့ လေ ။
16/2/09 9:30 PMPost a Comment