မြန်မာအစိုးရသစ်ဆိုပါလား.. (ရုပ်သံ)

ကျမ်းသစ္စာ ကျိန်ဆိုနေတဲ့ သမ္မတ ဆိုလားပဲ...

သမ္မတနှင့် ၀န်ကြီးများစာရင်း
AFP ရုပ်သံ..

၁။ ဦးသိန်းစိန် နိုင်ငံတော်သမ္မတ
၂။ သီဟသူရတင်အောင်မြင့်ဦး ဒုသမ္မတ
၃။ ဦးစိုင်းမောဝ်ခမ်း ဒုသမ္မတ
၎။ ဗိုလ်ချုပ်လှမင်း (၀န်ကြီး) ကာကွယ်ရေးဝန်ကြီးဌာန
၅။ ဒု-ဗိုလ်ချုပ်ကြီးကိုကို (။) ပြည်ထဲရေးဝန်ကြီးဌာန
၆။ ဗိုလ်ချုပ်သိန်းဌေး (။) နယ်စပ်ရေးရာဝန်ကြီးဌာနနှင့်မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန
၇။ ဦးဝဏ္ဏမောင်လွင် (။) နိုင်ငံခြားရေးဝန်ကြီးဌာန
၈။ ဦးကျော်ဆန်း (။) ပြန်ကြားရေးဝန်ကြီးဌာနနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
၉။ ဦးမြင့်လှိုင် (။) လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
၁၀။ ဦးဝင်းထွန်း (။) သစ်တောရေးရာဝန်ကြီးဌာန
၁၁။ ဦးလှထွန်း (။) ဘဏ္ဏာရေးနှင့်အခွန်ဝန်ကြီးဌာန
၁၂။ ဦးခင်မောင်မြင့် (။) ဆောက်လုပ်ရေးဝန်ကြီးဌာန
၁၃။ ဦးတင်နိုင်သိန်း (။) အမျိုးသားစီမံကိန်းနှင့်စီးပွါးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့်မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန
၁၄။ ဦးဝင်းမြင့် (။) စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
၁၅။ ဦးသိန်းထွန်း (။) ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန
၁၆။ ဦးအောင်ကြည် (။) အလုပ်သမားဝန်ကြီးဌာနနှင့်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
၁၇။ ဦးသိန်းထိုက် (။) သတ္ထုတွင်းဝန်ကြီးဌာန
၁၈။ ဦးအုန်းမြင့် (။) သမ၀ါယမ၀န်ကြီးဌာန
၁၉။ ဦးဥာဏ်ထွန်းအောင် (။) ပို့ဆောင်ရေးဝန်ကြီးဌာန
၂၀။ ဦးတင့်ဆန်း (။) ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့်အားကစားဝန်ကြီးဌာန
၂၁။ ဦးကျော်စွာခိုင် (။) အမှတ်(၁)စက်မှုဝန်ကြီးဌာန
၂၂။ ဦးစိုးသိန်း (။) အမှတ်(၂)စက်မှုဝန်ကြီးဌာန
၂၃။ ဦးအောင်မင်း (။) ရထားပို့ဆောင်ရေးဝန်ကြီးဌာန
၂၄။ ဦးသန်းဌေး (။) စွမ်းအင်ဝန်ကြီးဌာန
၂၅။ ဦးဇော်မင်း (။) အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
၂၆။ ဦးခင်မောင်စိုး (။) အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
၂၇။ ဒေါက်တာမြအေး (။) ပညာရေးဝန်ကြီးဌာန
၂၈။ ဒေါက်တာဖေသက်ခင် (။) ကျန်းမာရေးဝန်ကြီးဌာန
၂၉။ သူရဦးမြင့်မောင် (။) သာသနာရေးဝန်ကြီးဌာန
၃၀။ ဦးအေးမြင့် (။) သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
၃၁။ ဦးခင်ရီ (။) လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန
၃၂။ ဦးသိန်းညွန့် (။) သမ္မတရုံးဝန်ကြီးဌာန
၃၃။ ဦးစိုးမောင် (။) သမ္မတရုံးဝန်ကြီးဌာန
၃၄။ ဒေါက်တာထွန်းရှင် (ပြည်ထောင်စုရှေ့နေချုပ်) ပြည်ထောင်စုရှေ့နေချုပ်ရုံး
ညွှန်ကြားရေးမှုးချုပ် (အစိုးရရှေ့နေချုပ်ရုံး)

အစိုးရသစ်အမည်အား လာမည့် ဧပြီလ ၂ ရက်နေ့၌ ရုံးဖွင့်ပွဲနဲ့ အတူ ပြုလုပ်မည် ဖြစ်ကြောင်း သိရှိရပါတယ်...။
 ယခင် ရ.ယ.ကမှ ယခု ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဆိုပြီး ဂွင်အသစ်အတွက် ဆိုင်းဘုတ်များ ပြောင်းလဲ တပ်ဆင်လိုက်ပါပြီ.. မြန်မာပြည်မှာ ဆိုင်းဘုတ်ပြောင်းတာနဲ့ အားလုံးဖြစ်ပါတယ်..။
အားလုံးသိပြီးတဲ့ အတိုင်းပါပဲ ဒီပုတ်ထဲက ဒီပဲတွေပါပဲ.. ကုလားကြီးကနေ အရာကြီးပေါ့ဗျာ..
ချိတ်ထမီဝတ်တဲ့ တပ်ချုပ်ကြီးနဲ့အဖွဲ့မှ ချိတ်ထမီဝတ်တဲ့ ဖြတ်ချုပ်ကြီးနဲ့ အဖွဲ့ပေါ့ဗျာ.. ပါးပါးလေးပါ..။ ဒါပါပဲ....

ဒီမိုဝေယံ
ဆက်ဖတ်မယ်...

ယနေ့ ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပပြုလုပ်တဲ့ (၆၆)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနား (ကြေငြာချက်၊ ဓာတ်ပုံ၊ သတင်း)

ယနေ့နံနက်(၁၁)နာရီ အချိန်၌ ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်၌ (၆၆)နှစ်မြောက်ဖက်ဆစ်တော်လှန်ရေးနေ့အား ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒု)ဥက္ကဌဦးတင်ဦး၊ အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်၊ ဘဘဦးဝင်းတင်နှင့် အဖွဲ့ချုပ်မှCEC အဖွဲ့ဝင်များနှင့် အဖွဲ့ချုပ်အဖွဲ့ဝင်များ၊ နိုင်ငံတကာသံရုံးများမှ သံအမတ်များနှင့် သံတမန်ရေးရာဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ချီးမြှင့်ခဲ့ ကြပါသည်။ အခမ်းအနားကျင်းပရာ၌ သာဘာပတိအဖြစ် (ဒု)ဥက္ကဌဦးတင်ဦးမှ ဆောင်ရွက်ပြီး၊ အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်မှ ဖခင်ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်
ခဲ့သော တပ်မတော်အပေါ်၌ ယနေ့အချိန်အထိ ချစ်ခင်မြတ်နိုးဆဲပင်ဖြစ်ကြောင်း၊ ယခုတက်ရောက် ပေါ်ထွက်လာမည့် အစိုးရသစ်နှင့်လည်း အမျိုးသားရင်ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေး ပြောဆိုလိုပါကြောင်း၊ သဘာပတိအဖြစ် ဆောင်ရွက်သောဥက္ကဌဦးတင်ဦးမှ တချိန်တခါက မိမိသည်လည်း တပ်မတော်သားတစ်ဦး ဖြစ်ခဲ့ကြောင်း၊ တပ်မတော်ကို ယနေ့ထက်တိုင် သံယောဇဉ် ရှိနေသေးကြောင်း၊ မိမိတို့နှင့် လက်ရှိစစ်အစိုးရ တို့တွေ့ဆုံ ဆွေးနွေးညှိနှိုင်းရေးကို နွေေးထွးစွာ ဖိတ်ခေါ်ကြိုဆိုပါကြောင်း အသီးသီးပြောဆိုသွားခဲ့ကြပြီး အခမ်းအနားကို နေ့လည်(၁၂း၁၀)အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။ (၆၆)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေး နေ့အခမ်းအနားသို့ ကြွရောက်လာကြသော ဧည့်သည်တော်များ၊ အဖွဲ့ချုပ်ပါတီဝင်များအား အဖွဲ့ချုပ်လူငယ်များမှ တေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေပြီး၊ သီးစုံပဲကုလားဟင်း၊ ငါးခြောက်ထောင်းကြော် တို့ဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ကြောင်း သိရှိရပါသည်။

ဓာတ်ပုံ ... ဒီမိုဝေယံ
(၆၆)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့
ဆက်ဖတ်မယ်...

ငလျင်ဒဏ် ပြင်းပြင်းထန်ထန် ခံခဲ့ရတဲ့ တာလေမြို့မှ မြင်ကွင်းများ (ဓာတ်ပုံ)

ကျွမ်းကျင်တဲ့ ကယ်ဆယ်ရေးလုပ်သားတွေ၊ ခေတ်မှီတဲ့ ယန္တရားတွေ၊ လုံလောက်တဲ့ ဆေးရုံသုံး ပစ္စည်းတွေ၊ လိုအပ်တဲ့ အထောက်အပံ့တွေ မရရှိနိုင်တဲ့ အခြေအနေနဲ့ ဒုက္ခတွေကို ရင်ဆိုင်နေရတဲ့ ကျွန်တော်တို့ ပြည်သူတွေ အတွက် ရင်လေးမိပါတယ်...။
ကယ်ဆယ်ရေး လုပ်ဆောင်ရမယ့် နေရာတွေမှာ လိုအပ်တဲ့ Equipment တွေနဲ့ လုပ်ဆောင်ဖို့ အခြေအနေ မပေးနိုင်တော့ဘူးလား
သေဆုံးသွားသူ တစ်ဦး
လူမမယ် ကလေးငယ်နှစ်ဦးနဲ့ ဖခင်တစ်ဦးရဲ့အပူ
ကိုယ်ထူကိုယ်ထ လုပ်ကိုင်နေရတဲ့ အခြေအနေတွေ
ကွဲအက်သွားတဲ့ အက်ကွဲကြောင်းတွေကို တာချီလိတ်မြို့မှာ ပြန်လည် ပြုပြင်နေစဉ်
ဒဏ်ရာရရှိသွားတဲ့ ကလေးငယ် တစ်ဦး...
ဓာတ်ပုံ Getty Images, Reuters
ဆက်ဖတ်မယ်...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၆၆နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အကြိုဟောပြောပွဲ (၂၅.၀၃၂၀၁၁) (ဓာတ်ပုံ)

 
 
 
 
 
 
 
ဓာတ်ပုံ ဒီမိုဝေယံ
ဆက်ဖတ်မယ်...

မြန်မာ ထိုင်းနယ်စပ်မှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၆.၈ရှိတဲ့ မြေငလျင်ဒဏ်ကြောင့် မြန်မာဘက်အခြမ်း၌ ယခုလက်ရှိ သေဆုံးသူ (၇၄)ဦး နဲ့ ဒဏ်ရာရသူပေါင်း ၁၁၁ဦးရှိပြီ ဖြစ်ကြောင်းသိရှိရ... (ရုပ်သံ၊ဓာတ်ပုံ)

 တာလေမြို့မှ အပျက်အဆီးမြင်ကွင်း တစ်ချို့ (ဓာတ်ပုံ DVB) ရင်းမြစ် AP
 တာလေမြို့မှ အဝေးပြေးလမ်းမကြီး ကွဲထွက်သွားတဲ့ မြင်ကွင်း
 တာလေမြို့မှ ပြိုကျသွားတဲ့ အဆောက်အဦး တစ်ခုမြင်ကွင်း (ဓာတ်ပုံ Reuters)
မနေ့က ထိုင်း၊မြန်မာ နယ်စပ်မှာ လှုပ်ခတ်ခဲတဲ့ ၆.၈ ပြင်းအား မြေငလျင် လှုပ်ခတ်မှုကြောင့် တာချီလိတ်မြို့အပါအဝင် ထိုင်းနိုင်ငံချင်းရိုင်ခရိုင်၊ ဘန်ကောက်မြို့နဲ့ ဗီယက်နမ်နိုင်ငံ ဟနှိုင်းမြို့အထိ ငလျင်ဒဏ်ကို ခံစားခဲ့ရပါတယ်..။
ယနေ့မြန်မာစစ်အစိုးရ သတင်းဋ္ဌာနရဲ့ ကြေငြာချက်အရ သေဆုံးသူ ၇၄ဦး ဒဏ်ရာရသူ ၁၁၁ဦး ရှိနေပြီလို့ ဆိုပါတယ်..။ လူနေအိမ်ခြေ ၃၉၀၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်းနဲ့ အစိုးရ အဆောက်အဦး ၉လုံး ပျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်..။ ယခုလက်ရှိ နောက်ဆုံး ကြေငြာခဲ့တဲ့ သတင်းပါ စာရင်းဖြစ်ပါတယ်..။ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ ဋ္ဌာနေကိုယ်စားလှယ် အရာရှိတစ်ဦးရဲ့ အဆိုအရ တာချီလိတ်မြို့ရဲ့ ၅မိုင်ခန့်အကွာ Mong Lin village (မိုင်းလင်း) မှာ သေဆုံးထိခိုက်မှုနဲ့ အပျက်အဆီး အထူးများပြားတယ်လို့ ဆိုပါတယ်..။ မြန်မာစစ်အစိုးရရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ အဆိုပါဒေသ၌ သေဆုံးသူ ၂၉ဦးနဲ့ ဒဏ်ရာရရှိသူ ၁၆ဦးရှိတယ်လို့ ဆိုပါတယ်..။ နောက်ထပ် စစ်အစိုးရ အာဘော် မြန်မာ့အလင်းသတင်းစာမှာတော့ တာလေမြို့မှာ ၁၁ဦးသေဆုံးပြီး ၂၉ဦးဒဏ်ရာရရှိတယ်လို့ ဆိုပါတယ်..။ ကုလသမဂ္ဂအရာရှိတစ်ဦးရဲ့ အဆိုအရ အဆိုပါမြို့မှ ဆေးရုံ တစ်စိတ်တစ်ပိုင်း ပျက်ဆီးသွားပြီး မြို့ကို ဆက်သွယ်ထားတဲ့ တံတားတစ်ခုလည်း ပျက်ဆီးသွားတဲ့ အတွက် ကယ်ဆယ် ထောက်ပံ့ရေးအတွက် အခက်အခဲတွေ ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်..။
 (The Star သတင်းဋ္ဌာနပါ သတင်းအား အကျဉ်းချုပ် ပြန်ဆိုပါသည်...။ ဒီမိုဝေယံ..)
ဗီဒီယို ဖော်ပြခွင့် ပြုတဲ့ ကိုနစ်အားကျေးဇူးတင်ပါတယ်..
ယနေ့ နအဖါ (တစ်မျိုးတော့ မထင်ပါနဲ့ သတင်းမှန်တွေကို ဖယ်ဖျောက်ပြီး ဖါထေးနေတဲ့) သတင်းစာ ပါသတင်း..။ သတင်းကို အမှန်အတိုင်း အမြန်ဆုံး ထုတ်ပြန်ပေးနိုင်မှ ဒုက္ခရောက်နေတဲ့ ကျွန်တော်တို့ ပြည်သူပြည်သားတွေအတွက် နိုင်ငံတကာမှ အကူအညီတွေ အမြန်ဆုံး ပေးအပ်နိုင်မှာ ဖြစ်ပါတယ်..။
သြစတြေးလျ သတင်းဋ္ဌာနကထုတ်လွှင့် သွားတဲ့ မြန်မာနဲ့ ထိုင်းနယ်စပ်မှာလှုပ်ခတ်ခဲ့တဲ့ငလျင်.. ၊ လစ်ဗျားနဲ့ဆီးရီယားသတင်း (ရုပ်သံ)
ဆက်ဖတ်မယ်...

စစ်တွေတွင် ၂၁ ရာစု ပင်လုံသို့ ငြိမ်းချမ်းရေး ပိုစတာများကပ်

နိရဉ္စရာ | ရခိုင်ပြည် မြို့တော် စစ်တွေတွင် ယနေ့နံနက်က ၂၁ ရာစု ပင်လုံသို့ ငြိမ်းချမ်းရေး ပိုစတာများကို နေရာ အနှံ့အပြားတွင် ကပ်၍ တွေ့ကြရကြောင်း မြို့ခံများက ပြောသည်။

အမည်မဖေါ်လိုသူ အမျိုးသမီး တစ်ဦးက " မနက် ၆ နာရီ မိုးလင်းတာနဲ့ ပိုစတာတွေကို တွေ့ရပါတယ်။ အစပိုင်းတော့ အစိုးရက ကပ်တဲ့ ပိုစတာလို့ ထင်ခဲ့ပါတယ်။ ရဲတွေက လိုက်ခွာ နေတာကို တွေ့ရမှ ဒီပိုစတာ တွေဟာ ဒီမိုရေစီ အရေး လူပ်ရှားနေသူတွေက ကပ်သွားတယ်ဆိုတာကို သဘောပေါက်ကြပါတယ်။ ဒါပေမယ့် ဘယ်သူတွေ ကပ်သွားတယ်ဆိုတာတော့ မသိပါဘူး" ဟု ပြောသည်။

အဆိုပါ ပိုစတာထဲတွင် အပေါ်ပိုင်းတွင် ပြည်ထောင်စု စိတ်ဓါတ်ဖြင့် ဟု ပါရှိပြီး အလယ်တွင် တိုင်းရင်းသား လူမျိုး ၈ မျိုးက လက်ချင်းချိတ်ပြီး မြန်မာ့ လွတ်လပ်ရေး ကျောက်တိုင်ကို ၀ိုင်းရံထားကာ အောက်တွင် ငြိမ်းချမ်းရေးကို တည်ဆောက် ကြပါစို့ဟု ပါရှိသည်။ ပိုစတာ၏ အောက်ဆုံးတွင် ၂၁ ရာစုပင်လုံသို့ ဟု ပါရှိကြောင်း သိရသည်။

တခြား လူငယ် တစ်ဦးကလည်း " ကျောင်းဆိုင်းဘုတ်တွေနဲ့ အစိုးရ ဌာနဆိုင်ရာ ဆိုင်းဘုတ်တွေ မှာလည်း ကပ်ထားတာကို တွေ့ရပါတယ်။ စစ်တွေ တမြှို့လုံးမှာ ကပ်ထားတာကို တွေ့ရပါတယ်။ ပိုစတာလေးက ထူးထူးခြားခြား ဖြစ်နေတာ့ လူတွေက စိတ်ဝင် တစား ကြည့်ကြပါတယ်။ မနက် ၈ နာရီမှာတော့ ရဲတွေက မော်တော် ဆိုင်ကယ်တွေနဲ့ လာပြီး ကပ်ထားတဲ့ ပိုစတာတွေကို ခွာပြီး သိမ်းယူသွားပါတယ်" ဟု ပြောသည်။

အဆိုပါ ပိုစတာ ကပ်မူကြောင့် ဖမ်းဆီးမူများ၊ မေးမြန်းမူများ ယခုအချိန်ထိ မရှိသေးကြောင်းနှင့် အခြေအနေမှာ ပုံမှန် အနေအထား အတိုင်းပင် ရှိနေကြောင်း သူက ပြောသည်။

သို့သော်လည်း ပိုစတာတွင် ငြိမ်းချမ်းရေးနှင့် ၂၁ ရာစုပင်လုံဟူ သော စာသားများ ပါဝင်သဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များကို သံသယ ဖြစ်နိုင်ကြောင်း သုံးသပ်သူများက ပြောသည်။

source by : နိရဉ္စရာ
ဆက်ဖတ်မယ်...

ဦးသိန်းစိန်ကို ဧပြီတွင် အာဏာ လွှဲပေးဖွယ်ရှိ

မျိုးသန့် | ချင်းမိုင် (မဇ္ဈိမ) ။ ။ သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သော နအဖ စစ်အစိုးရက ဧပြီလ ပထမပတ်တွင် အာဏာ လွှဲပေးဖွယ် ရှိကြောင်း ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော် တို့တွင် တက်ရောက် နေသည့် လွှတ်တော် အမတ်များက ပြောသည်။

“မတ်လ ၃၁ ရက်နေ့ဆို ဘဏ္ဍာရေးနှစ်က ကုန်ပြီ၊ အစိုးရသစ်ကတော့ ဌာနဆိုင်ရာတွေမှာ တခုခု အပြောင်းအလဲဆိုရင် ဘဏ္ဍာရေး နှစ်အစမှာ လုပ်ကြမှာပဲလေ၊ အဲဒီလောက်မှာ ဖြစ်လိမ့်မယ်ထင်တယ်” ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီမှ အမတ် ဒေါ်ခင်ဝိုင်းကြည်က ပြောသည်။

မြန်မာနိုငံ၏ ဘဏ္ဍာရေး နှစ်သည် နှစ်စဉ် မတ်လ ၃၁ ရက်နေ့တွင်ကုန်ဆုံးပြီး ဧပြီလ ၁ ရက်နေ့တွင် စတင်သည်။ မဇ္ဈိမက လိုက်လံမေးမြန်းသော အခြားအမတ် ၄ လေးဦးကလည်း ဧပြီလဆန်း အာဏာလွှဲပြောင်းမှု ဖြစ်လာလိမ့်မည်ဟု မျှော်လင့် ထားသည်။

လက်ရှိ ဝန်ကြီးချုပ်ဖြစ်သူ အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးသိန်းစိန်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ခေါင်းဆောင်လည်း ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လူယုံတဦးလည်း ဖြစ်သည်။ စစ်ခေါင်းဆောင် အများစု အတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ထွန်း နေသော လာဒ်စားမှု နာမည်ဆိုးမှ ကင်းလွတ်သူ တဦးဖြစ်သော ဦးသိန်းစိန်၏ အစိုးရ အဖွဲ့တွင် ဝန်ကြီး ဌာန ၃၄ နေရာရှိပြီး ဝန်ကြီး ၃ဝ ဦး ပါဝင်သည်။

ထိုစဉ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကာကွယ်ရေး ဦးစီးချုပ် အဖြစ် နောက်ဆုံး တက်ရောက် ဂုဏ်ပြုခံသော မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် ၆၆ နှစ်မြောက် တပ်မတော် အခမ်းအနားကို နှစ်စဉ် နှစ်တိုင်း ကျင်းပသလို တခမ်းတနား မဟုတ်ဘဲ အဆောက်အဦ ထဲတွင်သာ အခမ်းအနားကို အကျဉ်းချုံး ပြုလုပ် သွားဖွယ် ရှိသည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

နေပြည်တော်တွင် ရောက်ရှိနေသော လွှတ်တော်အမတ်များကို တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခြင်း မရှိသေးဟုလည်း အမတ်များက ပြောသည်။

ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့် ပြည်ထောင်စုနေ့ ညစာစားပွဲသို့ လွှတ်တော်အမတ်များ တက်ရောက်ခွင့် ရခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အမတ်များကို လိုက်လံနှုတ်ဆက်ခဲ့သည်။

တနင်္လာနေ့က ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးများတွင် ဒေါက်တာမြတ်ဥာဏစိုး၏ သွင်းကုန် ထုတ်ကုန်များတွင် အခွန်လျော့ပေါ့ ကောက်ခံပေးရန် မေးခွန်းကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးလှထွန်းက ပြန်လည် ဖြေကြားရာတွင် ယခုကောက်ခံနေသည့် အခွန်နှုန်းများသည် အရှေ့တောင် အာရှနိုင်ငံများတွင် ကောက်ခံမှုနှုန်း အနည်းဆုံးဖြစ်ပြီး ထိုဝင်ငွေများမှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်နိုင်သဖြင့် လောလောဆယ် အခြေအနေတွင် မဖြစ်နိုင်သေးကြောင်း ပြန်လည် ဖြေကြားသည်။

အမျိုးသားလွှတ်တော်၏ တသီးပုဂ္ဂလ ကိုယ်စားလှယ် တဦးဖြစ်သူ ဦးစုခုန်တိန့်ယိမ်း၏ ကချင်ပြည်နယ်အတွင်း အစိုးရ၏ စီမံကိန်း များကြောင့် ဒေသခံ ပြည်သူများ နေအိမ်များ ရွှေ့ပြောင်းပေးရခြင်းအတွက် ပြန်လည် နေရာချထားပေးရေးကို စီစဉ်ထားသည့် အခြေအနေကို မေးမြန်သည်။

ထိုမေးခွန်းကို စွမ်းအင် ဝန်ကြီး ဦးဇော်မင်းက ပြန်လည် ဖြေကြားရာတွင် နောက်လာမည့် စီမံကိန်းများ အတွက် စီစဉ် ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။

ထို့အပြင် ချင်းပြည်နယ်မှ ဦးဇုန်လှယ်ထျန်း၏ ချင်းပြည်နယ်အတွင်း ပင်မလျှပ်စစ် စက်ရုံတည်ဆောက်ပြီး လျှပ်စစ် ဓာတ်အားပေး ဖြန့်ဖြူးပေးရေး မေးခွန်းကို ဦးဇော်မင်းက လျှပ်စစ်ဓာတ်အားသည် လောလောဆယ်တွင် လုံလောက်မှု ရှိနေခြင်းကြောင့် ဆောက်ရွက်ပေးရန် မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

အမျိုးသား လွှတ်တော် အင်္ဂါနေ့ အစည်းအဝေးတွင် ချင်းပြည်နယ် အတွင်းရှိ ဘုံတလာ ရေတံခွန်ကို ရေအား လျှပ်စစ်စက်ရုံ တည်ဆောက်ရန် အဆိုကို ဆွေးနွေးရန် ရှိသည်။ ထိုအဆိုကို ချင်းပြည်နယ်မှ ဦးပေါ်လျှံလွင်က တင်သွင်းပြီး ဦးဘုန်းမြင့်အောင်က ထောက်ခံသည်။

အလားတူ တနင်္လာနေ့ ပြည်သူ့ လွှတ်တော်တွင် ပညာရေးနှင့် ပတ်သက်သည့် မေးခွန်း ၃ ခု၊ နယ်စပ်လုံခြုံရေးနှင့် ပတ်သက်သည့် မေးခွန်း ၂ ခုကို မေးမြန်းခဲ့ကြသည်ဟု ပြည်သူ့ လွှတ်တော် အမတ် ဒေါ်တင်နွယ်ဦးက ပြောသည်။

ပြည်သူ့ လွှတ်တော် အတွင်း အဆို တင်သွင်းမှုတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဦးမောင်ညို၏ လျှပ်စစ် ဓာတ်အား သုံးစွဲခွင့် အမျိုးမျိုး ဖြစ်နေခြင်းကို ပုံသေ သတ်မှတ် ပေးရန် ဆွေးနွေးမှုကို လျှပ်စစ်ဝန်ကြီး ဦးခင်မောင်မြင့်က ပြန်လည် ဖြေကြားရာတွင် မြန်မာ တပြည်လုံးတွင် အချို့နေရာများတွင် ဒီဇယ်ဖြင့် စက်ရုံ လည်ပတ် နေရမှု၊ ရေအားမှ လျှပ်စစ် ရနိုင်မှု စသည်များကြောင့် လျှပ်စစ် သုံးစွဲခ ကောက်ခံမှု မတူနိုင်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

အင်္ဂါနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ကြံ့ဖွံ့ပါတီမှ လွှတ်တော် အမတ်များ ဖြစ်သည့် ဒေါက်တာ ပွင့်ဆန်း၏ လူမှုဖွံ့ဖြိုးရေး ဥပဒေသစ် ပြဋ္ဌာန်း ပေးရန် အဆိုနှင့် ဦးတင်မောင်ဝင်း၏ အလုပ်သမားများ လုပ်ငန်းခွင် လုံခြုံရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး ပေးရေး အဆိုတို့ကို ဆွေးနွေးရန်ရှိသည်။

source by : မဇ္ဈိမ
ဆက်ဖတ်မယ်...

ရာဇမဏိစူဠာ ကောင်းမှုတော် စေတီတော်ကြီး၊ သာလွန်မင်းတရားကြီးနှင့် ခေတ်သစ်သာလွန်ဖျင်း (၂) (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

Different Between Thar Lon & Thar Lon Pyin

<a href="http://www.scribd.com/doc/51164377/သာလွန်မင်းတရားကြီးနှင့်  ခေတ်သစ်သာလွန်ဖျင်း (၂)" style="display: block; font: 14px Helvetica,Arial,Sans-serif; margin: 12px auto 6px; text-decoration: underline;" title="View Different Between Thar Lon Min &amp; Thar Lon Pyin on Scribd">Different Between Thar Lon &amp; Thar Lon Pyin</a><iframe class="scribd_iframe_embed" data-aspect-ratio="0.772727272727273" data-auto-height="true" frameborder="0" height="600" id="doc_18345" scrolling="no" src="http://www.scribd.com/embeds/51164377/content?start_page=1&amp;view_mode=list&amp;access_key=key-ouormd7cg3i4u2m3iar" width="100%"></iframe><script type="text/javascript">
(function() { var scribd = document.createElement("script"); scribd.type = "text/javascript"; scribd.async = true; scribd.src = "/javascripts/embed_code/inject.js?1300479309"; var s = document.getElementsByTagName("script")[0]; s.parentNode.insertBefore(scribd, s); })();
</script></div>
ဆက်ဖတ်မယ်...

ရာဇမဏိစူဠာ ကောင်းမှုတော် စေတီတော်ကြီးနှင့် (စူဏာမိ) ဆူနာမီ.. (ဒေါက်တာလှိုင်မြင့်)

ဓာတ်ပုံ ချစ်ကြည်အေး ဘလော့(ဂ်)
http://www.chitkyiaye.com/
Tsunami Dr.hlaing Myintဒေါက်တာလှိုင်မြင့်ရဲ့ Sanction ဆောင်းပါးတွေ ပြန်ဖတ်ချင်ရင်..
ကျွန်တော်ပြောချင်တဲ့ Sanction အကြောင်း နိဂုံးပိုင်း (ရေးသားသူ ဒေါက်တာလှိုင်မြင့်)
ကျွန်တော်ပြောချင်တဲ့ Sanction အကြောင်း (ရေးသားသူ ဒေါက်တာလှိုင်မြင့်)
ဆက်ဖတ်မယ်...

ကဒါဖီတပ်ဖွဲ့များကို နိုင်ငံတကာတပ်များက စတင် တိုက်ခိုက် (သတင်း၊ ရုပ်သံ)

 
ကနေဒါ F18 Hornet fighters တိုက်လေယာဉ်များ Trapani Birgi လေတပ်အခြေဆိုက် စခန်းသို့ ရောက်ရှိလာစဉ်.. (ဓာတ်ပုံများ Getty images)
ကဒါဖီတပ်ဖွဲ့များကို နိုင်ငံတကာတပ်များက စတင် တိုက်ခိုက်
မြင့်လှိုင် ။ မတ်လ ၁၉ ရက်၊ ၂၀၁၁

လစ်ဗျားခေါင်းဆောင် ကဒါဖီရဲ့ လေကြောင်းရန်ကာကွယ်ရေး အမြောက်တပ်စခန်းများ၊ လေတပ်စခန်းများကို နိုင်ငံတကာတပ်များက စတင် တိုက်ခိုက်ကြောင်း ၂၀၁၁ မတ်လ ၁၉ ရက်နေ့ အမေရိကန် အရှေ့ပိုင်းစံတော်ချိန် ညနေ ၃ နာရီမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ထို တိုက်ပွဲမှာ ပြင်သစ်တိုက်လေယာဉ် အစီး ၂၀ က ကဒါဖီလေတပ် အခြေစိုက်စခန်းများကို အမေရိကန်ပြည်ထောင်စု အရှေ့ပိုင်းစံတော်ချိန် မနက် ၁၁ နာရီမှာ လေးကြိမ် တိုက်ခိုက်ခဲ့ပြီး ဗြိတိန်နဲ့ အမေရိကန်တပ်ဖွဲ့များက ဒုံးကျည်ပေါင်း ၁၁၂ ခုနဲ့ ကဒါဖီရဲ့ လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်စခန်းများကို တိုက်ခိုက်ခဲ့ပါတယ်။

ထို တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘရာဇီးနိုင်ငံတွင် ရောက်ရှိနေတဲ့ အမေရိကန်သမတ ဘာရတ်အိုဘားမားနဲ့ ပြင်သစ်နိုင်ငံရောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန်တို့ကလည်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ အမေရိကန်သမတ အိုဘားမားက “စစ်ရေးအရ အရေးယူမှုဟာ ပထဆုံး ရွေးချယ်မှု မဟုတ်ကြောင်း၊ ဒီ တိုက်ပွဲကို အမေရိကန်တွေ ဦးဆောင်တာ မဟုတ်ကြောင်း၊ အမေရိကန် စစ်တပ်တွေအနေနဲ့ လစ်ဗျားမြေပြင်ကို ၀င်ရောက်မှာ မဟုတ်ကြောင်း၊“ ပြောကြားလိုက်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန်နဲ့ နိုင်ငံတကာခေါင်းဆောင်များကတော့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ လစ်ဗျားအရေး ဆွေးနွေးနေကြပါတယ်။

ကဒါဖီတပ်ဖွဲ့များအား တိုက်ခိုက်ခြင်းနဲ့ ပတ်သက်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ “ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၉၇၃ အရ လစ်ဗျားပြည်သူများကို သူတို့ရဲ့ အုပ်ချုပ်သူအန္တရာယ်မှ အကာအကွယ်ပေးနိုင်ရန် မဟာမိတ်တပ်များက Operation Odyssey Dawn ကို စတင်လိုက်ကြောင်း၊ မဟာမိတ်တပ်များရဲ့ ရည်ရွယ်ချက်ကတော့ လစ်ဗျားပြည်သူများကို အာဏာရှင်ရဲ့ နောက်ထပ်တိုက်ခိုက်မှုက အကာအကွယ်ပေးရန် ဖြစ်ကြောင်း၊ လေယာဉ် မပျံသန်းရဇုံ ကုလ ဆုံးဖြတ်ချက်ကို ကဒါဖီအနေနဲ့ လိုက်နာအောင် မိုမာ ကဒါဖီရဲ့တပ်ဖွဲ့များရဲ့ စွမ်းရည်ကို လျော့ချခြင်း ဖြစ်ကြောင်း“ ဖော်ပြထားပါတယ်။ ထို့အပြင် ဒီ စစ်ဆင်ရေးကို စစ်ရေယာဉ် ယူအက်စ်အက်စ် မောင့် ၀တ်တနီ (USS Mount Whitney) တွင် စခန်းချနေတဲ့ အမေရိကန်ရေတပ် ဥရောပနဲ့ အာဖရိက စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး ဆန်မြူရယ် ဂျေ လော့က်လီယာ (Adm. Samuel J. Locklear) က ဦးဆောင်ကြောင်း၊ ထို ရေတပ်အုပ်စုတွင် အီတလီ၊ ကနေဒါ၊ ယူနိုက်တက် ကင်းဒန်းနဲ့ ပြင်သစ်က ရေတပ်သင်္ဘောတွေ ပါဝင်ကြောင်း ဖော်ပြထားပါတယ်။ သီးခြားသတင်းများအရ စပိန်နဲ့ အာရပ်စော်ဘွားများနိုင်ငံများလည်း မဟာမိတ်တပ်ဖွဲ့များတွင် ပါဝင်ကြောင်း၊ စစ်ဆင်ရေးကာလနောက်ပိုင်းမှာ ကာတာနဲ့ အာရပ်စော်ဘွားများနိုင်ငံက လေတပ်များ ပါဝင်လာနိုင်ကြောင်း သိရပါတယ်။
မဟာမိတ်တပ်ဖွဲ့များရဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကဒါဖီ ပြောခွင့်ရပုဂ္ဂိုလ်က “လစ်ဗျားကို အခုလို တိုက်ခိုက်ဖို့ အခွင့် မရှိကြောင်း၊ လစ်ဗျားပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်တာဖြစ်ကြောင်း“ တုန့်ပြန် ပြောဆိုလိုက်ပါတယ်။ ထို့အပြင် မဟာမိတ်တပ်များရဲ့ တိုက်ခိုက်မှုဟာ ပြည်သူအများကို ထိခိုက်ကြောင်း၊ ကဒါဖီတပ်ဖွဲ့များအနေနဲ့ နောက်ဆုံးအခြေအနေအထိ တုန့်ပြန် တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း၊ မပျံသန်းရဇုံကိစ္စ ကုလလေ့လာသူ စေလွှတ်နိုင်ကြောင်း ပြောကြားပါတယ်။ မတ်လ ၁၉ ရက် ညပိုင်းမှာ လစ်ဗျားအာဏာရှင် မူမာ ကဒါဖီက ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံ အစိုးရတွေဆီ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ဟာ တရားမ၀င်ကြောင်း စာ ပေးပို့လိုက်သလို ရုပ်သံကလည်း မူဆလင်နိုင်ငံများအနေနဲ့ သူ့ဘက်က တိုက်ခိုက်ပေးကြဖို့ ပြောကြားခဲ့ပါတယ်။

လစ်ဗျားခေါင်းဆောင် ကဒါဖီဟာ လစ်ဗျားဘုရင် အစ်ဒ်ရစ် (Idis) ဆီက ၁၉၆၉ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့မှာ သွေးထွက်သံယို မရှိဘဲ အာဏာသိမ်းခဲ့သူ ဖြစ်ပြီး ဒီကနေ့အထိ လစ်ဗျားကို အုပ်ချုပ်နေသူ ဖြစ်ပါတယ်။ လစ်ဗျားပြည်သူများဟာ ဖေဖော်ဝါရီလအတွင်းက လွတ်မြောက်ရေး ဆန္ဒပြပွဲများ ပြုလုပ်ပြီး ကဒါဖီကို အာခံခဲ့ပါတယ်။ ထို့နောက်မှာ ကဒါဖီကို တော်လှန်သူများဟာ လစ်ဗျားအရှေ့ပိုင်းက ဘန်ဂါဇီကို သိမ်းပိုက်လိုက်ပြီး တမြို့ပြီးတမြို့ သိမ်းပိုက်ခဲ့ရာ လစ်ဗျားမြို့တော် ထရီပိုလီအနီးကို ရောက်လာခဲ့ပါတယ်။ အဲဒီနောက် မတ်လ ၄ ရက်နေ့က စတင်ပြီး ကဒါဖီရဲ့တပ်ဖွဲ့များက ကဒါဖီအား တော်လှန်သူများကို ပြန်လည် တိုက်ခိုက်ခဲ့ရာ နိုင်ငံအရှေ့ပိုင်း ဘန်ဂါဇီမြို့အနီးအထိ ရောက်ရှိခဲ့ပါတယ်။

တကယ်တော့ ကဒါဖီအား တော်လှန်သူများဟာ အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ လစ်ဗျားပြည်သူများ ဖြစ်တဲ့အတွက် ကဒါဖီဟာ လစ်ဗျားပြည်သူတွေကို ဗုံးကြဲ သတ်ဖြတ်တဲ့ လစ်ဗျားအာဏာရှင်တဦး ဖြစ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လစ်ဗျားပြည်သူများကို ကာကွယ်ရန် ကုလ လုံခြုံရေးကောင်စီက ကဒါဖီလေတပ် မပျံသန်းရဇုံ ကန့်သတ်ချက်၊ နိုင်ငံတကာအနေနဲ့ လိုအပ်တဲ့ လုပ်ဆောင်မှုများ လုပ်ဆောင်ကာ လစ်ဗျားပြည်သူများအား အကာအကွယ်ပေးရန် ဆုံးဖြတ်ချက် (လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၉၇၃) ကို ၂၀၁၁ မတ်လ ၁၇ ရက်နေ့ နယူးယောက်စံတော်ချိန် ညနေပိုင်းမှာ ချမှတ်လိုက်ပါတယ်။ ထိုသို့ ချမှတ်ပြီးနောက် ကဒါဖီက အပစ်အခတ်ရပ်စဲရေး ကြေညာချက်ကို မတ်လ ၁၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ထိုသို့ အပစ်အခတ် ရပ်စဲရေး ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း ကဒါဖီတပ်များက လစ်ဗျားပြည်သူများကို ဆက်လက် ပစ်ခတ် သတ်ဖြတ်နေခဲ့တဲ့အတွက် မတ်လ ၁၉ ရက်နေ့မှာ မဟာမိတ်တပ်များက ကဒါဖီရဲ့ ရုရှားလုပ် အက်စ် ၂၀၀ အမျိုးအစား မြေပြင်က ဝေဟင်ပစ် ဒုံးကျည် တပ်စခန်းများကို တိုမဟော့ဒုံးကျည်များနဲ့ ပစ်ခတ်ခဲ့သလို လေတပ်စခန်းများကိုလည်း ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အခြား မြေပြင်က ဝေဟင်ပစ် ဒုံးကျည်စခန်းများကို တိုက်ခိုက်မှာ ဖြစ်သလို ကဒါဖီလေတပ် လေယာဉ်များ ပျံမတက်နိုင်အောင် လေယာဉ်ကွင်းများကိုလည်း တိုက်ခိုက်မှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အာရပ်လေတပ်ဖွဲ့များ အပါအ၀င် မဟာမိတ် ဂျက်လေယာဉ်များ လစ်ဗျားဝေဟင်မှာ ပျံသန်းကြပြီး လေယာဉ် မပျံသန်းရဇုံ သတ်မှတ်ချက်ကို ကဒါဖီ လိုက်နာအောင် စောင့်ကြပ်ကြမှာ ဖြစ်ကြောင်း သိရပါတယ်။ ကဒါဖီလေယာဉ်များအား မပျံသန်းရဇုံ သတ်မှတ်ရတာကတော့ ကဒါဖီဟာ လေယာဉ်များကို အသုံးပြုကာ လစ်ဗျားပြည်သူများကို တိုက်ခိုက်တဲ့အတွက် ဖြစ်ပါတယ်။

ဓါတ်ပုံ - အမေရိကန်ရေတပ်
(သတင်းရင်းမြစ် - ယနေ့မြန်မာ)
ဆက်ဖတ်မယ်...

မြန်မာ့တပ်မတော် နှင့် လှိုင်သာယာလုပ် အဏုမြူဓါတ်ပေါင်းဖို




မြန်မာ့တပ်မတော်နှင့် လှိုင်သာယာလုပ် အဏုမြူဓါတ်ပေါင်းဖို... (VOA အသံဖိုင်)
တပ်မှူးတပ်သား ပြောစကား (၀၅၂)
(VOA)အသံဖိုင် ဒေါင်းလုပ်လုပ်ချင်ရင်
http://www.mediafire.com/file/03kp8ihb1ch8a9u/03_19_11_soldiers_talk052.Mp3မြန်မာ့တပ်မတော် နှင့် လှိုင်သာယာလုပ် အဏုမြူဓါတ်ပေါင်းဖို (VOA)
ဆက်ဖတ်မယ်...

အမှောင်လှိုင်းထဲက သူရဲကောင်းတို့တိုင်းပြည် စာအုပ် AAPP တွင်မှာယူနိုင်ပြီ

အမှောင် လှိုင်းထဲက သူရဲကောင်းတို့ တိုင်းပြည် စီစဉ် သူတို့ စကား
ထောင်ဆိုသည် နေရာကောင်း မဟုတ်၊ လူကောင်း သူကောင်း များကို ကာကွယ် စောင့်ရှောက်ရန် လူဆိုး သူဆိုး တို့ကို ဖမ်းဆီး ထိမ်းသိမ်း ထားသည့် နေရာဖြစ်သည်၊ မကောင်း သူတို့အား လှောင်ပိတ် ထားသည့် နေရာဟုလည်း ဆိုနိုင်သည်၊ ပြုပြင်ရန် အလို့ငှာဟု ရည်ရွယ်ချက် ကောင်းထား သော်လည်း ထောင်သည် နှစ်သက်စရာ ဖြစ်မလာခဲ့ပါ၊ သို့သော်လည်း လူ့အဖွဲ့ အစည်းတခုကို စနစ်တကျ တည်ထောင် စီမံခန့်ခွဲရာတွင် ထောင်သည် ဖယ်ထုတ် မရသော အုပ်ချုပ်ရေး ယန္တရား၏ အစိတ်အပိုင်း တရပ်ဖြစ်လာခဲ့သည်၊ ထို့အတူ မိမိတို့ကို မော်လို့မှ မကြည့်ဝံ့၊ စကားတခွန်းမှ ခွန်းတုန့် မပြန်ဝံ့ စေရန် လူအများအား ဗိုလ်ကျ ဖိနှိပ်ရာတွင်လည်း မတရား စိုမိုး အုပ်ချုပ် သူတို့ အတွက် ထောင်သည် လက်နက်ကောင်း တခု ဖြစ်လာ ခဲ့ပြန်သည်၊ ထောင်ကျ ရခြင်းသည် မင်္ဂလာ ရှိသော ကိစ္စ မဟုတ်ပါ၊ ထောင်တွင်းမှာ နေရထိုင်ရသော ဘဝသည်လည်း ကြမ်းတမ်း ဆိုးဝါး လွန်းပါသည်၊ ထောင်တွင်းမှာ ဘဝပျက်သွား သူတွေ ရှိသည်၊ အသက် ပျောက်သွား သူတွေ ရှိသည်၊ ထောင်ထွက် ဆိုသူတို့ သည်လည်း ရပ်ထဲ ရွာထဲတွင် ပေါင်းအပ် သင်းအပ်သော သူများမဟုတ်ပါ၊ သို့သော် ယနေ့လို စစ်အာဏာရှင် ကြီးစိုးသည့် ခေတ်ဆိုးကြီး တခုထဲတွင်မူ လူကောင်း သူကောင်း စစ်မစစ် သက်သေ ခံနိုင်ရန် ထောင်ထွက် လက်မှတ် ထုတ်ပြ ရမလို ဖြစ်နေသည်ဟု ဆိုရ ပေမည်၊ မတရားမှု တခုခုကို တနည်းနည်းဖြင့် အနည်းနှင့် အများ ဆန့်ကျင်မိ သူတိုင်း၏ နောက်ဆုံး ရောက်ရှိ စုဝေးရာသည် အကျဉ်းထောင်များ ဖြစ်လို့နေပါသည်၊ မတရားမှု တခုကို ဆန့်ကျင်ခြင်းသည် အနည်းနှင့်အများ အန္တရယ် ရှိပါသည်၊ တော်ရုံ သတ္တိဖြင့် မလုပ်နိုင်ပါ၊ ထိုသတ္တိကလည်း မွေးရာပါ မလာပါ၊ အမှန်တရားကို ချစ်တတ်သည့် စိတ်ကသာ ထိုသတ္တိကို မွေးဖွား ပေးပါသည်၊ မိမိ စွဲကိုင်သော ယုံကြည်ချက်ကသာ ထိုသတ္တိကို ခိုင်မာ စေပါသည်၊ ထိုသတ္တိမျိုးကို ဘယ်အကြောင်းနှင့်မျှ အကျဉ်းထောင်များက မသတ်ဖြတ် နိုင်ခဲ့ပါ၊ နှင်းပန်းအိမ်၏ စာအုပ်ကို ဖတ်ရသည့် အခါ ထိုအချက်ကို ပိုမို ထင်ရှားစွာ မြင်ရပါသည်၊ ထိုသတ္တိမျိုး လူအများတွင် ပြန့်ပွား ဖြစ်ထွန်း လာစေလိုခြင်းသည် ဤစာအုပ် ထုတ်ဝေရခြင်း၏ အကြောင်းရင်း တခုဟု ဆိုရပေမည်။

ယနေ့ မြန်မာနိုင်ငံတွင် မတရားမှုများကို ဆန့်ကျင်ရင်း ယုံကြည်ချက် အတွက် အကျဉ်းကျ နေရသူပေါင်း နှစ်ထောင်ကျော် ရှိသည်၊ ဘဝပေါင်း နှစ်ထောင်ကျော်ဟု မြင်ကြည့် လိုက်ပါ၊ သူတို့နှင့် ဆက်စပ်နေသည့် ဘဝ ပေါင်းကလည်း မနည်း၊ ထိုဘဝများကို မမေ့မလျှော့ စေချင်ပါ၊ ထိုဘဝများ ဘာတွေ ဖြစ်ပျက် နေသည်ကို လူအများ သိစေချင်ပါသည်၊ စာနာ နားလည် စေလိုရုံ သက်သက်မျှ မဟုတ်ပါ၊ အခြားသော သန်း ငါးဆယ်ကျော် ဘဝများ၏ ကောင်းရာ ကောင်းကျိုး အလို့ငှာ သူတို့ဘာတွေ ရင်းနှီး ပေးဆပ် နေကြရသည်ကို ရှင်းရှင်း လင်းလင်း သိကြစေချင်သည်၊ လူတိုင်း ပေးဆပ် ကြသူချည်း ဆိုလျင် လောကကြီးက အင်မတန် ကောင်းသွား ပါလိမ့်မည်၊ ဒါမှ မဟုတ် ပေးဆပ်တာနှင့် ရယူတာကို မျှမျှ တတ ကျင့်သုံး ကြလျင်လည်း လောကကြီးက သာယာ နိုင်ပါသည်၊ ဒီလို မဟုတ်ပဲ ရယူလိုသူကိုချည်း နေထိုင်ကြသည့် လောက ဆိုလျင်တော့ ဒုက္ခ ဘုံသာ ဖြစ်နေ ပေလိမ့်မည်၊ အနည်းဆုံးတော့ ပေးဆပ်ခြင်း၏ အဓိပ္ပါယ်ကို နားလည် လက်ခံ လာတတ်ကြ စေချင်သည်၊ ပေးဆပ်ခြင်းကို တန်ဘိုး ထားတတ်ကြ စေချင်သည်၊ ထိုမျှော်လင့်ချက်ဖြင့်ပင် ယခုလို ယုံကြည်ချက်ကြောင့် အကျဉ်းကျ နေသူတို့နှင့် သက်ဆိုင်သည့် စာအုပ်စာပေများကို ကျနော်တို့ ထုတ်ဝေပါသည်။

လူတိုင်း သူ့နေရာမှန် သူရှိသွားလျင် လောကကြီး တည်ငြိမ် အေးချမ်း လာမည်ဟု ယုံကြည်ပါသည်၊ အမှန်တရားကို ချစ်တတ်သူများ အတွက် ထောင်သည် နေရာမှန် မဟုတ်ပါ၊ မတရားမှုများကို ဆန့်ကျင် သူများ အတွက် ထောင်သည် နေရာမှန် မဟုတ်ပါ၊ လောကကြီး အတွက် ကိုယ့်ရှိတာလေးထဲက ဘာပေးရမလဲ စဉ်းစား နေတတ်သူများ အတွက် ထောင်သည် နေရာမှန် မဟုတ်ပါ၊ ထောင်သည်ပင်လျင် ဖိနှိပ် အုပ်စိုးနေသူတို့၏ သံပခြုပ် ဖြစ်နေရခြင်းကိုက နေရာမှန် မဟုတ်ပါ၊ ထောင်သည် လောကကြီးဆီက ရနိုင်တာထက် ပို လိုချင် တတ်ကြသည့် လက်ကုန်နှိုက် သမားများ အတွက်သာ နေရာမှန် ဖြစ်သင့်ပါသည်၊ ထောင်သည် လူအချင်းချင်း ဗိုလ်ကျ စိုးမိုးလိုသည့် ကြီးနိုင် ငယ်ညှင်း သမားများ အတွက်သာ နေရာမှန် ဖြစ်သင့်ပါသည်၊ လောကပါလ တရားက လူတိုင်းကို သူ့နေရာ မှန်မှာသူ ရှိအောင် လုပ်ပေးပါသည်၊ ထောင်သည် လောကပါလ တရားကိုစောင့်ရှောက်အပ်သော နံရံ တချပ်သာ ဖြစ်သင့်သည်၊ ဖြစ်စေချင်သည်၊ ထိုဆန္ဒဖြင့် နေရာ မှားနေသော လူများ။ အရာဝတ္ထုများ အကြောင်း စာအုပ် စာပေ များကို မိမိတို့ ထုတ်ဝေ ပါသည်၊ စစ်အစိုးရက မြန်မာပြည်မှာ နိုင်ငံရေး အကျဉ်းသား မရှိပါဟု တလျှောက်လုံး ဘူးကွယ် နေသည်၊ နိုင်ငံရေး အကျဉ်းသားများ အမှန်တကယ် ရှိပါသည်၊ အကျဉ်းထောင်များ အတွင်း အခြားသော ရာဝဇတ် အကျဉ်းသား များထက် အစီအစဉ် ရှိရှိနှင့် စံနစ်တကျ စိတ်ရော ကိုယ်ပါ ညှင်းပမ်း နှိပ်စက် ခံနေရသူများကို နိုင်ငံရေး အကျဉ်းသားဟု ဆိုရလျင် လွန်အံ့မထင်၊ ထောင်ထဲက လူကိုပါ မဟုတ်၊ ထောင်ပြင်က မိသားစုကိုပါ ဒုက္ခ ပေးလိုက် သေးသည်၊ စိတ်နာ လောက်သည့် သေကွဲ ရှင်ကွဲ အဖြစ်များ သည် အနှစ် နှစ်ဆယ် ကျော်မှာများလှပြီ၊ ဒါတွေကို ရပ်တန့်ဖို့ လိုသည်၊ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ဖို့လိုသည်၊ သည်အချက်ကို မိမိတို့ အစဉ်တစိုက် တောင်းဆို ခဲ့သည်၊ ထိုတောင်းဆိုချက်များကို အမှောင်ခေတ်ထဲက သူရဲကောင်း တို့၏ တကယ့်ဘဝများက ပိုမို ကျယ်လောင်စေခဲ့။ လေးနက်စေခဲ့သည်က အမှန်ပင်၊ ထိုကျယ်လောင် လေးနက်သော တောင်းဆိုချက်အား လူတိုင်း လူတိုင်းစီ ရောက်ရှိ စေရန် ပြန့်နှံ့စေရန် သည်စာအုပ်ကို မိမိတို့ ထုတ်ဝေ လိုက်ပါသည်၊

နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)

စာရေး ဆရာမ နှင်းပန်အိမ်၏ ဘဝ၊ ယုံကြည်ချက်နှင့် အလုပ်

အဘ ဦးတင်စိန်၊ အမိ ဒေါ်သန်းစိန်တို့မှာ ၁၉၆၆ ခုနှစ် ဧပြီ ၈ ရက်နေ့တွင် ရန်ကုန်တိုင်း တောင်ဥက္ကလာ၌ မွေးဖွား ခဲ့သည်။ မွေးချင်း ၄ ယောက် အနက် သမီး အကြီးဆုံး ဖြစ်သည်။ ဖခင်ဖြစ်သူ ဦးတင်စိန်ကို စစ်အာဏာရှင် များက ကိုးကိုးကျွန်းသို့ ပို့ခဲ့သည့် အတွက် စာရေးသူ ၆ လ သမီးမှာ ဖခင်နှင့် ခွဲခွာခဲ့ရပြီး ၇ နှစ်သမီးမှ ဖခင်ကို မြင်ဘူး ခဲ့ပါသည်။ ၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံ တွင် ပါဝင်ခဲ့ပြီး သင်္ကန်းကျွန်း မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။ ၁၉၉၂ တွင် အဖွဲ့ချုပ်လူငယ် ကိုနေဦးနှင့် အိမ်ထောင် ကျပြီး ၁၉၉၃ တွင် သား တစ်ယောက် ဖွားမြင်ခဲ့သည်။ ၁၉၉၈ တွင် ခင်ပွန်းသည် အဖမ်း ခံရပြီး ထိုအချိန်က နှစ် အများဆုံး ဖြစ်သည့် ထောင် ၁၄ နှစ်နှင့် မတရား ဖမ်းဆီး ထောင်ချ ခံရပြီး စစ်ကိုင်းတိုင်း ကလေးမြို့ မော်လိုက်လေး အကျဉ်းထောင်သို့ အပို့ ခံခဲ့ပါရသည်။

အကျဉ်းကျ မိသားစုဝင် အဖြစ် စစ်ကိုင်းတိုင်း ကလေးမြို့တွင် ငပိရောင်းပြီး ခင်ပွန်းသည်ကို ထောင်ဝင်စာ တွေ့ခဲ့ရသည်။ စာရေးသူ၏ ဘဝကိုသိနေသည့် အဘွား လူထု ဒေါ်အမာက သမီးတို့ ဘဝတွေက စာရေးဖို့ ကောင်းတယ်ဟု ပြောခဲ့ဘူးသည်။ စာရေး သူကို စာပေ မျိုးစေ့ ချပေးသူက အဘွား လူထု ဒေါ်အမာ ဖြစ်ပြီး စာပေ စင်မြှင့် တင်ပေး ခဲ့သူများမှာ ဒေးဒရဲ ဦးမြတ်ဆွေ၊ ဆရာ နတ်နွယ်၊ ဦးဇင်လင်း (ဦးဌေးအောင်) တို့ ဖြစ်သည်။

လက်ရှိ လွပ်လပ်သော အာရှအသံ Radio Free Asia (RFA)မှာ အသံလွှင့် ဆောင်းပါ အဖြစ် မှောင်လှိုင်း ထဲက သူရဲကောင်းတို့ တိုင်းပြည် အစီအစဉ်ကို ရေးသား ထုတ်လွှင့် တင်ဆက်လျှက် ရှိပါသည်။

စာရေး ဆရာမ နှင်းပန်အိမ်၏ အမှောင်လှိုင်းထဲက သူရဲကောင်းတို့တိုင်းပြည် စာအုပ် ၀ယ်ယူလို သူများ info@aappb.org သို့ ဆက်သွယ်မှာ ယူနိုင်ပါတယ်။
ဆက်ဖတ်မယ်...

ပြီးခဲ့တဲ့ မတ်လ(၅)ရက် စနေနေ့ မနက်ပိုင်းက An-148 အမျိုးအစား လေယာဉ် ပျက်ကျရာမှာ သေဆုံးသွားတဲ့ ရုရှားနိုင်ငံသား လေယာဉ်အမှုထမ်းများရဲ့ ဈာပနအခမ်းအနား (သတင်း၊ ရုပ်သံ)

ပြီးခဲ့တဲ့ မတ်လ(၅)ရက်နေ့က ပျက်ကျခဲ့တဲ့ ရုရှားလေယာဉ်မှုး လေးဦးအား ဤသို့ နိုင်ငံတော် ဈာပန အခမ်းအနားနဲ့ မြို့လူထု ထောင်ပေါင်းများစွာမှ တက်ရောက် လွမ်းသူ ပန်းခွေချ အလေးပြုခဲ့ကြပါတယ်..။
မြန်မာစစ်အာဏာရှင် အာဘော် သတင်းစာတွေမှာတော့ စစ်တပ်အတွက် တာဝန်ထမ်းဆောင်ရင်း သေဆုံးသွားတဲ့ လေတပ်အရာရှိတွေပင် ဖြစ်လင့်ကစား... အဆိုပါ အဖြစ်ဆိုးအား သာမာန် အဖြစ်အပျက်ပုံစံ ဖော်ပြထားခြင်းဟာ အာဏာရှင်တွေရဲ့ လိုရင်လိုသလို မလိုရင်မလိုသလို အသုံးချတတ်တယ်ဆိုတာကို ဖော်ပြနေတာပါပဲ....။
ပျက်ကျခဲ့တဲ့ An-148မလေယာဉ်မှ လေယာဉ် အစိတ်အပိုင်း တစ်ခု
BBC Russia သတင်းပါ ရုရှားဘာသာဖြင့် ထုတ်ပြန်တဲ့ ဈာပနအခမ်းအနားနဲ့ လေယာဉ်ပျက်ကျသတင်း (ရုပ်သံ)
ရုပ်သံသတင်း ဒေါင်းလုပ် လုပ်ချင်ရင် 
ပြီးခဲ့တဲ့ မတ်လ(၅)ရက် စနေနေ့ မနက်ပိုင်းက မော်စကိုမြို့ရဲ့ တောင်ဘက် မိုင် ၃၅၀အကွာ Belgorodဒေသမှာ ပျက်ကျခဲ့တဲ့ ရုရှားနိုင်ငံလုပ် An-148အမျိုးအစား လေယာဉ်ပျက်ကျရာမှာ မြန်မာလူမျိုး လေယာဉ်မှုး နှစ်ဦးဖြစ်တဲ့ ဒုဗိုလ်မှူးကြီး ထိန်လင်းအောင် လေ-၂၂၅၂ တေဇ-၂၂ အသက် (၃၇) နှစ်နဲ့ ဗိုလ်မှူး ဇော်ထွန်းအောင် လေ-၂၂၅၇ တေဇ-၂၂ အသက် (၃၇)နှစ် တို့အပါအဝင် ရုရှားလူမျိုး Test Pilot တစ်ဦး၊ Navigator တစ်ဦးနဲ့ လေယာဉ် အင်ဂျင်နီယာ ၂ဦးပေါင်းခြောက်ဦး သေဆုံးခဲ့ရပါတယ်..။

အဆိုပါ လေယာဉ်ပျက်ကျရာမှာ သေဆုံးသွားတဲ့ ရုရှားနိုင်ငံသား လေးဦးရဲ့ ဈာပနအခမ်းအနားအား မတ်လ(၉)ရက်နေ့က ပြုလုပ်ခဲ့ရာ လေယာဉ်ကုမ္ပဏီမှ အုပ်ချုပ်သူများ အပါအဝင် မြို့ခံ လူထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြပါတယ်...။ အဆိုပါ An-148အမျိုးအစား လေယာဉ် ပျက်ကျမှုကြောင့် သေဆုံးသွားသူ တစ်ဦးချင်းစီရဲ့ ကျန်ရစ်သူ မိသားစုများအတွက် အဆိုပါ လေယာဉ်ကုမ္ပဏီမှ ရုရှားရူဘယ် ၁သန်းနဲ့ညီမျှတဲ့ အမေရိကန်ဒေါ်လာ (၃သောင်း၅ထောင်စီ) အား ပေးအပ်သွားမှာ ဖြစ်ကြောင်း ဖော်ပြပါရှိပြီး... သေဆုံးသွားသူ မြန်မာလေတပ်မှ လေယာဉ်မှုး(၂)ဦးအား မြန်မာပြည်သို့ ပြန်လည် သယ်ဆောင်သွားခြင်း ရှိမရှိကိုတော့ သတင်းတွေမှာ ဖော်ပြထားခြင်း မရှိပါဘူး..။ 

လေယာဉ်ပျက်ကျမှုရဲ့ အကြောင်းအချက်တွေ များစွာအား ဖော်ထုတ်သိရှိရပြီး အဓိက အချက်ကတော့ မြန်နှုန်းပြ မီတာ ချိုယွင်းချက် ဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်..။ အဆိုပါပျက်ကျခဲ့တဲ့ An-148လေယာဉ်ဟာ လွန်ခဲ့တဲ့ ၂နှစ်ခန့်ကတည်းက မြန်မာစစ်အစိုးရမှ မြန်မာလေတပ် အတွက် မှာယူထားတဲ့ လေယာဉ်(၂)စီးဖြစ်ပြီး မြန်မာနိုင်ငံသို့ မပို့ဆောင်ခင် စမ်းသပ်မောင်းနှင်စဉ်မှာ ပျက်ကျခဲ့ခြင်းဖြစ်ပြီး ရောင်းချသည့် လေယာဉ် ကုမ္ပဏီမှ အစားထိုး လေယာဉ်တစ်စီး ပြန်လည် ပေးအပ်မည် ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်...။ လေယာဉ်အမှုထမ်း (၆)ဦး စလုံးသေဆုံးခဲ့ရတဲ့ အဆိုပါလေယာဉ်ပေါ်ပါ မြန်မာနိုင်ငံသား လေတပ်အရာရှိ လေယာဉ်မှုး နှစ်ဦး၏ သတင်းအား မြန်မာစစ်အစိုးရ အာဘော် သတင်းစာများ၌ မထင်မရှား အရေးမကြီးသည့် ပုံစံ ဖော်ပြပါရှိပါတယ်..။ တာဝန်ထမ်းဆောင်ရင် သေဆုံးသွားသူ လေယာဉ်မှုး (၂)ဦး၏ နာရေးသတင်းအားလည်း ရုတ်တရက် သေဆုံးသည်ဟု ဖော်ပြရမည့်အစား သာမာန်သေဆုံးသည့် ပုံစံ သတင်းအမှောင်ချ လက်လွတ်စံပယ် ဖော်ပြခဲ့ပါတယ်...။

သတင်း.... ဒီမိုဝေယံ (ရုရှားသတင်းဋ္ဌာနပါ သတင်းများအား အကျဉ်းချုပ် ရေးသားပါသည်)
ဆက်ဖတ်မယ်...

နွေမှာရွာတဲ့ အချိန်အခါ မဟုတ်မိုးနဲ့ ယနေ့ ရန်ကုန်မြို့ မြင်ကွင်း...

 
 
 
 
 
 
 
 
ရန်ကုန်မှာ အချိန်အခါမဲ့ မိုးတွေ ရွာသွန်းနေပါတယ်..။ လေပြင်းတွေလည်းတိုက်... လေအေးတွေလည်းတိုက်နဲ့ပေါ့ အေးလည်းအေးဆိုပဲ.. ။ မပြောင်းလဲတာကတော့ ရန်ကုန်မြို့တော်ရဲ့ မြင်နေကျ မြင်ကွင်းတွေပါပဲ...။ ထူးခြားတာကတော့ မြို့တွင်းလမ်းသွယ်တွေက ကတ္တရာလမ်းတွေက ကွန်ကရစ်လမ်းတွေ ဖြစ်ကုန်ပြီး  ရန်ကုန်မြို့တော်ကြီးရဲ့ ကတ္တရာလမ်းတွေကတော့ မြင်ရတဲ့အတိုင်းပါပဲ... အနှစ်(၂၀)ကျော်ပြီနော်.....
ဆက်ဖတ်မယ်...