ဂန်ဘာရီ ဆိုတာ...

*ဂန်ဘာရီ ဆိုတာ
ဒဏ်ရာတွေ ဗရပွ နှင့်
အစာ ငတ်နေ တဲ့
သားကောင်...။
*ရာဇဝင် နောက်ကြောင်း
ပြန်ပြောင်း လို့ ကြည့် ရင်
ကောင်းကွက် ဆိုတာ
သူမှာ မမြင်
အမြင် မတင့် စရာ
ရင်နင့် စရာ တွေချည်း...။
* စေစပ်ရေး အတွက်
UN ရွေးချယ်
မြန်မာပြည်သူ အတွက်ကွယ်
အလုပ်တစ်မျိုး
အပြောတစ်မျိုး
ဒီလူတော်တော်ဆိုး...။
*အလုပ်တွေကို
သူအကြောင်းပြ
ဒေါ်လာငွေ တွေ တော်တော်ရ
ဖွင့်မယ့် သူ့ ပါးစပ်
ပိတ်ကာ ပြန်လှည့်
နရဖ ရဲ့ ရည်မှန်းချက်...။
*ရောက်တဲ့ခါတိုင်း
အဆင်မပြေ ပြန်
စေ့စပ်ရေးဆိုတဲ့
သူ့အလုပ် မဟန်
အာဏာရှင်တို့ အလိုကျ
သူက ကပြရ.... ။
*ရုပ်သေးရုပ်လေး
ဂန်ဘာရီ......
ဇာတ်ဆရာအလိုကျ
ကတတ်သည်
ဇာတ်ဆရာကြီး
ဗိုလ်သန်းရွှေ
အရူးမီးဝိုင်းနေ...။
*သံဃာအရှင် ကို
သတ်တဲ့ကံ
များမကြာမီ
သူသာခံ.....။
*ခုချိန်ထိတော့
မခံရသေး
အကုသိုလ်ဟာ
သူ့အတွက်မဝေး
အဝီစိငရဲ ကျမည့်ဘေး ..။ ။
http://khinminzaw.blogspot.com/2008/08/blog-post_26.html#links
အစ်မ ခင်မင်းဇော် Blog မှ ဂန်ဘာရီ အကြောင်းအားဖတ်ရှု့ ၍ ခံစားရေးဖွဲ့ပါသည်။
များမကြာမီ
သူသာခံ.....။
*ခုချိန်ထိတော့
မခံရသေး
အကုသိုလ်ဟာ
သူ့အတွက်မဝေး
အဝီစိငရဲ ကျမည့်ဘေး ..။ ။
http://khinminzaw.blogspot.com/2008/08/blog-post_26.html#links
အစ်မ ခင်မင်းဇော် Blog မှ ဂန်ဘာရီ အကြောင်းအားဖတ်ရှု့ ၍ ခံစားရေးဖွဲ့ပါသည်။
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment