ကျွန်ုပ်တို့ (မီးအိမ်ရှင် ပရဟိတ လူငယ်များ အဖွဲ့) ပီနန် မှ လှူဒါန်းမှု့
မီးအိမ်ရှင် ပရဟိတ လူငယ်များ အဖွဲ့ ပီနန်
ကျွန်တော်တို့ အဖွဲ့ အနေနဲ့ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် ဒုက္ခသည်များ အား လှူဒါန်းရန် ဆန္ဒရှိခဲ့ပါသော်လည်းအကြောင်း အမျိုးမျိုးကြောင့် မလှူဖြစ်ခဲ့ ပါဘူး။ကျွန်တော်တို့ဟာ နိုင်ငံရပ်ခြားမှာ လာပြီးစီးပွားရှာအလုပ် လုပ်နေရပေမယ့် သူများတကာတွေလို ငွေရေးကြေးရေး အဆင်မပြေကြပါ။
ဒါပေမဲ့ လှူချင်တဲ့စိတ်တွေရဲ့လှုံ့ဆော် မှူ့ကြောင့်အလှူငွေတွေ ကောက်ခံရရှိခဲ့ပါတယ်။ တစ်ခြား အဖွဲ့အစည်း တွေလို ငွေကြေးအများကြီး မရရှိပေမဲ့လည်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် နှင့် လှူဒါန်းကြတာ ကိုတွေ့လိုက်ရတဲ့ အတွက် ၀မ်းသာပီတိ ဖြစ်ကြရပါတယ်။
နောက်လည်း ဆက်ပြီး လှူဒါန်းနိုင်အောင် ကြိုးစားကြမယ်လို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြပါတယ်။ နည်းသည်များသည် ဟာအဓိကမကြပါ လှူ ဒါန်းခြင်းသာလျှင် ပဓာန ပင်မဟုတ်ပါလား ခင်ဗျာ။

နာရေးကူညီမှူ့ အသင်းမှတဆင့် အလှူငွေ ၂၉၂၀၀၀ိ/ ကျပ်တိတိ ကို နာဂစ် မုန်တိုင်း ဒုက္ခသည်များအတွက် ပထမအကြိမ် လှူဒါန်းခဲ့ ပါတယ်။ဆက်လက်၍ လှူဒါန်းဦးမှာဖြစ်ပါတယ်။
လူငယ်များ အဖွဲ့ကိုယ်စား
ပြန်ကြားရေးတာဝန်ခံ
မိုးသွေးငယ်
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment