နာရေးကူညီ မှုအသင်း ကို ငွေဘယ်လို ပို့ ပြီး ကိုယ်တိုင် လှူကြမလည်း
ဒီ အကြောင်း ကို ပြောမယ်လုပ်ရင်းကနေ အလုပ်များနေတာနဲ့ မပြောဖြစ်ခဲ့ဘူးလေ။ခုတော့ တူမလေး မက်မက် ,ငွန် ခေါ်တာက ချစ်မက် (တကယ်တော့ သူကကြီးလား ကိုယ်ကကြီးလား သေချာမသိသေးပါဘူး။ အသက်ပြောတာနော့ ..ဟွန်း ..ဟိဟိ ) DREAM ကနေ မေးလာတော့ မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်း အားလုံးသိရအောင် ပို့စ် တစ်ခု အနေနဲ့ ရေးတင် လိုက်ပါတယ်။ အဆင်မပြေတာများ ရှိရင်လည်း "ဒီမှာ" အသေးစိတ် မေးမြန်း နိုင်ပါတယ်ရှင့်...။မသိ သေးသော သူများ အတွက် ရည်ရွယ်ပြီရေးပါတယ်။သိပြီး ၍
မပြည့်စုံသေးပါ ကထပ်ပြီး ဖြည့်ပေးကြပါနော့။
မပြည့်စုံသေးပါ ကထပ်ပြီး ဖြည့်ပေးကြပါနော့။
ကိုယ် လှူ မယ် ငွေကို ကိုယ်နေတဲ့ နိုင်ငံမှာ ရှိတဲ့ ငွေလွှဲ ဌာန (သို့)ငွေလွှဲ စတိုးဆိုင်တွေကနေ ဒီ အောက်မှ အမည် ၊မှတ်ပုံတင် အမှတ် နဲ့ လွှဲ ပေးလိုက်ပါ။
ဒါမှမဟုတ်ရင် ငွေလက်ခံမည့်သူနာမည်၊အသင်းနာမည်တပ် လွှဲရင်လည်းရပါတယ်။
ပြီ ရင် ငွေလှူထားကြောင်း အောက်ပါ ဖုန်းများ (သို့) အီးမေး သို့ အကြောင်းကြား ပေးပါ။ သုံးလေးရက် ကြာလျှင် ရောက် ၊မရောက်ထပ်၍မေးပါ။
ကိုယ့် ရဲ့ ဖုန်းနံပါတ် ၊ အီးမေး ပေးထားပါ က နာရေးကူညီမှုအသင်း မှဆက်သွယ် ပေးပါလိမ့် မည်။
နာရေးကူညီမှုအသင်းမှ ငွေလက်ခံမည့် သူ
အမည် - ဒေါ်ခင်သိန်းဝင်း ၊
မှတ်ပုံတင် အမှတ်- ၁၂/ရစန(နိုင်)၀၄၇၂၃၇
နာရေးကူညီမှု အသင်း ၏ ဖုန်းနံပါတ် နှင့် အီးမေး
၀၁- ၅၇၈၁၈၄ ၊ ၅၆၀၃၃၃ ၊ ၀၉၅- ၁၄၈၄၅၂၊ ၇၀၉၂၇၇၊ ၇၂၈၀၈၉
ffss.ygn@gmail.com
အသင်း အတွက် လိုအပ်နေ သောရန်ပုံငွေမှာ မြောက်ဒဂုံ သို့ အသင်းနေရာပြောင်းရွှေ့ ရာတွင် ဆောက်လုပ်မည့်အဆောက်အဦးများ ၊အသုံးပြု မည့် ရုံးလုပ်ငန်း အထွေထွေ အသုံးစရိတ် နှင့် သုခကုသိုလ်ဖြစ်ဆေးခန်း ဆောက်လုပ်ရန်အတွက် ဖြစ်ပါသည်။တက်နိုင်သမျှ ဝိုင်ဝန်း ပါဝင်လူဒါန်းကြပါ လို့ လေးစားစွာဖြင့် တိုက်တွန်း နိုးဆော် ပါတယ်ရှင့်....။
အဆင်ပြေလှူဒါန်း နိုင်ကြပါစေနော့..။
ခင်တဲ့
ငွန်ငယ်..။
ငွန်ငယ်..။
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment