ချစ်သူ အတွက် ဒိုင်ယာယီ
ချစ်သူရေ..
ဝေးကွာခြင်းတွေက
ရင်ကိုနာကျင်စေတယ်လို့
မင်းတကယ် မသိလေရော့သလား။
အတူတူနေစဉ်တုန်းက
ဘာမှ မဟုတ်သလိုနဲ့ပဲ
ကုန်လွန်ခဲ့ရတဲ့နေ့တွေ
ခုချိန်ပြန်ပြီး နှမြောနေမိတယ်။
နုညံ့လှတဲ့ နှလုံးသားပေါ်
နင်းလျှောက်ကာ သွားတဲ့
မင်း ရဲ့.....
ခြေရာလေးတွေ ဖျက်မရအောင်
နစ်ထင်လိုကျန်ခဲ့ ပြီကွယ်။
ဖျောက်ဖျက်လို့ရမယ်ဆိုရင်တောင်
ဖျောက်ဖျက် မပြစ်ရက်ပဲ
ထာဝရ တစ်သက်တာ အတွက်
အမှတ်တရ သိမ်းထားပါရစေ။
နှစ်ယောက် အတူ
ခွဲခွာခဲ့တဲ့ နေ့မှစပြီး
အိပ်ပျက်ခဲ့ ရတဲ့ညတွေ
အသင်္ချေ အနန္တပေါ့။
ကိုယ် သေချာနားလည်သွားပြီ
ချစ်သူ.....
ကိုယ် မင်းကို သိပ်ချစ်သွားပြီ
သေချာတယ် ဘ၀မှာ မင်းမရှိလို့
ဘယ်လိုမှ မဖြစ်နိုင်တော့တာကိုပေါ့ ။
အရာရာ အားလုံးကို စွန့်လွှတ်ပြီး
မင်းနဲ့ အတူ ဘ၀တစ်လျှောက်
သာယာ ပျော်ရွှင်ချမ်းမြေ့စွာ
ချစ်နေခွင့်ပေးပါချစ်သူ။
ဒါ ဟာ ကိုယ့် အတွက်တော့
အလိုအပ်ဆုံးသော ဆန္ဒတစ်ခုပါကွာ
တစ်သက်မှာ အရမ်းချစ်ရ တဲ့
ချစ်သူလေး ကိုမှ...
ဘယ်ဝဍ်ကြွေး ဘယ်လိုအငြိုး ကြောင့်
ဝေးကွာစေခဲ့ ရတာလည်းပြောခဲ့ပါဦး
ချစ်သူ....
ပြန်ဆုံတွေ့ခွင့် ရခဲ့မယ်ဆိုရင်
နာကျင်စွာ ခွဲခွာ ခဲ့ရတဲ့အချိန်တွေကို
မေ့ပျောက်ပေးနိုင်မှာ ပါ ချစ်သူ။
ဒါတွေဟာ...
ရင်ရဲ့ နှစ်လုံးသား နဲ့ရင်းပြီး
မျက်ရည်တွေ နဲ့ ရေးလိုက် တဲ့
ချစ်သက်သေ..
ချစ်သူဖတ်ဖို့..
အလွမ်း ဒိုင်ယာယီ
တစ်ပုဒ်ပေါ့
ကိုယ့်ရင်ခွင်ထဲ ကို
အမြန်ပြန်လာခဲ့ပါတော့
ချစ်သူ............။ ။
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment