အခြေခံကျောင်းသားများ ဂိမ်းဆိုင်တွင်သာအချိန်ဖြုန်း

ဟိန်းခိုင်ထွန်း | ပြီးခဲ့သော စာသင်နှစ်က လျှပ်စစ်မီး ပုံမှန်မလာ၍ ကျောင်းစာများ လေ့လာ၍ မရသော်လည်း စာမေးပွဲ ဖြေဆိုပြီးနောက် အောင်စာရင်း ထွက်ရှိသည့် အခါတွင် ဖြေဆိုသော ကျောင်းသားများ၏ နာမည် များပါရှိလာ သောကြောင့် ယခုနှစ် ဆယ်တန်း ဖြေဆိုမည့် ကျောင်းသူ၊ ကျောင်းသား အများစု မှာ ကျောင်းတက်ရန်အတွက် စိတ်အား ထက်သက်မှု မရှိတော့ဟု သိရသည်။

အခြေခံပညာ အထက်တန်း အဆင့် တက်နေသည့် ကျောင်းသား အများစုမှာ ကျောင်းတက်ချိန်တွင် စာသင်ခန်း အတွင်းတွင် မရှိဘဲ အင်တာနက် ဆိုင်များ နှင့် ဂိမ်းဆိုင်များတွင်သာ အချိန်ဖြုန်းကြသည်ဟု အထက ၁ လသာမှ ဆရာမ တစ်ဦးက Freedom News Group သို့ ပြောသည်။

အင်တာနက်ဆိုင်များ၏ ၀န်ဆောင်မှုသစ် တစ်ခုဖြစ်သည့် ၀က်ဘ်ဂိမ်းများ ခေတ်စားလာမှုကလည်း စာသင်ခန်းထက် ပို၍ ဆွဲဆောင် နိုင်ဖွယ်ရာ အချက်ဖြစ်ခဲ့သည်ဟု ယောမင်းကြီးလမ်းတွင် ဖွင့်လှစ်ထားသည့် အင်တာနက် ဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။ “ဆိုင်မှာ ဆို အင်တာနက် ၀က်ဘ်ဆိုက် ကြည့်တဲ့သူက နည်းနည်း ဂိမ်း၊ ချတ် နဲ့ ဗီဒီယိုကြည့်သူတွေက ခပ်များများဟု ထိုသူက သူ့ဆိုင်သို့ လာရောက် သည့် စားသုံးသူများ၏ သဘောကို ပြောပြသည်။

စစ်အစိုးရ၏ တစ်နှစ်တန်း အအောင်ပေးရေး ပညာရေး စနစ်ကြောင့် ရန်ကုန်မြို့ရှိ အခြေခံပညာ ကျောင်းများတွင် ကျောင်းစာ အပေါ် စိတ်ဝင်စားမှု နည်းလာ ခြင်းဖြစ်သည် ဟု ကျောင်းသား မိဘတစ်ဦးက သုံးသပ်ပြီး ကျောင်းဆရာမ တစ်ဦးကမူ “စာသင်လည်း အပိုပဲ တက္ကသိုလ်က ဘွဲ့ရလည်း ဒီလက်မှတ်နဲ့ ဘယ်နိုင်ငံမှာမှ အလုပ်မရဘူးဆိုတာ သူတို့ သဘောပေါက် နေကြပြီ ထင်တယ်" ဟု
ပြောသည်။

Facebook ဟုခေါ်သည့် Social Networking Website မှ Mafia Wars ခေါ်သည့် အဆင့် အလိုက် ပြိုင်ဘက်များဖြင့် ဆော့ရသည့် ဂိမ်းမှာ မြန်မာ နိုင်ငံတွင် လူကြိုက်များ နေသည်။ ထို ဂိမ်းမှာ နေ့စဉ် ရက်ဆက်ဆော့ ရပြီး နိုင်ငံတကာတွင်လည်း လူကြိုက် များသော ဂိမ်းတစ်ခု ဖြစ်နေ သည်။

ကျောင်းမတက်ပဲ အင်တာနက်ဆိုင်တွင် အချိန်ဖြုန်းသော ကျောင်းသား အများစုမှာ Face Book ရှိ Mafia Wars ကို အဆော့များ ကြသည်ဟု Spider Web မှ ၀န်ထမ်း တစ်ဦးက ပြောသည်။

source by : Freedom News Group
ဆက်ဖတ်မယ်...

ဦးတင်ဦးနှင့် ဦးဝင်းတင်ကို ဗဟိုတရားရုံးက ပယ်ချ

ကိုစိုး | ဒေါ်အောင်ဆန်း စုကြည် ဘက်က ခုခံချေပရန် တင်ထားသော သက်သေ၂ ဦး ဖြစ်သည့် သတင်းစာ ဆရာကြီး ဦးဝင်းတင်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒု ဥက္ကဌ ဦးတင်ဦး တို့ကို ယနေ့ တွင် ဗဟို တရားရုံးက ပယ်ချလိုက်ကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

“ကျနော်တို့က ဥပဒေနဲ့ ညီအောင်ဆိုပြီးတင်တယ်၊ တင်တာကို ပယ်တယ်ဆိုတော့ ဒီအမိန့်ကို ဥပဒေနဲ့ ညီတယ် လို့ လည်း ကျနော်တို့ မယူဆဘူး၊ တရားလိုဘက်က သက်သေ ၁၅ ယောက် ၊ ကျနော်တို့ ဘက်က ၄ ယောက် တင်တာ ၂ ယောက်ပဲ စစ်ခွင့်ပေးတယ်ဆိုတော့ မျှတမှု မရှိဘူးလို့ ကျနော်ပြောချင်ပါတယ်”ဟု ဦးဉာဏ်ဝင်း က ပြောပြသည်။

ယခု ပယ်ချလိုက်သည့် သက်သေ ၂ ဦးကိစ္စကို ဗဟို တရားရုံးက ဇွန်လ ၂၄ ရက်နေ့တွင် ၂ ဘက်ကြားနားခဲ့ပြီး နောက် ယနေ့တွင် အမိန့်ချခြင်းဖြစ်သည်။

ယင်း ဦးဝင်းတင်၊ ဦးတင်ဦး သက်သေ ၂ ဦးနှင့် ပတ်သက်ပြီး ဇွန်လ ၉ ရက်နေ့တွင် တိုင်းတရားရုံးမှ ပယ်ချခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ဇွန်လ ၁၁ ရက်နေ့က ဗဟိုတရားရုံးသို့ ဆက်လက်လျှောက်ထားခဲ့သည်။

ယနေ့ ဗဟိုတရားရုံးက သက်သေ ၂ ဦးကို ပယ်ကြောင်း အမိန့်ချမှတ်လိုက်သော်လည်း အကြောင်းပြချက် မသိ ရှိရသေးကြောင်း၊ သို့သော် ဒေါ်အောင်ဆန်းစုကြည် အမှုနှင့်ပတ်သက်ပြီး ဆောင်ရွက်မှုများကို ကြည့်ရင် တဖက် သတ် ဆောင်ရွက်မှုများကြောင်း၊ အမှုစီရင်ရာ၌ အများပြည်သူရှေ့မှောက်တွင် စစ်ဆေးးခြင်းမရှိသော ကြောင့် မျှတမှုမရှိဟု မြင်ကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် တဦးလည်းဖြစ်သူ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောဆိုသည်။

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အမှုနှင့် ပတ်သက်ပြီး ရုံးချိန်းများ ရွှေ့နေခြင်းသည် စစ်အစိုးရက အချိန်ဆွဲလို၍ ဖြစ်နိုင်ကြောင်း လေ့လာသူများကလည်း သုံးသပ်နေကြသည်။

၎င်း၏နေအိမ်သို့ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထော တိတ်တဆိတ်ဝင်ရောက်လာမှုနှင့် ပတ် သက်ပြီး တရားရင်ဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေထွက်ဆိုရန် မေလ ၂၆ ရက်က တင်ထား သော သတင်းစာဆရာကြီး ဦးဝင်းတင်၊ NLD ဒု ဥက္ကဌ ဦးတင်ဦးနှင့် NLD ရှမ်းပြည်နယ် စည်းရုံးရေး အဖွဲ့ဝင် ဒေါ်ခင်မို့မို့ တို့ ၃ ဦးကို အင်းစိန်ထောင်တွင်း အထူးတရားရုံးက မေလ ၂၇ ရက်နေ့တွင် ပယ်ချလိုက်ပြီး NLD လပွတ္တာအမတ် ဦးကြည်ဝင်း ၁ ဦး ကိုသာ သက်သေ ထွက်ဆိုရန် ခွင့်ပြုခဲ့သည်။

သက်သေ ၃ ဦးကို တရားရုံးက ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁) အရ ပယ်ချခြင်းဖြစ်သည်။

ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁)မှာ သက်သေ တဦးသည် တရားမျှတမှု လမ်းကြောင်းကို လွဲဖယ်စေရန် ဖန်တီး နိုင်ကြောင်း ယုံကြည်မှုအရ ချမှတ်သော ပုဒ်မ ဖြစ်သည်ဟုသိရှိရသည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဘက်က တရားခံပြသက်သေအဖြစ် ထွက်ဆိုခွင့်ပြုခဲ့သော NLD လပွတ္တာ အမတ် ဦးကြည်ဝင်း တဦးသာ သက်သေထွက်ဆိုခဲ့ရသည်။

ထို့နောက် ကျန်သက်သေ ၃ ဦး ဖြစ်သော သတင်းစာဆရာကြီး ဦးဝင်းတင်၊ NLD ဒု ဥက္ကဌ ဦးတင်ဦးနှင့် NLD ရှမ်းပြည်နယ် စည်းရုံးရေး အဖွဲ့ဝင် ဒေါ်ခင်မိုးမိုး တို့အတွက် တိုင်းတရားရုံးသို့ ဆက်လက်လျှောက်ထားရာ တိုင်း ရုံးက ဦးဝင်းတင်နှင့် ဦးတင်ဦးကို ဇွန်လ ၉ ရက်နေ့တွင် ပယ်ချခဲ့ပြီး ဒေါ်ခင်မိုးမိုး တဦးသာခွင့်ပြုခဲ့သည့် အတွက် ဗဟိုတရားရုံးသို့ ဆက်လက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ယခုဒေါ်အောင်ဆန်းစုကြည်အမှုနှင့်ပတ်သက်၍ စစ်အစိုးရ ဘက်က တရားလိုပြ သက်သေ ၂၃ ဦး စာရင်း တင်ပြ ခဲ့ပြီး ၉ ဦးကို ၎င်းတို့ သဘောဖြင့် ရုပ်သိမ်းပြီး ၁၄ ဦး သက်သေ ထွက်ဆိုစေခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏အိမ်သို့ တိတ်တဆိတ်ဝင်ရောက်ခဲ့သော ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ် သက် ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်း ထောင် သို့ ခေါ်ဆောင်၍ တားဆီးမိန့် ချိုးဖောက်မှု ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင်၍ အစိုးရ တရားလိုပြသက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ ၂၆ နေ့တွင်မှ ဒေါ်အောင်ဆန်း စုကြည်ကို စစ်ဆေးခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။

source by : ဧရာဝတီ
ဆက်ဖတ်မယ်...

တောင်ကြီးမြို့အနီး ရုရှား ကုမ္ပဏီက လျှို့ဝှက် သတ္တုတွင်း တူးဖော်

သန်းထိုက်ဦး | ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့အနီးတွင် မြန်မာ စစ်အစိုးရနှင့် ရှရှားနိုင်ငံပိုင် (Tyazhpromexport) ကုမ္ပဏီ တခုက ပူးပေါင်း၍ သတ္တုတွင်း တူးဖော်ရန် ပြင်ဆင်နေသည်ဟု ပအို့ဝ်(ပအိုဝ်း) လူငယ်အစည်းအရုံး (PYO)က ယနေ့ ပြောဆိုလိုက်သည်။

အဆိုပါ PYO အဖွဲ့အစည်း က ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ် International Center - IC ခန်းမ၌ ယနေ့ ကျင်းပ သည့် “အနာဂတ်ကို လုယူဖျက်ဆီးခြင်း”ဟူသော ခေါင်းစဉ်ဖြင့် ထုတ် ပြန်သော အစီအရင်ခံစာ သတင်းစာ ရှင်း လင်းပွဲတွင် ဤသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် သတင်းထုတ်ပြန်မှု မရှိသောကြောင့် ယခုကဲ့သို့ သတ္တုတွင်း တူးဖော်ရေးနှင့် ပတ်သက်ပြီး လူ့ အခွင့်အရေး ချိုးဖောက်မှု ၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုများကို အဓိကထားပြီး ထုတ်ပြန်ထားခြင်း ဖြစ်သည် ဟု PYO မှ ပြောရေးဆိုခွင့်ရှိသူ ခွန်ချန်ကီက ဧရာဝတီသို့ ပြောသည်။

ယင်း အစီရင်ခံစာတွင် စက်ရုံသွားရာလမ်းဖောက်လုပ်ရန် ဒေသအာဏာပိုင်များက ရွာ ၃ ရွာမှ လူ ၅၅ ဦးကို ၎င်းတို့၏ အိုးအိမ်များမှ အတင်းအကျပ် ဖယ်ရှားပြောင်းရွှေ့စေခဲ့ပြီး စိုက်ပျိုးမြေ ဧက ၁၁၀၀၀ ခန့်ကို သိမ်းပိုက် ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ခရီးသွားလာခွင့် အတင်းအကျပ် ကန့်သတ်နေခြင်း၊ ၎င်း စီမံချက်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်မှု မရှိခြင်းကြောင့် ဒေသခံများက အနုမြူ စီမံကိန်းနှင့် ဆက်စပ်နေမည်ဟု သံသယရှိနေကြကြောင်းလည်း ရေးသား ထားသည်။

“ကျနော်တို့ အဓိက သဘာဝ ပတ်ဝန်းကျင်နဲ့ ကွင်းဆင်းလေ့လာတော့ ဒေသခံလူထုကို တွေ့တဲ့အခါမှာ သူတို့က အဲဒီနေရာ သတ္တုတူးဖော်ဖို့အတွက် မကဘူး၊ အနုမြူဓာတ်ပေါင်းဖို ကိစ္စလည်းပါတယ်လို့ပြောတယ်။ နောက် အဲဒီ ကိစ္စကိုလည်း စိုးရိမ်နေကြတယ်”ဟု ခွန်ချန်ကီက ပြောသည်။

ရှရှားနိုင်ငံ အနုမြူစွမ်းအင် အေဂျင်စီက၂၀၀၇ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အနုမြူဓာတ်ပေါင်းဖိုတခု တည်ဆောက် မည်ဟုကြေညာထားသောကြောင့် ဒေသခံပြည်သူများက ပို၍သံသယကြီးထွားနေကြခြင်းဖြစ်ကြောင်းသိရသည်။

တည်ဆောက်နေဆဲ သံရည်ကြိုစက်ရုံသည် မြန်မာ စစ်တပ် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နှင့် ၁၀ ကီလိုမီတာ ခန့် အကွာအဝေးတွင် တည်ရှိပြီး ယခုနှစ်ကုန်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ ပြီးမည်ဟုယူဆရသည်။ ၎င်း စက်ရုံ တွင်လည်း မြေအောက် ဥမင်များတည်ရှိပြီး ၁၀ ပေကျော် အုတ်နံရံ ၂ ထပ်နှင့် သံဆူးကြိုး တစ်ထပ်ဖြင့် ကာရံ ထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

“သူတို့က နံရံတွေ၊ အတားအဆီးတွေနောက်မှာ သူတို့ဘာလုပ်နေတယ်ဆိုတာ လျှို့ဝှက်ထားကြတယ်။ ဒါပေမယ့် အခုစီမံကိန်းကြောင့် နစ်နာရမယ်ဆိုရင်တော့ ကျနော်တို့က ရှေ့ဆုံးက နစ်နာကြရလိမ့်မယ်။ မြန်မာပြည်မှာတရား ဥပဒေ မရှိတာကို နိုင်ငံခြား ကုမ္ပဏီတွေက အခွင့်ကောင်းယူပြီး ကျနော်တို့ သယံဇာတတွေကို လာအမြတ်ထုတ် ယူနေကြတယ်။ ကျနော်တို့ အနာဂတ်ကို လာပြီးလုယက်ဖျက်ဆီးနေကြတယ်”ဟု ထုတ်ပြန်ချက်တွင် ပြောဆို ထားသည်။

သတ္တုတွင်း တူးဖော်မှုကြောင့် မြေတိုက်စားမှုများ၊ အနယ်အနှစ်များကို စွန့်ပစ်မှုကြောင့်ဤလွင်ပြင်ရှိ ပင်မရေ အရင်း အမြစ်ဖြစ်သည့် သဘက်ချောင်းသည်လည်း ညစ်ထေးရဖွယ်ရှိသည့်အပြင် ယင်းဒေသတလျှောက် ရှိ လူဦးရေ ၃၅၀၀၀ ခန့်သည် ထိခိုက်နစ်နာရဖွယ်ရှိကြောင်း ၎င်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာစစ်အစိုးရ၏ နျူကလီးယား ထုတ်လုပ်မည့် အစီအစဉ်နှင့် ပတ်သက်နိုင်ဖွယ်ရှိသော မြေအောက် ဥမင်များ တည်ဆောက်နေမှု ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများကိုလည်း ပြီးခဲ့သည့် ရက်များအတွင်းက သတင်းဌာနများတွင် ထုတ်လွှင့်ပြသခဲ့ကြသည်။

ယင်းထုတ်လွှင့်ချက်များအပြီး အဆိုပါမှတ်တမ်းများသည် စစ်အစိုးရ၏ နိုင်ငံနှင့် တ၀န်းတွင် တည်ဆောက်နေ သော ရေအားလျှပ်စစ် စီမံကိန်းများမှ မှတ်တမ်းများ ဖြစ်နိုင်မည်လား ဟူသည့် ပြည်တွင်း၊ပြည်ပရှိ အင်ဂျင်နီယာ အများစုက မေးခွန်များ ထုတ်နေကြသည်ဟုလည်း သိရသည်။

source by : ဧရာဝတီ
ဆက်ဖတ်မယ်...

ခိုးကူးနှိမ်နင်းရန် နည်းလမ်းတခုအဖြစ် လေးဖြူ၏ MTV စလွှင့်သည်ဟုဆို

အေးချမ်းမြေ့ | ခိုးကူးသမားများကို နှိမ်နင်းရန် နည်းလမ်း တခုအဖြစ် အဆိုတော် လေးဖြူ၏ ဘင်္ဂလား ပင်လယ်အော် MTV သီချင်း ၄ ပုဒ်ကို MRTV4 မှ ငွေပေးကြည့်ရှုရသော လိုင်းတလိုင်းတွင် ယမန်နေ့က စတင်ထုတ်လွှင့်ပြသ လိုက်ပြီ ဖြစ်ကြောင်း ၎င်းရုပ်သံမှ တာဝန်ရှိသူ တဦးက ပြောသည်။

“ခိုးကူးသမားတွေကို မနှိမ်နင်းနိုင်လို့ နည်းလမ်းရှာကြည့်တဲ့ သဘောပဲ။ လေးဖြူနဲ့ Iron Cross က နာမည်လည်း ကြီးတယ်၊ အရှိန်အဝါလည်း ကြီးတယ် ဆိုတော့ သူတို့အဖွဲ့နဲ့ စ စမ်းကြည့်လိုက်တာ” ဟု ၎င်းက ဆက်ပြောသည်။

Forever Group က MRTV4 ရုပ်သံလိုင်းကို ၂၀၀၅ ခုနှစ်ခန့်တွင် အခကြေးငွေ မယူသည့် ရုပ်သံလိုင်း အဖြစ် စတင် ထုတ်လွှင့်ခဲ့ပြီး နောက်ပိုင်းတွင် ငွေကြေးဖြင့် ပေးဆောင် ကြည့်ရှုရသည့် 5Movie, 5Series စသည့် လိုင်းများ၌ ရုပ်ရှင်များ၊ ရုပ်ရှင်စီးရီးများ ပြသခဲ့သည်။


MRTV4 အနေနှင့် MTV ရုပ်သံလိုင်းတခု စမ်းသပ်ထုတ်လွှင့်သည်ဟု ယူဆရပြီး ယခုကဲ့သို့ ဘင်္ဂလားပင်လယ် အော် ကို စတင် ထုတ်လွှင့်ခြင်းနှင့် ပတ်သက်၍ အသေးစိတ် မည်သို့မှ မသိရှိရသေးကြောင်း Iron Cross တေးဂီတတွင် ဘေ့စ် ဂစ်တာတီးခတ် သည့် ကိုခင်မောင်သန့်က ပြောကြားသည်။

“အဓိကကတော့ ကိုလေးဖြူစီစဉ်တာပါ။ နောက်တပတ်ကျ ၄ ပုဒ်ထပ်လွှင့်ဦးမယ်ကြားတယ်။ ဒါ ခိုးကူးသမား တွေကို ကာကွယ်ဖို့ နည်းလမ်း တလမ်းရှာတာလည်း ဖြစ်နိုင်ပါတယ်” ဟု သူက ဆက်ပြောသည်။

ခိုးကူးသမားများကြောင့် မြန်မာပြည် ဂီတဈေးကွက် ပျက်လျက်ရှိပြီး အရှိန်အဝါကြီးသူ နာမည်ကြီး အဆိုတော် တချို့မှအပ စီးရီးသစ်များ မထွက်နိုင်သည်မှာ ဆယ်စုနှစ် တခု ကျော်နေပြီဖြစ်ကြောင်း ရုပ်ရှင် ဂီတ သတင်းများရေးသားနေသည့် ရန်ကုန်အခြေစိုက် သတင်းသမား တဦးက ဆိုသည်။

ယခင်လက လေးဖြူ၏ ဘင်္ဂလားပင်လယ်အော် MTV ရိုက်ကူးပြီးစီးခြင်း မရှိသေးမီ ခိုးကူးခွေများ လမ်းဘေး၌ ရောင်းချနေသဖြင့် လေးဖြူအပါအဝင် Iron Cross အဖွဲ့သားများ စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း သတင်း ထွက်ပေါ်ခဲ့သည်။

“လောလောဆယ် စမ်းသပ်ကြည့်တာ။ သူတို့ဘက်က ထုတ်သမျှ ရှုံးနေကြတာဆိုတော့ ရုပ်သံလွှင့်တဲ့ ဘက်ကို ကူးကြည့်တဲ့သဘောပဲ။ ဒီတိုင်းဆို ဘာမှ ဈေးမရဘူး။ တီဗီပေါ်မှာတော့ ကြော်ငြာတို့ဘာတို့နဲ့ အဆိုတော်တွေ ဘက်ကလည်း ဈေးပိုရနိုင်တာပေါ့” ဟု MRTV4 တာဝန်ရှိသူက ပြောသည်။

မြန်မာပြည်ဂီတ လောကသားများအနေနှင့် ခိုးကူးသမားများကို နှိမ်နင်းနိုင်ရန် မူပိုင်ခွင့်ကို ကာကွယ်နိုင်သည့် အခွင့်အရေး တရပ်ရှိရမည် ဖြစ်ကြောင်း၊ မိမိပိုင်ဆိုင်သည့် သီချင်းတပုဒ်ကို ခိုးယူသုံးစွဲသူအား တရားစွဲဆိုနိုင် သည့် အခွင့်အရေး မရှိသရွေ့ ကာကွယ်နိုင်မည် မဟုတ်ကြောင်း အဆိုတော် ကျားပေါက်က သုံးသပ်သည်။ ခိုးကူးခွေများကို နှိမ်နင်းရန်မှာ အင်နှင့်အားနှင့် လိုက်လံ ဖမ်းဆီးမှသာ ဖြစ်နိုင်မည်ဟု ၎င်းကဆိုသည်။


“အဆိုးမြင်ဘက်က ကြည့်ရင် ခုလို MRTV4 က လွှင့်ပေးလည်း ဘာမှမထူးဘူး။ ခိုးကူးသမားကတော့ ရအောင်ခိုးဦးမှာပဲ။ ဖမ်းမှပဲရမှာ။ ဖမ်းတာတောင် ဖားရိုက်သလို တပိုင်တနိုင် လုပ်လို့မရဘူး။ အလုံးအရင်းနဲ့ လိုက်ရှာ ဖမ်းမှကိုဖြစ်မှာ” ဟု သူကဆက်ပြောသည်။

source by : ဧရာဝတီ
ဆက်ဖတ်မယ်...

ဝက်တုပ်ကွေးအသိ မြန်မာပြည်တွင် အားနည်းသည်ဟုဆို

ကြည်ဝေ | မြန်မာနိုင်ငံတွင် A (H1N1) ရောဂါနှင့် ပတ်သက်ပြီး အသိပညာ အားနည်းလျက် ရှိသည်ကို တွေ့မြင် ရသောကြောင့် လူအများ အတွက် စိုးရိမ်ဖွယ် ဖြစ်ကြောင်း အထွေထွေ ရောဂါ အထူးကု ဆရာဝန်များ အသင်း မှ တာဝန်ရှိသူ ဆရာဝန်ကြီး တဦးက ပြောကြားသည်။

“တုပ်ကွေးလို့ သံသယရှိတဲ့ လူနာဆိုရင် ဘယ်လိုတုပ်ကွေးမျိုးပဲ ဖြစ်ဖြစ်၊ ဒီအချိန်မှာ သတိထားပြီး ကုသပေး ရမယ်၊ သူတို့လာတာနဲ့ နှာခေါင်းစည်းပေးရမယ်၊ အဲဒီလူနာကို သီးသန့်ထားပြီး ကုသပေးရမယ်၊ ဒါ့အပြင် တခြားလူတွေဆီကို ကူးစက်မှု မရှိအောင်လည်း ကာကွယ်ပေးရမယ်၊ သူများနိုင်ငံတွေမှာ ဘယ်လိုကုသတယ် ဆိုတာ လေ့လာပြီး အတုယူရမယ်” ဟု အဆိုပါ ဆရာဝန်ကြီးက ဆိုသည်။

လက်ရှိမြန်မာနိုင်ငံတွင် ရပ်ကွက်ဆေးခန်းများ၊ ပုဂ္ဂလိက ဆေးရုံများနှင့် အစိုးရဆေးရုံများ၌ တုပ်ကွေးရောဂါဖြင့် ဆေးဝါးကုသမှုခံယူနေရသူ အများအပြား ရှိသည်ကိုတွေ့မြင်ရပြီး ထိုလူနာများ၏ သလိပ်၊ နှာရည် စသည်တို့ကို ဓာတ်ခွဲစစ်ဆေးခြင်းများ မပြုလုပ်ဘဲ၊ အများစုကို ရိုးရိုးတုပ်ကွေးဟုသာ ခပ်လွယ်လွယ် သတ်မှတ်၍ ကုသနေခြင်း က အန္တရာယ်ရှိသည်ဟု အဆိုပါ ဆရာဝန်ကြီးက ဆက်ပြောသည်။

ထို့အပြင် ပြင်ပဆေးခန်းများတွင်လည်း တုပ်ကွေးလက္ခဏာဖြင့် ရောက်လာသော လူနာများအား ပေါ့ဆစွာ တခြားလူနာများနှင့် ရောနှောကုသလျက်ရှိသည်ကို တွေ့မြင်ရကြောင်း၊ တုပ်ကွေးလူနာများအား သီးသန့် ခွဲထုတ် ကုသရန် လိုအပ်လျက်ရှိကြောင်း၊ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းအားလုံး ကျင့်ဝတ်ပိုင်း ဆိုင်ရာ အတွေး အခေါ်ရှိရန် လိုအပ်နေသည်ကို တွေ့မြင်ရကြောင်း သူက ဆက်လက်ပြောဆိုသည်။

ယခုအခါ ရန်ကုန်ဆေးရုံကြီး ဖျားနာဆောင်တွင် တုပ်ကွေးရောဂါဖြင့် ဆေးဝါးကုသမှုခံနေသော လူနာများ
ရှိနေပြီး ထိုလူနာများထဲမှ တချို့ကို A (H1N1) ဟု သံသယရှိနေကြသည်။ ထိုသို့ သံသယရှိသူများကို မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီ ဆေးရုံကြီးသို့ ပြောင်းရွှေ့ရန် စီစဉ်လျက်ရှိကြောင်း ကြားသိရသည်။

ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ရန်ကုန်ဆေးရုံကြီးမှ ဆရာဝန်များကို မေးမြန်းရာ ဖြေကြားခြင်းမရှိဘဲ သိလိုပါက ကျန်းမာရေးဦးစီးဌာနသို့ တိုက်ရိုက်မေးရန် ပြောဆိုသည်။

မြန်မာနိုင်ငံရှိ လူ ၁၀ ဦးတွင် ၂ ဦးခန့် ကသာ A (H1N1) ဆိုသည်ကို သိရှိပြီး အများစုမှာ မသိကြကြောင်း ဝက်တုပ်ကွေးရောဂါနှင့် ပတ်သက်သည့် ဟောပြောပွဲတွင် ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ယဉ်သန္တာလွင်က ပြောကြားခဲ့သည်။

သာမန်လူများထဲတွင် စာဖတ်သူတချို့သာ ၎င်းရောဂါအကြောင်း ကြားဖူးကြပြီး လူအများစုမှာ မသိရှိကြသဖြင့် ကူးစက်ရောဂါအတွက် အန္တရာယ် ကြီးမားသည်ဟု အဆိုပါ ဆရာဝန်က ဆိုသည်။

ရန်ကုန်အခြေစိုက် သတင်းထောက်တဦးကလည်း ပညာတတ်အသိုင်းအ၀န်း တချို့ကသာ နှာခေါင်းစည်း၍ ကာကွယ်သင့်ကြောင်း နားလည်ထားပြီး လှိုင်သာယာ၊ ရွှေပြည်သာ အစရှိသည့် ရန်ကုန် ဆင်ခြေဖုန်းဒေသမှ လူအများစုမှာမူ A (H1N1) ရောဂါနှင့်ပတ်သက်၍ ကြားဖူးခြင်းမရှိကြောင်း ပြောသည်။

ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်မှ တွဲဖက် ပါမောက္ခတဦးက “လူထုကြားထဲကို ရောက်ဖို့အတွက် ရုပ်မြင်သံကြားတို့၊ ရေဒီိယိုတို့ကို အားကိုးမှ ဖြစ်မယ်၊ ကိုရီးယားကား လွှင့်နေတဲ့ အချိန်မျိုးမှာ ကြော်ငြာပုံစံ လွှင့်ပေးသင့်တယ်၊ အစိုးရသတင်းစာကို လူတွေက သိပ် မဖတ်ကြတော့ သတင်းစာမှာ ဖော်ပြရုံနဲ့ မလုံလောက်ဘူး။ ဂျာနယ်တွေမှာ ဖော်ပြပေမယ့် ဈေးကြီးတော့ လူတိုင်း ဘယ်ဖတ်နိုင်မလဲ” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ရန်ကုန်လေဆိပ်အ၀င်၌ ဖျားနာမှုရှိ၊ မရှိ ဆေးစစ်ခြင်း ပြုလုပ်သော်လည်း ဆိပ်ကမ်းများနှင့် နယ်စပ်များမှ ရောဂါမ၀င်ရောက်နိုင်အောင် ကာကွယ်ဆောင်ရွက်ခြင်း ပြုလုပ်သည်ကို မတွေ့ရကြောင်း ပြည်တွင်း ကျန်းမာရေးဂျာနယ်မှ သတင်းအယ်ဒီတာ တဦးက ဆိုသည်။

ဇွန်လ ၂၂ ရက်နေ့က ရန်ကုန်ဆေးရုံကြီးတွင် A (H1N1) ရောဂါခံစားနေရသည်ဟု သံသယရှိသည့် လူနာ အမျိုးသား တဦးကို စစ်ဆေးကုသခဲ့ပြီး ရိုးရိုးတုပ်ကွေးဟု သတ်မှတ်ကာ ဆေးရုံမှဆင်းခွင့်ပြုလိုက်ကြောင်း၊ ဇွန်လ ၂၄ ရက်နေ့တွင်လည်း A (H1N1) ဟု သံသယရှိသော လူနာ အမျိုးသားတဦးအား ရန်ကုန်ဆေးရုံကြီးမှ ဆင်းကာ စစ်ဆေးရုံသို့ ပြောင်းရွှေ့ခဲ့ကြောင်း ရန်ကုန်ဆေးရုံကြီး ကျန်းမာရေး ၀န်ထမ်းများထံမှ ကြားသိရသည်။

ဇွန်လ ၂၇ ရက်နေ့က စင်ကာပူနိုင်ငံမှ ပြန်လာသော အသက် ၁၃ နှစ်အရွယ်ကျောင်းသူ တဦးထံ၌ A (H1N1) ရောဂါပိုး စတင်တွေ့ရှိခဲ့သဖြင့် ၎င်းမှာ မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဝက်တုပ်ကွေး ဖြစ်ပွားသူအဖြစ် သတ်မှတ် ကြောင်း မြန်မာ့ရုပ်မြင်သံကြားမှ သတင်းထုတ်လွှင့်ခဲ့ပြီး ဇွန်လ ၂၈ ရက်နေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် ဖော်ပြခဲ့သည်။

အဆိုပါ A (H1N1) ရောဂါသည် ဧပြီလ ၁၇ ရက်နေ့တွင် မက္ကဆီကိုနိုင်ငံမှ စတင်ဖြစ်ပွားခဲ့ပြီး ဇွန်လ ၂၆ ရက်နေ့အထိ ကမ္ဘာ့ နိုင်ငံပေါင်း ၁၁၇ နိုင်ငံသို့ ကူးစက်ပျံ့နှံ့ခဲ့ကာ ရောဂါဖြစ်ပွားရက် ၇၁ ရက်အကြာတွင် မြန်မာနိုင်ငံ၌ စတင်တွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။

source by : ဧရာဝတီ
ဆက်ဖတ်မယ်...

ပဲခူးတွင် မိုးခေါင်သဖြင့် စပါးစိုက် နောက်ကျ

မဇ္ဈိမနယူးဒေလီ (မဇ္စျိမ)။ ။ ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်အတွင်း မိုးခေါင်သဖြင့် လယ်မြေအချို့တွင်သာ စပါးစိုက်ပျိုးနိုင်သေးကြောင်း လယ်သမားများ အပြောအရ သိရသည်။

ယခုလ ရက်သတ္တပတ်မှ စတင်ကာ မိုးစတင်ရွာသွန်းခဲ့သဖြင့် စိုက်ပျိုးမြေဧက အားလုံး၌ စပါးစိုက်ပျိုးနိုင်ခြင်း မရှိဘဲ လယ်ယာစိုက်ပျိုးမြေ ၅ ပုံ ၁ ပုံ၌သာ စိုက်ပျိုးနိုင်ကြောင်း လယ်သမားများ အပြောအရ သိရခြင်း ဖြစ်သည်။

“ရေ အဓိက၊ ပြဿနာက မိုးခေါင်လွန်းလို့ပါ။ ဒါကြောင့် မိုးရွာတဲ့ နေရာတချို့မှာပဲ ရွေးပြီး စိုက်ရတယ်။ ဆည်မြောင်းကလည်း ရေ လုံးဝ မပေးဘူးဗျ” ဟု ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်မှ လယ်သမားတဦးက မဇ္စျိမကို ပြောသည်။

ဒိုက်ဦးမြို့နယ်သည် စပါးထွက် အကောင်းဆုံး ဒေသများအနက် တခု အပါအ၀င်ဖြစ်ပြီး စိုက်ပျိုးမြေ လယ်မြေဧက တသောင်းကျော် ရှိသည်။

သို့သော် ယခုနှစ်တွင် မိုးခေါင်သဖြင့် စပါးစိုက်ဧက ၁ သောင်းကျော်တွင် ၂၀၀၀ ၀န်းကျင်ခန့်သာ စိုက်ပျိုးနိုင်ကြောင်း လယ်သမားများက ဆိုသည်။

“ကျနော်တို့ ဒိုက်ဦးဆိုရင် ပဲခူးတိုင်း တတိုင်းလုံးထဲမှာ စပါးစိုက်အား အကောင်းဆုံးနေရာပဲ။ လယ်ဧကဆိုရင် တသောင်းကျော် ရှိတယ်။ အဲဒီထဲမှာမှ မိုးခေါင်လို့ ၂၀၀၀ ၀န်းကျင်ပဲ စိုက်နိုင်ကြတယ်လေ” ဟု လယ်သမားတဦးက ဆိုသည်။

ပြီးခဲ့သည့်နှစ် ဇွန်လကုန်ပိုင်းတွင် စပါး စတင်စိုက်ပျိုးခဲ့ရသော်လည်း ယခုနှစ် ဇွန်လကုန်ပိုင်းရောက်နေချိန်တွင် လယ်ရှင်းခြင်း၊ ပျိုးထောင်ခြင်းများကိုသာ စတင်နေရသေးသည်။

ယခုလို စပါးစိုက် နောက်ကျသဖြင့် စပါးအထွက်နှုန်းပါ ထိခိုက်မည့် အလားအလာရှိကြောင်း အခြား လယ်သမား တဦးက ဆိုသည်။

“ကျနော်တို့ လယ်စိုက်တာ နောက်ကျတော့ အခု အခြေအနေ အတိုင်းဆိုရင် စပါးက တော်တော် အထွက်နည်းမယ့် ပုံပဲဗျာ။ ဘာဖြစ်လို့လဲဆိုရင် ရှိသမျှလယ်တွေ အကုန်မစိုက်တာက တကြောင်းပေါ့နော်။ မိုး တော်တော် နည်းတော့ စပါးအထွက်နှုန်း တော်တော်နည်းအုံးမယ့် အလားအလာ ရှိတယ်” ဟု သူက ပြောသည်။

အလားတူပင် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ၊ မြောက်ဦး၊ ရသေ့တောင်၊ မောင်းတော စသည့် မြို့နယ်များအတွင်း မိုးခေါင်သဖြင့် လယ်သမားများ စိုက်ပျိုးရန် အခက်အခဲ တွေ့နေသည်။

“လယ်လုပ်တဲ့သူ မများပေမယ့် ဒီမှာလည်း မိုးခေါင်တယ်။ တခြားဒေသတွေမှာတော့ မိုးရွာပေမယ့် မိုးနည်းတယ်” ဟု စစ်တွေမြို့နယ် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ပစ္စည်းများ ရောင်းချနေသည့် အရောင်းဆိုင် ၀န်ထမ်းတဦးက ပြောသည်။

ထို့အပြင် မိုးခေါင်နေသဖြင့် စိုက်ပျိုးရေးပစ္စည်းများ ပြီးခဲ့သည့်နှစ်ထက် အရောင်းမသွက်ကြောင်း သူက ဆက်ပြောသည်။

source by : မဇ္ဈိမ
ဆက်ဖတ်မယ်...

ထိုင်း-မြန်မာနယ်စပ် Moei မြစ်တလျှောက် လုံခြုံရေး တပ်လှန့်ထား


မဇ္ဈိမသတင်းဌာန

ချင်းမိုင် (မဇ္ဈိမ)။ ။ ဒီကေဘီအေ လက်နက်ကိုင်တပ်ဖွဲ့နှင့် ထိုင်းစစ်တပ်တို့ မိနစ်အနည်းအငယ်ကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီးနောက် ထိုင်းလုံခြုံရေးအရာရှိများက နှစ်နိုင်ငံ နယ်စပ်ရှိ Moei မြစ်တလျှောက် တပ်လှန့်ထားလိုက်သည်။

ထိုင်းနယ်မြေကို ဖြတ်ကျော်ရန် ကြိုးစားနေသော ဒီကေဘီအေ ခေါ် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော်နှင့် ထိုင်းစစ်တပ်အကြား အပြန်အလှန် ပစ်ခတ်ကြရာမှ မြန်မာ-ထိုင်းနယ်စပ်တလျှောက် Moei မြစ်ကြောင်းတလျှောက် ယခုလို တပ်လှန့်လိုက်ခြင်းဖြစ်သည်။

ယခုလ ၂၇ ရက်နေ့က ထိုင်းနိုင်ငံ မယ်ခူလွန်းကျေးရွာကို ဖြတ်ကျော်ရန် ကြိုးစားနေသော ဒီကေဘီအေနှင့် တပ်ခ်ဒေသ မဲဆောက်ခရိုင်မှ ထိုင်းစစ်တပ်အကြား ၁ဝ မိနစ်ခန့်ကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြသည်။

တိုက်ပွဲဖြစ်ပြီးနောက် အခင်းဖြစ်ပွားရာသို့ ထိုင်းစစ်တပ်က သွားရောက်စစ်ဆေးခဲ့ရာ ဒီကေဘီအေ အဖွဲ့ဝင် အမျိုးသားတဦးနှင့် အမျိုးသမီးတဦး သေနတ်ဒဏ်ရာဖြင့် လဲနေသောကြောင့် မဲဆောက်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် အခြား နှစ်ဦးမှာမူ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားကြောင်း သိရသည်။ ထိုင်းစစ်တပ်အရာရှိများက တိုက်ပွဲဖြစ်သည့်နေရာ၌ လက်နက်ခဲယမ်းများ တွေ့ရှိခဲ့ပြီး၊ ထွက်ပြေးသွားသော ဒီကေဘီအေ တပ်ဖွဲ့ဝင် နှစ်ဦးနောက်သို့  လိုက်လံရှာဖွေလျက်ရှိသည်။


အခင်းဖြစ်ပွားပြီးနောက် အမည်မသိ လက်နက်ကိုင်အဖွဲ့တဖွဲ့က ဒီကေဘီအေ တပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသော လှေတစီးအား အပြင်းအထန် တိုက်ခိုက်ခဲ့ရာ ဒီကေဘီအေ ထိပ်တန်းအရာရှိဖြစ်သူ တပ်ရင်း အမှတ် ၇ ၏ တပ်ရင်းမှူး ဗိုလ်မှူးကြီးဆန်ပြုံး အပါအဝင် တပ်သား ၁၆ ဦး သေဆုံးခဲ့သည်။

ထိုင်းနိုင်ငံ ဒု-ရဲချုပ်ဖြစ်ပြီး၊ အမှတ် ၆ ဘုရင့်ရဲရုံးချုပ် ဆူရာဆရီ ဆန်တောန်ဆာရ်တွန်းသည် မယ်ဆောင်ဒေသရှိ အခင်းဖြစ်ရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ဒီကေဘီအေ တပ်ဖွဲ့၏ လှေ အပစ်ခံရသည့် ကိစ္စကို ဆက်လက်၍ စစ်ဆေးနေသည်။

ဗိုလ်မှူးကြီးဆန်ပြုံးသည် ယမန်နှစ်က မယ်ဆောင်ခရိုင်၌ လုပ်ကြံခံရသော ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ၏ အထွေထွေ အတွင်းရေးမှူးဟောင်း ပဒိုမန်းရှာ၏ အမှုနှင့်ပတ်သက်နေသည်ဟု စွပ်စွဲခံရသူ ဖြစ်သည်။ အကယ်၍ ဆန်ပြုံးသည် တိုက်ပွဲ၌ ကျဆုံးခဲ့သည်မှန်ပါက ထိုင်းရဲအနေဖြင့် ထိုင်းမှုခင်းတရားရုံးမှ ထုတ်ပြန်ထားသော ဖမ်းဆီးမိန့်ကို ပြန်လည်ရုပ်သိမ်းမည်ဖြစ်သည်။

သို့သော်လည်း လက်နက်ကိုင်အချို့ ထိုင်းနယ်မြေအတွင်း ဖြတ်ကျော်၍ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း ဒေသခံများက သတင်းပေးပို့သဖြင့် ထိုင်းစစ်တပ်က တပ်လှန့်ထားလိုက်ခြင်းလည်း ဖြစ်သည်။

ယခုနှစ်အတွင်း ထိုင်းနိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေသော မြန်မာနိုင်ငံ ကရင်ပြည်နယ်၌ ဖြစ်ပွားနေသော အခြေအနေများကြောင့် ဒေသခံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကို စိုးရိမ်မကင်းဖြစ်စေခဲ့သည်။ ထောင်ပေါင်းများစွာသော ကရင်ရွာသားများသည် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်းနှင့် အများစုမှာ ဖျားနာပြီး၊ အာဟာရဓာတ် ချို့တဲ့ခြင်းများ ကြုံတွေ့နေခဲ့ကြသည်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာများ ခံစားနေကြသော တပ်ခ်ဒေသ တာဆောင်းရန်ခရိုင်၌ ခိုလှုံနေကြသည့် အသစ်ရောက်ရှိလာသော ကရင်ဒုက္ခသည်များအား ငှက်ဖျားနှင့် အပြည်ပြည်ဆိုင်ရာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများသည် ဆေးဝါးအကူအညီ ထောက်ပံ့မှုများ ရှိနေသည်။

တိုက်ပွဲကြောင့် ထွက်ပြေးလာသော ကရင်ဒုက္ခသည်ပေါင်း ၃၀၀၀ ခန့်ရှိမည်ဟု ထိုင်းအစိုးရက ခန့်မှန်းသော်လည်း ဒေသခံ အစိုးရမဟုတ်သော အဖွဲ့အစည်းဝန်ထမ်းများကမူ ခန့်မှန်းထားသည့် အရေအတွက် ပိုများမည်ဟု ဆိုကြသည်။

Moei မြစ်၌ ဖြစ်ပွားသော တိုက်ပွဲများကြောင့် ထွက်ပြေးလာသော ကရင်ရွာသား ဦးရေမှာ ပိုမိုများပြားလာမည်ဟု ပြောဆိုကြသည်။

ဆက်ဖတ်မယ်...

တုပ်ကွေးသတင်း လိုက်သူ သတင်းထောက် ထိန်းသိမ်းခံရ


ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ၏ ပထမဆုံး A (H1N1) ရောဂါဖြစ်ပွားသူဟု တရားဝင် ထုတ်ပြန် ကြေညာခံရသည့် ၁၃ နှစ်အရွယ် ကျောင်းသူလေးအား ဓာတ်ပုံရိုက်ရန် ကြိုးစားခဲ့သော သတင်းထောက်တဦးကို ယမန်နေ့က တာဝန်ရှိသူများက ထိန်းသိမ်းထားလိုက်သည်။

သတင်းထောက်သည် တာဝန်ကျ အစောင့်အား လာဘ်ပေး၍ ရောဂါဖြစ်ပွားနေသူ ကျောင်းသူလေးအား ဓာတ်ပုံရိုက်ခဲ့သည်။ မည်သူဖြစ်သည်ကို အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း သတင်းထောက်မှာ ရောဂါကာကွယ်ရေး ကိရိယာများ သုံးစွဲခြင်းမရှိသဖြင့် ရောဂါကူးစက်ခြင်း ရှိ၊ မရှိ စစ်ဆေးရန်ဖြစ်သည်ဟု ရန်ကုန်ဆေးရုံကြီး တာဝန်ရှိသူများက ပြောသည်။

“ဒီကိစ္စက ဆေးရုံရဲ့ လုံခြုံရေးကို ချိုးဖောက်ရုံမကဘူး၊ ရောဂါပါ ပြန့်ပွားစေနိုင်တဲ့ အခြေအနေ ဖြစ်နေလို့ပါ” ဟု ရန်ကုန်ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး တဦးက ပြောသည်။


“သူ့ကို ရောဂါကူးစက်နိုင်တဲ့ အနေအထား ရှိကောင်းရှိနိုင်ပါတယ်။ မိန်းကလေး (ရောဂါဖြစ်ပွားနေသူ) ကို သီးသန့်ထားတဲ့ အခန်းထဲကို ဝင်မယ့် ဆရာဝန်ကြီးတွေက ပိုးသတ်ထားတဲ့ ဝတ်စုံတွေအပြင် အထူးစီမံထားတဲ့ Mask တွေတပ်ပြီးမှ ဝင်ရတာ။ ဒီသတင်းထောက်က ဘာမှ အကာအကွယ်မသုံးခဲ့တာမို့ သူ့ကို Quarantine အနေအထားနဲ့ စောင့်ကြည့်ရဦးပါမယ်” ဟု ယင်းဆရာဝန်ကြီးက ပြောသည်။

လာဘ်ယူပြီး ခွင့်ပြုခဲ့သော အစောင့်အား အလုပ်ထုတ်အရေးယူခဲ့ကြောင်း သိရသည်။

ရန်ကုန်ဆေးရုံကြီး လူနာဆောင်အမှတ် (၁၁-၁၂) ၌ ထားရှိသော A (H1N1) ရောဂါဖြစ်နေသူလေး၏ မိဘများ၊ သူမနှင့်အတူ စာသင်ခဲ့သော စာသင်ဝိုင်းမှ အခြားကလေးများ အားလုံးကို စောင့်ကြည့်စစ်ဆေးနေဆဲ ဖြစ်သည်။

အဆိုပါ ၁၃ နှစ်သမီး ကျောင်းသူလေးအား ဇွန်လ ၂၆ ရက်နေ့က ရန်ကုန်လေဆိပ်၌ အပူချိန်တိုင်းကိရိယာဖြင့် စစ်ဆေးခဲ့သော်လည်း မည်သည့်ထူးခြားမှုမျိုးမှ မတွေ့ခဲ့ရဘဲ စာသင်ဝိုင်းသို့ ရောက်ရှိချိန်တွင် ဆရာမမှ သူမ ချောင်းဆိုးမှု ပုံမှန်မဟုတ်ကြောင်း စတင်သတိပြုမိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဆရာမမှာ အမျိုးသားကျန်းမာရေးဌာန (MHA) မှ ဆရာဝန် တဦးဖြစ်ကြောင်း သိရှိရပြီး၊ ယင်းဆရာမကိုယ်တိုင် ကလေးအား ဆေးရုံသို့ ပို့ပေးခဲ့ကြောင်း သိရသည်။

စာသင်ဝိုင်းရှိ အခြား ကျောင်းသား၊ ကျောင်းသူအားလုံးကို စမ်းသပ်စစ်ဆေးပေးနေသော်လည်း၊ ကျောင်းသား (သို့) ကျောင်းသူတဦးမှာ နယ်သို့ပြန်သွားခဲ့သဖြင့် အချိန်မီ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်နိုင်ရန် လိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။ ယင်း ကျောင်းသား (သို့) ကျောင်းသူမှာ ဒီပဲယင်းမြို့သို့ ပြန်သွားခဲ့သည်။

ဆက်ဖတ်မယ်...

ဝက်တုပ်ကွေးကာကွယ် နှာခေါင်းစည်းများ ရောင်းကောင်း

Monday, 29 June 2009
အောင်သက်ဝိုင်း။ ။ဧရာဝတီ
မြန်မာနိုင်ငံတွင် ဝက်တုပ်ကွေးရောဂါ A (H1N1) ကူးစက်ခံရသူ တဦးတွေ့ရှိသည်ဟု ကျန်းမာရေးဝန်ကြီး ဌာနက ကြေညာလိုက်ပြီး နောက်ပိုင်း ရန်ကုန်မြို့တ၀န်းရှိ ဆေးဆိုင်များမှ နှာခေါင်းစည်း (Surgical Mask) များ ၀ယ်ယူမှု မြင့်တက်သွားကြောင်း ၎င်းဆေးဆိုင်များမှ စုံစမ်းသိရှိရသည်။
ရန်ကုန် ဘတ်စ်ကား မှတ်တိုင် တခုတွင် လူ ၂ ဦး ဝက်တုပ်ကွေးကူးစက်ရောဂါ ကာကွယ် နှာခေါင်းစည်းများ စည်းထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - မင်းခက်မောင်/ဧရာဝတီ)
အစိုးရ ကျန်းမာရေး ဝန်ကြီးဌာနက အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တဦး A (H1N1) ဝက်တုပ်ကွေး ရောဂါ ကူးစက်ခံထားရကြောင်း ပြီးခဲ့သည့် စနေနေ့က ကြေညာခဲ့ပြီးနောက် ထိုကဲ့သို့ နှာခေါင်းစည်းများစွာ ဝယ်ယူမှု မြင့်တက်ခဲ့ရခြင်း ဖြစ်သည်။

ရောဂါ ကူးစက်ခံရသူ မိန်းကလေးသည် စင်ကာပူနိုင်ငံသို့ ဇွန်လ ၂၁ ရက်နေ့တွင် အလည်အပတ် သွားရောက်ကာ ဇွန်လ၂၆ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီးနောက် ဝက်တုပ်ကွေးရောဂါ ကူးစက်ခံထားရသည် ကို တွေ့ရှိရသည့်အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကျပ်မတ်ကုသပေးလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ကြေညာခဲ့သည်။


ယင်းသို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာပြီးနောက်တနေ့ ဇွန် ၂၈ ရက်နေ့တွင် ရန်ကုန်မြို့လယ်ရှိ ဆေးဆိုင် များတွင် နှာခေါင်းစည်း အများအပြားဝယ်ယူနေကြရာ လူတဦးလျှင် အနည်းဆုံး ဆယ်ခုခန့်ဝယ်ယူကြသည် ဟု လမ်းတော်မြို့နယ် အနော်ရထာလမ်းရှိ ထိုက်အောင် ဆေးစတိုးမှ စုံစမ်းသိရှိရသည်။

လမ်းမတော်မြို့နယ်ရှိ ကောင်း ဆေးစတိုးမှ ဆိုင်တာဝန်ခံ တဦးကလည်း“လူတဦးကို အနည်းဆုံး ဆယ်ခုလောက် ၀ယ်ကြတယ်။ အရင်တုန်းက သိပ်မရောင်းရဘူး။ တနေ့မှ ငါးခု၊ခြောက်ခုလောက်ပဲ၊ တော်တော်ရှားရှားပါးပါး လာ ၀ယ်ကြတာ။ ဒီနေ့တော့ ဆိုင်မှာရှိတာ အကုန်ကုန်သွားတယ်”ဟု ပြောပြသည်။

“ဒီနေ့မနက်ကတည်းကစပြီး နှာခေါင်းစည်း ၀ယ်တဲ့လူ အရမ်းများတယ်။ စတိုခန်းထဲကနေ ပုံးလိုက် ပုံးလိုက်ကို ထုတ်နေရတယ်” ဟု ကျောက်တံတားမြို့နယ် ဆူးလေဘုရားလမ်းတွင် ဖွင့်လှစ်ထားသော AA Pharmacy ဆေး ကုမ္ပဏီမှ အရောင်းဝန်ထမ်းတဦးက ပြောသည်။ ပုံး တပုံးတွင် နှာခေါင်းစည်း အရေအတွက် ၃၂၀ ပါဝင်ကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အပါအဝင် ရန်ကုန်မြို့ရှိ ဆေးရုံ၊ဆေးပေးခန်းများကလည်း နှာခေါင်စည်းများ ၀ယ်ယူ နေသည့်အတွက် ဆေးဆိုင်များတွင် လက်ကျန်မရှိသည်အထိ ရောင်းနေရကြောင်း၊ မူလက နှာခေါင်းစည်း တခု လျှင် ငွေကျပ် ၅၀ မှ ၂၀၀ ကျော် အထိ ဈေးတက်သွားပြီး လာမည့်ရက်ပိုင်းတွင် ပိုမိုဈေးတက်ဖွယ်ရှိသည်ဟု လည်း တာမွေမြို့နယ် ၁၃၈ လမ်းမှ ဆေးနှင့်ဆေးပစ္စည်း လက်လီလက်ကား အရောင်းဆိုင်ကြီးတခု၏ မန်နေဂျာ က ရှင်းပြသည်။

“နှာခေါင်းစည်းတွေက တရုတ်ပြည်၊ အင်ဒိုနီးရှားနဲ့ ထိုင်းက သွင်းတာများတယ်။ ရန်ကုန်မှာ နှာခေါင်းစည်းသွင်းတဲ့ ကုမ္ပဏီတွေ တော်တော်များရှိတယ်။ ဒါပေမယ့် နှာခေါင်းစည်းထုတ်တဲ့ နိုင်ငံတွေမှာလည်း ၀က်တုပ်ကွေး ဖြစ်နေ ချိန် ဆိုတော့ နှာခေါင်းစည်းတွေက သိပ်ပြီးရောင်းကောင်းနေတဲ့အချိန်ပဲ။ မြန်မာပြည်က လိုချင်သလောက် မသွင်း နိုင်ရင်တော့ ဒီရက်ပိုင်းအတွင်း ဈေးက တဟုန်ထိုးတက်ဖို့ရှိတယ်”ဟု အထက်ပါ မန်နေဂျာက ပြောဆိုသည်။
ဝက်တုပ်ကွေးရောဂါအကြောင်းကြားဖူးနားဝရှိနေသော လူများအကြား နှာခေါင်းစည်းများ ၀ယ်ယူတပ်ဆင်ပြီး ရောဂါကာကွယ်ရန် ပြင်ဆင်နေသော်လည်း ရန်ကုန်မြို့၊ ဆင်ခြေဖုံးဒေသများတွင် နေထိုင်သော အခြေခံ လူတန်း စားများမှာ ထိုတုပ်ကွေးရောဂါအကြောင်း မသိရှိဘဲ မည်သို့မည်ပုံကာကွယ် ရမည်ကိုလည်း စိတ်မ၀င်စားကြဟု သိရှိရသည်။

ကျန်းမာရေးဝန်ကြီးဌာနက A(H1N1) ရောဂါနှင့်ပတ်သက်ပြီးသတိပေးချက်များ သတင်းစာ၊ ရုပ်မြင်သံကြားမှ ထုတ်လွှင့်နေသော်လည်း လူထုကြားတွင် ထိုရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးမှုများ ကျယ်ကျယ်ပြန့်ပြန့်
အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်လိုအပ်သည်ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မြို့နယ်တာဝန်ခံတဦးကဆို သည်။

“မြန်မာနိုင်ငံမှာသာ ဒီရောဂါကူးစက်လာရင် တော်တော်ထိန်းရခက်မယ်။ လူအများစုက လူပြည့် သိပ်ကျပ် နေတဲ့ ဘတ်စ်ကားတွေမှာ နေ့စဉ်လှုပ်ရှားသွားလာနေရတာ။ ကြိုတင်ကာကွယ်တားဆီးရေးတို့ နှိုးဆော်ချက်တို့ ပုံစံ မဟုတ်ဘဲ ညွှန်ကြားချက်ပုံစံထုတ်ပြီး လိုက်နာခိုင်းရမယ်။ အသိပညာပေးမှု စဉ်ဆက်မပြတ် အမြဲတမ်းလုပ်သွားရ မယ်”ဟု ထိုကြက်ခြေနီအရာရှိက ပြောသည်။

ဝက်တုပ်ကွေးရောဂါ A(H1N1) ကူးစက်ခံရပါက Tamiflu ( Oseltamivri) နှင့် Relenza ( Zanamivri) ဆေး နှစ် မျိုးဖြင့်ကုသရမည်ဖြစ်ပြီး ကာကွယ်ဆေးမှာလည်း ထုတ်လုပ်နိုင်ရန် ၃လ၊ ၄လ နီးပါးကြာမြင့်နိုင်ကြောင်း၊ ရောဂါ ကာကွယ်ဆေးကို ဖွံ့ဖြိုးပြီးနိုင်ငံကြီးများတွင်သာ အများဆုံးထုတ်လုပ်နိုင်ပြီး ကမ္ဘာ့လူဦးရေအတွက် လုံလောက် စွာ မထုတ်လုပ်နိုင်သေးဟု ကျန်းမာရေးဝန်ကြီးဌာကထုတ်ပြန်သော သတိပေးချက်များတွင် ဖော်ပြထားသည်။

ယခု ၂၀၀၉ ခုနှစ်တွင် နိုင်ငံပေါင်း တရာကျော်ရှိလူပေါင်း သုံးသောင်းနီးပါးတွင် ကူးစက်နေပြီး ရာနှင့်ချီ သေဆုံး နေသည် ဟူသော ဝက်တုပ်ကွေးရောဂါသည် ၁၉၆၈ ခုနှစ်တွင် လူဦးရေ ၇ သန်းခန့် အသက်ဆုံးရှုံးခဲ့ကြောင်း၊ ၁၉၅၇-၅၈ ခုနှစ်က ဒုတိယအကြိမ် ဖြစ်ပွားမှုတွင် လူဦးရေ ၂ သန်းမှ ၄ သန်းခန့်၊ ပထမအကြိမ်ဖြစ်ပွားခဲ့သော ၁၉၁၈ ခုနှစ်တွင် လူပေါင်း သန်း ၄၀ ခန့် သေဆုံးခဲ့ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏ တရားဝင် ထုတ်ပြန်ချက် များအရ သိရှိရသည်။

ဆက်ဖတ်မယ်...

ဗုဒ္ဓရုပ်ပွားတော် ရက်လုပ်ပူဇော်ရန် နတ်များပါရမီဖြည့်ဟု ယုံကြည်နေ


သျှမ်းသံတော်ဆင့်

သျှမ်းပြည်(မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် မဟာစည်တောရကျောင်းတွင် ၀ါးနှီးဖြင့်ဗုဒ္ဓရုပ်ပွားတော် ယက်လုပ်စဉ်က အံ့သြဖွယ်ရာဖြစ်ရပ်ဆန်းများ ကြုံတွေ့ခဲ့ရကြောင်း ပါဝင်သည့် ဒေသခံများက ဆိုသည်။

ဗုဒ္ဓရုပ်ပွားတော်ယက်လုပ်စဉ်တွင် နတ်တံတားဖြစ်ပေါ်လာခြင်း၊ အိပ်မက်အရကြိုသိပြီး ၀ါးလာလှူခြင်းများကို အံ့သြဖွယ်တွေ့ရှိခဲ့ရကြောင်း ဘုရားဂေါပကအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။


သျှမ်းပြည်အနှံ့နှင့်အခြားနေရာများ၌ နှီးဘုရားရုပ်ပွားတော် ယက်လုပ်ပူဇော်နေသည့် နမ့်ခမ်းမြို့နယ်မဟာစည်တောရ ကျောင်းမှ ဆရာတော်ဦးဝိမလဗုဒ်တိဦးစီး၍ အဆိုပါ ဗုဒ္ဓရုပ်ပွားတော်ကို ယက်လုပ် ပူဇော်ခဲ့ခြင်းဖြစ်သည်။

ဆရာတော်၏ အတွေ့အကြုံအရ ကချင်ပြည်နယ် ဖားကန့်မြို့တွင် ရုပ်ပွားတော် ယက်လုပ်စဉ် ဘုရားရက်သည့် ရှေ့တည့်တည့်၌ ထူးဆန်းသည့် ရွေဝါရောင် တိမ်တိုက်များဖြစ်ထွန်း လာခဲ့ကြောင်း ဆိုသည်။

နမ့်ခမ်း မဟာစည်တောရကျောင်း၌ မေလ(ရ)ရက်နေ့တွင် ဂေါပကအဖွဲ့ဝင်များနှင့်မန့်မိုင် မန့်ဟွေ့ မန့်မွန်း ရပ်ရွာ လူကြီးများ ရုပ်ပွားတော်ရက်လုပ်မည့်ကိစ္စ တိုင်ပင် ဆွေးနွေးနေစဉ် လူငယ်အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ကျောင်းတွင်းဝင်လာကာ ဂေါပကလူကြီးများကို အခုလိုမေးမြန်းခဲ့ကြောင်း ဂေါပကအသိုင်းအ၀ိုင်းက သူတစ်ဦးက ပြောသည်။


“ ကျောင်းထဲဝင်လာပြီး လူတွေကိုချက်ခြင်းမေးလိုက်တယ် ဘုရားယက်မယ်ဆို ဂေါပကတွေကလည်း ဟုတ်တယ်လို့ ချက်ခြင်းပြန်ဖြေလိုက်တယ် ဒါဆိုဝါးယူလာတယ် ဒါကသျှမ်းလိုဆို မိုက်မုန်းလို့ခေါ်တယ် ဒါနဲ့ဂေါပကတွေက
နင်တို့ ဘယ်လိုသိလဲ ဘုရားရက်မယ်ဆိုတာ အစီအစဉ် ဘယ်လိုရှိလည်းဆိုတာ ငါတို့တောင် မကြေငြာရ သေးဘူးအစည်းအဝေးတောင် အခုမှပြီးသွားတယ် ပြန်ပြောလိုက်တယ်” လို့ သူကပြောသည်။

“သူတို့က ကျနှော်တို့အမေကယူလာခိုင်းတာပါ အမေကအိပ်မက်မက်လို့ မနက်စောစောထပြီး ဟိုဘက်တောင် ကျောမှာ သွားခုတ်ပြီးယူလာခဲ့တာပါ ” လို့ ဆက်ပြောသည်။

မေလ(၁၅)ရက် ရုပ်ပွားတော်ယက်မည့် ၀ါးခုတ်ရန်အတွက် ရေချောင်းကိုဖြတ်ရန် တံတားထိုးရမည့် အခက်အခဲကြုံ တွေ့နေရစဉ် (၁၄)ရက်နေ့ညပိုင်းက မိုးကြီးလေကြီးများကျရောက်ခဲ့ကာ သစ်ပင်ကြီးနှစ်ပင်ကျိုးကျပြီး အလိုအလျောက် တံတားဖြစ်ပေါ်ခဲ့သဖြင့် သူတို့က နတ်များက ဘုရားရက်ရန်အတွက် ပါရမီဖြည့်နေကြကြောင်း ယုံကြည် နေကြသည်။

“ ဆရာတော် ဦးဝိမလဗုဒ်တိ ပြောတဲ့အတိုင်း သျှမ်းရွာတစ်ရွာဆို အပျိုတော် (ရ) ယောက် လူပျို (ရ) ယောက် လူ ကြီး ပန်းဒကာတွေနဲ့ အိုးစည်ဗုံမောင်းတွေနဲ့ ၀ါးသွားခုတ်ရမယ် နံနက်စောစော (၆) နာရီလောက် ၀ါးသွားခုတ်မဲ့ အဖွဲ့ ထော်လာဂျီတွေနဲ့ဝါးသွားခုတ်မဲ့နေရာကိုသွားလိုက်တယ် နမ့်ကမ်းချောင်းကိုရောက်တော့ တံတားခင်းရမယ်ဆိုပြီးစီစဉ်နေတုန်း တစ်ယောက်က အော်လာတယ် ငါတို့တံတားခင်းစရာမလိုတော့ဘူး သူ့အလိုလိုတံတားဖြစ်နေပြီဆိုတော့ အကုန်လုံးအံ့သြကြတယ် ” လို့ သူက ဆိုသည် ။

ယခုယက်လုပ်နေသည့် ဗုဒ္ဓရုပ်ပွားတော်သည် ယခုအပတ်အတွင်းအောင်မြင်စွာပြီးဆုံးသွားပြီ ဖြစ်ကြောင်းသိရသည် ။

ဆက်ဖတ်မယ်...

မြန်မာပြည် ၀က်တုပ်ကွေးစဖြစ်၊ ရောဂါပိုးရှိသူနဲ့ သီးခြား နေရန်လို


VOA

တကမ္ဘာလုံးက ထိတ်လန့်နေတဲ့ H1N1 ဗိုင်းရပ်စ် ကြောင့်ဖြစ်တဲ့ ၀က်တုပ်ကွေးရောဂါ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် စ ဖြစ်နေပါပြီ။ ဒါကို နိုင်ငံပိုင် မီဒီယာတွေကလည်း စနေနေ့ က အတည်ပြု သတင်းပေးခဲ့ကြပါတယ်။

ဒါ နဲ့ ပတ်သက်ပြီး ဦးတင်မောင်သန်း က ဘာများ ကြားပါသေးလဲ။ -

"လူနာ က အသက် ၁၃ နှစ် အရွယ် ကလေးဖြစ်ပြီး၊ စင်္ကာပူနိုင်ငံ က သောကြာနေ့ နေ့လည် မှာ ပြန်လာခဲ့တာပါ။ ဒီ ကျောင်းသူလေး ကို ဆေးရုံကြီး က သီးသန့် အထူးခန်း မှာ တင်ထားတယ်လို့ သတင်း က ဆိုပါတယ်။"

ဝက်တုပ်ကွေး ကို ကူးစက်တတ်တဲ့ ရောဂါလို့ ပြောကြပါတယ်။ မကူးစက်ရအောင် ဘယ်လိုများ ကာကွယ်နိုင်မလဲ ဆိုတာ ကို ဦးတင်မောင်သန်း မေးမြန်းကြည့်ထားတာများ ရှိပါသလားရှင်။ -

"ဟုတ်ကဲ့ ရှိပါတယ်။ အဓိက က တော့ တုပ်ကွေးမိတဲ့ လူနာပါပဲ။ သူတို့ ကနေ တခြားသူတွေ ကို ကူးစက်တတ်တာမို့ သူတို့ နေထိုင်ပုံ က အဓိက ကျလာပါတယ်။ ဒါနဲ့ ပတ်သက်ပြီး၊ အင်္ဂလန်နိုင်ငံ က ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာ မျိုးမြတ်လွင် ကို မေးကြည့်တဲ့အခါ၊ သူ က အခုလို ပြောပါတယ်။"



ဦးမျိုးမြတ်လွင်။ ။ ဒီရောဂါ ရရှိတယ် ဆိုတာ စမ်းသပ်ပြီးတော့ သေချာတယ် ဆိုရင် အကောင်းဆုံးကတော့ ကျောင်းမသွား အပြင်မသွားဘဲ အိမ်မှာနေတာ အကောင်းဆုံးပါပဲ။ ဒီရောဂါ လက္ခဏာ မရှိတော့တဲ့အထိ အိမ်မှာ ဘယ်သူနဲ့မှ အဆက်အသွယ်မ လုပ်ဘဲ နေရမယ်။ အိမ်မှာလည်း ကိုယ့်မိသားစုကို မကူးအောင်လို့ အထူးသတိထားရမှာပေါ့။ ချောင်းဆိုးတယ်၊ နှာချေတယ် ဆိုလို့ရှိရင် တစ်ရှူး စက္ကူလလေးတွေနဲ့ အုပ်ပြီးတော့ လွှတ်ပစ်ရမယ်။ ပြီးတော့ လက်ကို သေချာ ဆေးကြောရမယ်။ အဲဒါ သိပ်အရေးကြီးပါတယ်။

ဟုတ်ကဲ့။ အဲဒီ ကျောင်းသူလေး ဟာ မြန်မာပြည်ပြန်ရောက်ပြီးတော စာသင်တဲ့ အတန်း သွားတက်သေးတယ်လို့လည်း ပြောပါတယ်။ တခြား ကျောင်းသူကျောင်းသားတွေ အတွက် စိုးရိမ်စရာ မရှိနိုင်ဘူးလားရှင်။ -

"ဟုတ်ကဲ့။ စိုးရိမ်စရာ ရှိပါတယ်။ အဲဒီ အတန်း မှ မဟုတ်ပါဘူး။ သူ နဲ့ လေယာဉ်တခရီးတည်း စီးလာခဲ့တဲ့ သူတွေ အနေနဲ့လည်း တုပ်ကွေးမိမှာ စိုးရပါတယ်။ ဒါကြောင့်လည်း ဒီ ကလေး နဲ့ ထိတွေ့မှုရှိတဲ့ သူ့မိသားစု၊ အတန်းတက်ဖော် သူငယ်ချင်းတွေ နဲ့ လေယာဉ် တခရီးတည်း သွားခဲ့တဲ့ သူတွေကိုလည်း ကျန်းမာရေး ဌာန က စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ သူတို့ အနေနဲ့ ဘာဂရုစိုက်သင့်သလဲ ဆိုတာ ကို မေးကြည့်တဲ့အခါ၊ ဆရာမျိုးမြတ်လွင် က အခုလို ပြောပါတယ်။

ဦးမျိုးမြတ်လွင်။ ။ ရောဂါကတော့ တပတ် နှစ်ပတ်လောက်အထိ ပေါ့နော်။ နှစ်ပတ်လောက်အထိကတော့ လက္ခဏာ နောက်ပိုင်းမှာ ပေါ်လာနိုင်တယ်။ အဲဒီအတွင်းလောက် အထိကတော့ စောင့်ကြည့်ဖို့ လိုပါတယ်။ ဒီ လေယာဉ်ပျံပေါ်မှာ အတူပါလာတဲ့သူတွေ ရော၊ အတန်းထဲက နီးစပ်တဲ့သူတွေရော သူတို့ကတော့ ကိုယ့်ဟာကိုယ် သတိထားပြီး နေရမှာပေါ့လေ။ ကိုယ့်ရဲ့ ရောဂါ လက္ခဏာ စပေါ်လာတာနဲ့ ဆရာဝန်နဲ့ တွေ့ရမယ်။ တွေ့ပြီးတော့ ဒီရောဂါ ဟုတ်မဟုတ်ကို စစ်ဆေးပြီးတော့ ကုသရမယ်ပေါ့လေ။ အရေးကြီးဆုံးကတော့ ဆက် မပျံ့ဖို့ပဲ ဆိုတော့ လူတွေလည်း တတ်နိုင်သလောက် အိမ်မှာပဲ နေသင့်တာပေါ့လေ။ တကယ်လို့ ဒီ တပတ်နှစ်ပတ်လောက် ရောဂါ လက္ခာ မရှိတော့ဘူး ဆိုတဲ့ အချိန်ကျမှပဲ လွတ်လပ်စွာ အပြင်မှာ ထွက်သွားဖို့ ပိုကောင်းပါတယ်။ ထပ်ပြီးတော့ ပြောရမယ်ဆိုရင်တော့ လက်ဆေးတာနဲ့ ချောင်းဆိုတယ် ဆိုရင် ပါးစပ်နဲ့ မျက်နှာကို အုပ်ထားဖို့ အရေးကြီးပါတယ်။

ဦးတင်မောင်သန်း။ ။ ခုနကပြောတဲ့ နီးစပ်တဲ့သူတွေပေါ့လေ။ စဖြစ်မဖြစ် ဘယ်လို ရောဂါ လက္ခဏာတွေနဲ့ သိနိုင်ပါသလဲ။ -

ဦးမျိုးမြတ်လွင်။ ။ ပုံမှန် တုပ်ကွေးရောဂါသဘောမျိုးပါပဲ။ ဖျားမယ်၊ အဖျားကြီးမယ်၊ ခေါင်းကိုက်မယ်။ နှာဆေးမယ်၊ ချောင်းဆိုးမယ်။ တချို့မှာလည်း ၀မ်းသွားတယ်လို့ ကျနော်တို့ တွေ့နိုင်ပါတယ်။ ဆိုတော့ ရောဂါ လက္ခဏာ တွေ့တိုင်းလည်း ၀က်တုပ်ကွေးတော့ မဟုတ်ဘူးပေါ့လေ။ တခြား ဟာတွေလည်း ဖြစ်နိုင်ပါတယ်။ ပြောရတာကတော့ နည်းနည်းတော့ ခက်တယ်ပေါ့လေ။ တွေ့တော့မှပဲ သေချာ ပြောနိုင်မှာပဲ။

ဒါနဲ့ ဦးတင်မောင်သန်းရေ .. တခြား နိုင်ငံတွေ မှာကော ဘယ်လို စီစဉ်လုပ်ဆောင်တတ်ကြပါသလဲရှင့်။ -

"ဟုတ်ကဲ့ .. အင်္ဂလန်နိုင်ငံ မှာ လုပ်ကိုင်ပုံ ကို ဆရာ က အခုလို ဆက်လက် ပြောပြပါတယ်။"

ဦးမျိုးမြတ်လွင်။ ။ ဒီမှာတွေကတော့ အဲဒီလိုမျိုး ရောဂါ လက္ခဏာ တွေ့တယ်ဆိုရင်တော့ ဆေးရုံကို တန်းပြီး မသွားဖို့ အကြံပေးတယ် ပေါ့လေ။ ဖြစ်နိုင်ရင်တော့ အကောင်းဆုံးကတော့ မိသားစု ဆရာဝန်ကို လှမ်းပြီးတော့ အကြောင်းကြား။ မိသားစု ဆရာဝန်က အိမ်မှာ လာကြည့်ပြီးတော့ စမ်းသပ်မှုတွေဘာတွေ အိမ်မှာပဲ လုပ်ပေါ့လေ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်က စိတ်ပူပြီးတော့ ဆေးရုံ ဆေးခန်း သွားတယ် ဆိုရင် တခြားသူတွေကို ပိုပြီးတော့ ပျံ့ပွားနိုင်တာပေါ့။

ဦးတင်မောင်သန်း။ ။ အင်္ဂလန် မှာ ကျောင်းတွေ ဘာတွေ ပိတ်တာတွေရော ရှိလား ဆရာ။

ဦးမျိုးမြတ်လွင်။ ။ ဒါကို အခု အငြင်းပွားချက် ရှိနေပါတယ်။ ဒါပေမယ့် အခုလောလောဆယ် ကတော့ ဖြစ်တယ်ဆိုတာနဲ့ ကျောင်းကို တခါတည်း ပိတ်လိုက်တယ်။ နောက် ကျောင်းက ကလေးတွေကို အကုန်လုံး စစ်လိုက်တယ်ပေါ့လေ။ တကယ်လို့ စစ်လို့ ရောဂါ မရှိတဲ့ကလေးတွေ အတွက် ကျောင်းပြန်ဖွင့်ပေးမယ်။ ရောဂါ ရှိတဲ့ ကလေးတွေကတော့ အိမ်မှာပဲ နေရတာပေါ့လေ။

ဝက်တုပ်ကွေး စဖြစ်ခါစတုန်းကတော့ မက္ကဆီကို မှာ အသေအပျောက် တော်တော်များပြီး၊ အထိတ်တလန့် ဖြစ်ကြပါတယ်။ ဒီ တုပ်ကွေး က တော်တော်ကြောက်စရာများ ကောင်းပါသလား ဦးတင်မောင်သန်းရေ။ -

"ဒီလောက်တော့ ကြောက်စရာမဟုတ်ပါဘူး။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာဆိုရင်၊ မေလ ၁၂ ရက်ကတည်းကဆိုရင်၊ ၀က်တုပ်ကွေးဖြစ်တဲ့ လူနာ ၁၂၀၀ ကျော်ရှိခဲ့ပြီး၊ အသေအပျောက် ၂ ယောက် ရှိခဲ့ပါတယ်။ ကျွန်တော် က ဆရာမျိုး ကို အခုလို ဆက်မေးကြည့်ခဲ့ပါတယ်။"

ဦးတင်မောင်သန်း။ ။ WHO ကလည်း သိပ်ပြီး လူတွေကို အထိတ်တလန့် မဖြစ်စေချင်ပါဘူး။ ဆိုတော့ ခုနက အန္တရာယ် ဖြစ်လောက်အောင် အထိ ဖြစ်သွားတာက ဘယ်လိုအခြေအနေမျိုးမှာမှ ဒီ တုပ်ကွေးရောဂါက ပိုပြီး ဆိုးရွားသွားနိုင်တဲ့ အနေအထား ရှိပါသလဲ ဆရာ။

ဦးမျိုးမြတ်လွင်။ ။ အခု ကျနော်တို့ တွေ့ရှိသလောက်ကတော့ ကိုယ့်မှာ နဂို ရောဂါ ရှိတယ်ပေါ့လေ။ အထူးသဖြင့် အဆုပ်ရောဂါ တို့၊ ရင်ကျပ် ရောဂါတို့၊ ကိုယ်ခံအားနည်းတဲ့ ရောဂါတို့၊ အေအိုင်ဒီအက်စ် တို့၊ ဒါမှမဟုတ် နှလုံးရောဂါ တို့၊ ဆီးချို ရောဂါတို့ ဒါမျိုး ရောဂါ အခံ ရှိတဲ့သူတွေက ပိုပြီးတော့ ဆိုးရွားတတ်တာ တွေ့ရပါတယ်။ တော်တော်များများ ကတော့ ထောင်နဲ့သောင်းနဲ့ချီပြီး ဖြစ်ကြပေမယ့် အကုန်လုံး ပြန်ကောင်းသွားကြပါတယ်။ အများသောအားဖြင့်ပေါ့လေ။ အထူး စိတ်ပူဖို့တော့ မလိုဘူး။ ဒါပေမယ့် အထူးသဖြင့်ကတော့ ကိုယ်ကိုယ်တိုင်က ရောဂါ တခု ရှိတယ်ဆိုရင်တော့ သတိထားရမယ်၊ တကယ်လို့ အသက်ရှူကျပ်တယ်။ အသက်ရှူမ၀ဘူး၊ အဖျား သိပ်ကြီးတယ် ဆိုရင်တော့ ဒါ ဆေးရုံ ဆေးခန်းမှာ သွားပြီးတော့ တက်ရင်လည်း တက်ရမယ်။ အထူးကုနဲ့ အရေးပေါ်သွားရမယ်။ အထူးကု အနေနဲ့ နေရင်နေရမယ်။ အဲဒါမျိုးလေးတွေ တော့ ရှိတာပေါ့လေ။ သတိတော့ ထားရမှာပေါ့လေ။

ဒါကတော့ အင်္ဂလန် က ကလေးအထူးကု ဆရာဝန်ကြီး ဆရာမျိုးမြတ်လွင် ကို ဆက်သွယ်မေးမြန်းထားတာပဲ ဖြစ်ပါတယ်။

ဆက်ဖတ်မယ်...

စစ်အစိုးရ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးစီမံကိန်း မအောင်မြင်ဟု ရှမ်းမှုးယစ်စောင့်ကြည့်ရေးအဖွဲ့ပြော



ဝီရ /
NEJ

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုပပျောက်ရေး စီမံကိန်းကာလ (၁၅) နှစ်ချမှတ်ထားပြီး ၂၀၀၉ ခုနှစ်အထိ (၁၀) နှစ်တာအတွင်း မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း၌ စစ်အစိုးရ လျာထားသည့် (၄၄) မြို့နယ်အနက် (၂၉) မြို့နယ်တွင် ဘိန်းစိုက်ပျိုးမှု ဆက်လက်ကျန်ရှိနေသေးသဖြင့် အဆိုပါစီမံကိန်း အောင်မြင်မှုမရှိကြောင်း ရှမ်းပြည် မူးယစ်စောင့်ကြည့်ရေးအဖွဲ့က ယနေ့ပြောကြားသည်။

ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး ဒုတိယ (၅) နှစ်စီမံကိန်း (၂၀၀၄-၂၀၀၉) တွင် ဘိန်းစိုက်ပျိုးမှု ဆက်လက် ကျန်ရှိနေသည့် ဒေသအများစုမှာ နအဖစစ်အစိုးရ ထိန်းချုပ်မှုအောက်မှ မြို့နယ်များဖြစ်ကြောင်း ရှမ်းပြည် မူးယစ် စောင့်ကြည့်ရေးအဖွဲ့တာဝန်ခံဖြစ်သူ ဦးခွန်ဆိုင်းက ခေတ်ပြိုင်သို့ ပြောသည်။

“အပစ်ရပ်အဖွဲ့တွေ ထိန်းချုပ်တဲ့ဒေသတွေက ရှင်းသွားပြီလေ။ (၁၀) နှစ်တာထဲမှာ ဘိန်းကင်းစင်သွားတဲ့ မြို့နယ် (၁၃) မြို့နယ်က နအဖစစ်တပ်ရဲ့ စွမ်းဆောင်မှုနဲ့ ကင်းစင်သွားတာ မဟုတ်ဘူး။ အပစ်ရပ်အဖွဲ့တွေ ကိုယ်တိုင်က လုပ်ဆောင်ခဲ့လို့ အောင်မြင်လာတဲ့အပိုင်းပါ။ အခု ဒီဘိန်းစိုက်ပျိုးမှုမှာ ကျန်နေတဲ့ မြို့နယ်တွေက နအဖစစ်တပ်ရဲ့ လက်အောက်က မြို့နယ်တွေပဲ” ဟု ဦးခွန်ဆိုင်းက ရှင်းပြသည်။


မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ဘိန်းစိုက်ပျိုးမှု အနေအထားများကို သုတေသနပြုပြီး ၂၀၀၉ ခု၊ ဇွန် (၂၆) ရက် ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့တွင် ရှမ်းပြည်မူးယစ်စောင့်ကြည့်ရေးအဖွဲ့က ၎င်းတို့၏စာစောင် အမှတ် (၂) ကို ထုတ်ဝေလိုက်သည်။

ထိုစာစောင်တွင် (၂၀၀၄-၂၀၀၉) ဒုတိယ (၅) နှစ် စီမံကိန်းအတွင်း ဘိန်းစိုက်ပျိုးမှု ဆက်လက်ကျန်ရှိနေသည့် ဒေသများမှာ ရှမ်းပြည်အရှေ့ပိုင်းမှ (၇) မြို့နယ်၊ ရှမ်းပြည်တောင်ပိုင်းမှ (၃) မြို့နယ်နှင့် ကချင်ပြည်နယ်မှ (၄) မြို့ နယ်တို့ဖြစ်သည်ဟု ဖော်ပြထားသည်။

ဦးခွန်ဆိုင်းက “နအဖစစ်အစိုးရက ချမှတ်ခဲ့တဲ့ ဒီ (၁၅) နှစ် ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးစီမံကိန်း (၅၃) မြို့နယ်ထဲမှာ မပါတဲ့ မြို့နယ်ဒေသတွေ (၉) မြို့နယ်ရှိသေးတယ်။ ရှမ်းပြည်တောင်ပိုင်းက (၅) မြို့နယ်ရယ်၊ ကရင်နီပြည်က (၂) မြို့နယ်နဲ့ ချင်းပြည်နယ်က ဘိန်းစိုက်ပျိုးနေတဲ့မြို့နယ် (၂) ခုရှိသေးတယ်” ဟု ပြောသည်။

ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ၏ ၂၀၀၇-၂၀၀၈ အတွက် ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှုသည် (၃၆) ရာခိုင်နှုန်း တိုးလာကြောင်း ဖော်ပြထားပြီး အထူးသဖြင့် ရှမ်းပြည်အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့တွင် ဖြစ်သည်ဟု ဖော်ပြသည်။

ကမ္ဘာတွင် ဘိန်းထွက်ရှိမှု ဒုတိယအများဆုံးနိုင်ငံသည် မြန်မာနိုင်ငံဖြစ်ပြီး အရှေ့တောင်အာရှမှ ထွက်သည့် ဘိန်းအားလုံး၏ (၉၆) ရာခိုင်နှုန်းသည် မြန်မာနိုင်ငံမှ ဖြစ်ကြောင်း အဆိုပါ UNODC ၂၀၀၈ အစီရင်ခံစာတွင် ပါရှိသည်။

နအဖစစ်အစိုးရကမူ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ပပျောက်ရေး (၁၅) နှစ်စီမံကိန်း (၁၉၉၉ - ၂၀၁၄) ကို စတင်ခဲ့ပြီး ပထမ (၅) နှစ်စီမံကိန်းကာလ ရည်မှန်းချက်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကာ ဒုတိယ (၅) နှစ်စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ရာတွင်လည်း အောင်မြင်မှုရှိသည်ဟု ပြောကြားခဲ့သည်။

ဆက်ဖတ်မယ်...

ဒီကေဘီအေ(၉၉၉) တပ်ရင်းမှူးချုံခို တိုက်ခိုက်ခံရသဖြင့် သေဆုံး


NEJ /

တိုးတက်သော ကရင်ဗုဒ္ဓဘာသာအဖွဲ့ (ဒီကေဘီအေ) ၉၉၉ တပ်ရင်း (၇) မှ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး အဆင့်ရှိသူ စောစံပြုံး (ခေါ်) ဗိုလ်ဆန်ပြုတ်နှင့်အဖွဲ့ကို အမည်မသိအဖွဲ့တဖွဲ့က ယနေ့နံနက်၌ ချုံခိုတိုက်ခိုက်ရာ ၎င်း၏ရဲဘော်များနှင့်အတူ သောင်ရင်းမြစ်အတွင်း သေဆုံးသွားသည်။

ယနေ့နံနက်ပိုင်းက ဗိုလ်ဆန်ပြုတ်နှင့်အဖွဲ့သည် တပ်မဟာ (၇) ဒေသအား ထိုးစစ်ဆင်အပြီး ၉၉၉ အထူးတပ်ရင်းတည်ရှိရာ မြဝတီခရိုင် ရွှေကုက္ကိုရွာသို့ တပ်မဟာ (၇) ဒေသမှတဆင့် စက်လှေဖြင့် သောင်ရင်းမြစ်အတိုင်း ဆန်တက်ရာ မယ်တန်နှင့် မယ်လအကြားရှိ မောင်ကလာဝဲဟုခေါ်သည့် နေရာအရောက် တွင် မြန်မာနိုင်ငံဘက်အခြမ်းမှ အမည်မသိ လက်နက်ကိုင်အဖွဲ့ တဖွဲ့၏ ချုံခိုတိုက်ခိုက်မှုကြောင့် ဗိုလ်ဆန်ပြုတ် အပါအဝင် တပ်ဖွဲ့ဝင် (၁၀) ဦး သေဆုံးသွားသည်ဟု မျက်မြင်သက်သေ တဦးက ပြောသည်။



သေဆုံးသူများ၏ ဈာပနကို ရွှေကုက္ကိုရှိ ၉၉၉ အထူးတပ်ရင်းတွင် စစ်အခမ်းအနားဖြင့် ပြုလုပ်မည်ဖြစ်ပြီး သေဆုံးသူများအတွက် မဲဆောက်မြို့မှ ဝယ်ယူသွားသည့် အခေါင်း (၁၀) လုံးဖြင့် ပြင်ဆင်ထားသည်ဟု ဒီကေဘီအေ အရာရှိတဦးက ပြောသည်။

ယခုသေဆုံးသွားသူ ဗိုလ်ဆန်ပြုတ်သည် ၂၀၀၈ ခု ဖေဖော်ဝါရီလက မဲဆောက်မြို့တွင် လုပ်ကြံခံရသည့် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်းအား လုပ်ကြံခဲ့ရာတွင် အဓိကဦးဆောင်သူဟု ကရင်အမျိုးသားထုအတွင်း သင်္ကာမကင်းခံရသူဖြစ်သည်။

ဗိုလ်ဆန်ပြုတ်နှင့်အဖွဲ့ တိုက်ခိုက်ခံရသည့်ဒေသမှာ ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် နအဖတပ်များ လှုပ်ရှားသည့်နေရာဖြစ်သည့်အတွက် မည်သူမည်ဝါ၏လက်ချက်ဟု ပြောရန်ခက်ကြောင်း ဒေသခံ များက ပြောသည်။

တိုက်ခိုက်ခံရသည့် ဗိုလ်ဆန်ပြုတ်အဖွဲ့မှ ဒဏ်ရာအပြင်းအထန်ရရှိသည့် တပ်ဖွဲ့ဝင် (၈) ဦးကို ယနေ့ညနေပိုင်းတွင် မဲဆောက်ဆေးရုံသို့ ပို့ဆောင်ကုသရာ ဆေးရုံတွင် (၁) ဦး ထပ်မံသေဆုံးသွားသည်ဟု မျက်မြင်သက်သေတဦးက ပြောသည်။

ယခုလဆန်း (၂) ရက်နေ့မှစ၍ တပ်မဟာ (၇) ဒေသတွင် ဖြစ်ပွားသည့်တိုက်ပွဲများသည် ကရင်အဖွဲ့များအချင်းချင်း ဖြစ်ပွားသည့် တိုက်ပွဲသာဖြစ်ပြီး မိမိတို့အနေဖြင့် တစုံတရာပါဝင်ပတ်သက်မှုမရှိကြောင်း နအဖက ပြောကြားခဲ့သော် လည်း ဒီကေဘီအေတပ်ဖွဲ့ဝင်များကမူ ဤထိုးစစ်အား နအဖတပ်နှင့် ပူးတွဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ဘားအံခရိုင်ဒေသကို နအဖနှင့်ဒီကေဘီအေ ပူးပေါင်းအဖွဲ့က ယခုလဆန်း (၂) ရက်နေ့မှစတင် ထိုးစစ်ဆင်ရာတွင် ဗိုလ်ဆန်ပြုတ်သည် ဒီကေဘီအေတပ်ဖွဲ့ကို အဓိကဦးဆောင်ပြီး တိုက်ခိုက်ခဲ့သူဖြစ်သည်။

ဆက်ဖတ်မယ်...

သံဃာတော် ထက်ဝက်ကျော်က ဦးအောင်သောင်းအလှူ သပိတ်မှောက်


ကိုဝိုင်း

ချင်းမိုင် (မဇ္ဈိမ)။ ။ စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်းသည် မြင်းခြံမြို့သို့ ရောက်ရှိနေစဉ် မြင်းခြံသံဃာတော်များအား ယနေ့နံက် အာရုဏ် ဆွမ်းလောင်းရာ ကြွနေကျ သံဃာတော်ဦးရေ၏ တဝက်ခန့်သာ ဆွမ်းလက်ခံကြောင်း မြို့ခံသံဃာတပါးကမိန့်သည်။

မြင်းခြံမြို့ ဗိုလ်ချုပ်လမ်းရှိ ‘ပုညသဟာယ နေ့စဉ်ဆွမ်းလောင်းအသင်း’ ၏ အာရုဏ်ဆွမ်းလောင်းပွဲသို့ ပုံမှန်အားဖြင့် သံဃာတော် အပါး (၇ဝဝ) ကျော်ရှိသော်လည်း ယနေ့နံက်တွင်မူ ပတ္တနိကုဇ္ဇန ကံဆောင်ထားသည့် သံဃာအများစုကြွရောက်ခြင်းမရှိပဲ အပါး (၃၀၀) ခန့်သာ ဆွမ်းခံမကြွခြင်းဖြစ်ကြောင်း မြို့ခံသံဃာက မိန့်သည်။

“ဦးဇင်းတို့ကတော့ မကြွဘူး။ မသိနားမလည်တဲ့ တောထွက်တွေတို့၊ ကိုရင်အငယ်လေးတွေလောက်ပဲကြွပါတယ်။ ဒီမနက် သွားလေ့လာတော့ သံဃာ ၂၅၀-၃၀၀
နီးပါးလောက်ပဲ ကြွတာတွေ့ရတယ်။ မြင်းခြံမှာက တတ်သိနားလည်တဲ့ သက်လတ်ပိုင်း မှန်သမျှက တော်တော်များများ ကံဆောင်ထားတယ်။ ” ဟု အဆိုပါ သံဃာက မဇ္ဈိမသို့ မိန့်သည်။




ဆွမ်းလောင်းအသင်း၌ မည်သူမဆို တနေ့တဦးကျ ကုသိုလ်ရှင်အဖြစ် တာဝန်ယူလေ့ရှိပြီး ဝန်ကြီးဦးအောင်သောင်းသည် ယနေ့ ဆွမ်းလောင်းမည့်အကြောင်း ကြိုတင် ကြေညာထားသည်ကို သံဃာတော်များက မနေ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အာရုဏ်ဆွမ်းလောင်းပွဲသို့ ကိုးဆောင်စာသင်တိုက်မှ သံဃာအများစုအပါအဝင် တိုက်ကုန်းကျောင်း၊ ဆုတောင်းပြည့်၊ ဌေးပရိယတ္တိ စသည့် စာသင်တိုက်များမှ သံဃာများလည်း ဆွမ်းခံလေ့ရှိသည်။

ဦးအောင်သောင်းသည် ယမန်နေ့ကလည်း ကူရာ၊ ကွမ်းစိုက်၊ ရွာစည်၊ ဆားခါး၊ တောင်ရှေ့၊ ဂွေးပင်ရိုးရွာ၊ သစ်ရုံ၊ ထိန်ပန်း၊ လယ်သစ်၊ ကျောက်ပြုတ်၊ သစ်ပင်ရှည်၊ စံပြ စသည့် မြင်းခြံဝန်းကျင်မှ ရွာများမှ ရွာသူရွာသားများအား မြင်းခြံမြို့ အထက (၁) အထက်တန်းကျောင်း၌ ကျင်းပသည့် အစည်းအဝေးသို့
တက်ရောက်ရန် “အတင်းအဓမ္မ” ခေါ်ယူခဲ့သော်လည်း တက်ရောက်သူ နည်းပါးကြောင်း မြို့ခံတဦးက ပြောသည်။

“မနေ့က ရောက်တဲ့အခါကျတော့ စည်းဝေးပွဲတွေ လုပ်တယ်ဗျ။ ရွာတွေကို သူက မလိုက် မနေရ ဆိုပြီး အသံချဲ့စက်တွေနဲ့ လိုက်အော်ခိုင်းတယ်။ မလိုက်ရင်
တထောင်ပေးရမယ်ဆိုပြီး အတင်းအကျပ် ခေါ်တာရှိတယ်။ ထော်လာဂျီတွေကိုလည်း အတင်းချောဆွဲပြီးတော့ အတင်းတက်ခိုင်း။ ရွာက တော်တော်များများက အမိန့်ကို ဖီဆန်ပြီး မတက်ကြဘူး။ တရွာကို (၁၅) ယောက်ထက် ပိုမလာဘူးဗျ။ ပြီးတော့ ထော်လာဂျီတွေဖြတ်သွားတာ ကြည့်လိုက်ရင် အမျိုးသမီးတွေနဲ့ ကလေးတွေများတယ်” ဟု သူကပြောသည်။

မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှ “ဝဲလောင်ရွာ” ဇာတိဖြစ်သူ ဦးအောင်သောင်းသည် မြင်းခြံအနီးတဝိုက်မှ ရွာများသို့ ကွင်းဆင်း စည်းရုံးရေးအချို့ လုပ်ဆောင်ဖူးသော်လည်း မြို့ပေါ်သို့ ကျေးရွာများစုခေါ်ပြီး အစည်းအဝေးလုပ်ခြင်းသည် ယခုတကြိမ် ပထမဆုံးဖြစ်ကြောင်း သိရသည်။

ယမန်နေ့ အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံသား ဂျွှန်ယက်တောတို့အား ပုတ်ခတ်ပြောဆိုခြင်း၊ ၂၀၁၀ ရွေးကောက်ပွဲအတွက် နအဖ က လျာထားသော မြင်းခြံမှ ဦးကျော်ဆန်းနှင့် ဦးဝင်းမြင့် တို့အား မိတ်ဆက်ပေးခြင်းနှင့် နအဖ အစိုးရ၏ လမ်းဖောက်၊ တံတားဆောက်မှုများကို ထုတ်ဖော် ပြောဆိုခြင်းတို့ သာမက ဖြစ်ပေါ်လာနိုင်သည့် အရေးအခင်း များတွင် မပါဝင်ကြရန်ကိုလည်း သတိပေးတိုက်တွန်းသွားသည်။

မကွေး၊ မိထ္ထီလာ၊ ကျောက်ပန်းတောင်း၊ ညောင်ဦး၊ ပခုက္ကူ၊ ရေနံချောင်း စသည့် (၁၅) မြို့နယ် ပူးပေါင်းပြီး မကြာသေးမီက ပြုလုပ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဓါတ်ပုံ၊ စာရွက်စာတမ်းနှင့် ပို့စ်ကဒ်ဖြန့်သည့် လှုပ်ရှားမှုတွင် မြင်းခြံမြို့ခံများလည်း တက်ကြွစွာ ပါဝင်ခဲ့သည်။

ဆက်ဖတ်မယ်...

H1N1 ဖြစ်ပွားသူ မြန်မာနိုင်ငံတွင် တွေ့ရှိ



H1N1တုပ်ကွေးဖြစ်ပွားသူမြန်မာနိုင်ငံတွင်ပထမဦးဆုံးအကြိမ်တွေ့ရှိရကြောင်း
ယနေ့ ထုတ်မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားသည်။

အသက်၁၃နှစ်အရွယ်အမျိုးသမီးငယ်တွင်တုပ်ကွေးလက္ခဏာတွေ့ရှိ၍ဆေးရုံသို့
၂၆ရက်နေ့ ည၉နာရီကဆေးရုံသို့ ပို့ဆောင်ခဲ့ရာက H1N1ဟုသိရှိရခြင်း ဖြစ်သည်ဟုသိရသည်။
ဆက်ဖတ်မယ်...

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် မြန်မာများအဖမ်းခံရ (နောက်ဆက်တွဲသတင်း-၁)



06/2009 ညနေ 6 နာရီကျော် အချိန်ခန့်တွင် Kalana Jaya ရဲစခန်းတွင်
ဖမ်းဆီးထားသော ၁၀-ယောက်အနက်မှ UNHCR မှတ်ပုံတင်ပြီးသော လူ ၅-ယောက်အား
ပြန်လွတ်ပေးလိုက်ကြောင်း သိရသည်။ အထောက်အထားမရှိသော ကျန် ၄-ယောက်နှင့်
Passport စာအုပ်ကိုင်ဆောင်ထားသူ ၁-ဦးတို့အား ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း
သိရှိရပါသည်။ NLD-LA (Malaysia) မှ သွားရောက်ထုတ်ယူလာခြင်းဖြစ်ကြောင်းသိရသည်။

ဖမ်းဆီးပြီးနောက် အဖမ်းခံရသူများအား Kalana Jaya ရဲစခန်းတွင် ၁၀-ယောက်နှင့် Damansara
ရဲစခန်း ၄-ယောက် ခွဲခြားချုပ်နှောင်ထားခဲ့သည်။ Kalana Jaya မှ ၅-ဦး ပြန်လည်လွတ်မြောက်လာ
သော်လည်း Damansara တွင် ဖမ်းဆီးထားသူများမှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပေ။
Damansara ရဲစခန်းတွင် UNHCR မှတ်ပုံတင်ထားသူ ၃-ဦးရှိပြီး ကျန် ၁-ယောက်မှာ အထောက်အထား
တစုံတရာ မရှိကြောင်းသိရပါသည်။

အထောက်အထားမရှိသောသူများမှာ တရားမ၀င်နေထိုင်မှုဖြင့် တရားစွဲခံရနိုင်ဖွယ်ရှိပြီး
ထောင်ဒဏ်၊ ကြိမ်ဒဏ်ချမှတ်ခံရနိုင်ပါသည်။ ထိုသို့ဖြစ်ခဲ့ပါက Detention Camp တွင် နေ
ထိုင်ရမည်ဖြစ်ပြီး မြန်မာပြည်သို့ပြန်ပို့ခံရမည်ဖြစ်သောကြောင့် အထောက်အထားမရှိသူများ
အတွက် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေပါသည်။

ပြန်လွတ်မြောက်လာသူများစာရင်းနှင့် အဖမ်းခံထားရဆဲသူများစာရင်းအား
အောက်တွင် ဖော်ပြပေးထားပါသည်။




THE LIST OF RELEASED PERSONS

1) Tommy Myat Oo from Kalana Jaya Police Station (UNHCR Card)

2) Aung Kyaw from Kalana Jaya Police Station (UNHCR Card)

3) Zaw Myo Naing from Kalana Jaya Police Station (UNHCR Card)

4) San Win from Kalana Jaya Police Station (UNHCR Card)

5) Kyaw Kyaw from Kalana Jaya Police Station (UNHCR Card)


THE LIST OF THOSE WHO ARE STILL DETAINED

1) Htet Aung Shine in Kalana Jaya Plolice Station (Undocumented)

2) Kyaw Ko Ko Kyaw in Kalana Jaya Plolice Station (Undocumented)

3) Aung Kyaw Thu in Kalana Jaya Plolice Station (Undocumented)

4) Aung Thu Ya in Kalana Jaya Plolice Station (Undocumented)

5) Pyae Phyo Naing in Kalana Jaya Plolice Station (Passport)

6) Nyine Chan in Damansaya Police Station (Undocumented)

7) Htin Kyaw in Damansaya Police Station (UNHCR Card)

8) Than Oo in Damansaya Police Station (UNHCR Card)

9) Ko Ko Win in Damansaya Police Station (UNHCR Card)

ပေးပို့သူ -mgpala အားကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

ဆက်ဖတ်မယ်...

ဂမ်ဘာရီက ကုလ အတွင်းရေးမှူးချုပ်ထံ တိုက်ရိုက် အစီရင်ခံမည်


ကိုဝိုင်း

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် မစ္စတာ အီဘရာဟင် ဂမ်ဘာရီသည် သူ၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်၍ ယခုသီတင်းပတ်ကုန်တွင် အထွေထွေအတွင်းရေးမှူးချုပ်ထံ အစီရင်ခံရမည်ဖြစ်ကြောင်း ကုလအဆင့်မြင့် အရာရှိတဦးက ပြောဆိုလိုက်သည်။

ယနေ့နံနက်က မြန်မာနိုင်ငံသို့ ရောက်ရှိလာသော အထူး ကိုယ်စားလှယ်၏ ခရီးစဉ်အပေါ် နယူးယောက်ရှိ ကုလဌာနချုပ်က တိုက်ရိုက် ကိုင်တွယ်၍ သတင်းထုတ်ပြန်မှုကိုလည်း တင်းကျပ်ထားကြောင်း ရန်ကုန်ရှိ ကုလ အသိုင်းအဝိုင်းက ပြောဆိုနေသည်။

မစ္စတာဘန်ကီမွန်း၏ ပြောခွင့်ရပုဂ္ဂိုလ် Michèle Montas က “မစ္စတာ ဂမ်ဘာရီ နယူးယောက်ကို ပြန်လာလာချင်း အထွေထွေ အတွင်းရေးမှူးချုပ်နဲ့ တွေ့မှာပါ။ လာမယ့်တနင်္လာနေ့ အထွေထွေအတွင်းရေးမှူးချုပ် ဂျပန်ကို မထွက်ခင် ဖြစ်မှာပါ။ ဒါကြောင့်မို့လို့ သူ့ (ဂမ်ဘာရီ) အနေနဲ့ ဒီသတင်းပတ်ကုန်မှာ အစီရင်ခံရမှာဖြစ်ပါတယ်” ဟု ယမန်နေ့ ပုံမှန်သတင်းစာရှင်းပွဲ၌ ဖြေဆိုခဲ့သည်။

နိုင်ဂျီရီယားနိုင်ငံသား သံတမန်သည် သောကြာနေ့နံနက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဆင်းသက်ခဲ့ခြင်းဖြစ်ပြီး နအဖအကြီးအကဲများနှင့် တွေ့ဆုံရန် ရန်ကုန်မှတဆင့် နေပြည်တော်သို့ ဆက်လက် ထွက်ခွာသွားခဲ့သည်။

မစ္စတာ ဂမ်ဘာရီသည် မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်အဖြစ် ၂ဝဝ၆ ခုနှစ်မှစ၍ ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံသို့ အကြိမ်ကြိမ် သွားရောက်ခဲ့ကာ စစ်အစိုးရ ခေါင်းဆောင်များ၊ အတိုက်အခံ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

သူ၏ ခရီးစဉ်များအနက် ယခင်နှစ် သြဂုတ်လနှင့် မတ်လ ခရီးစဉ်များတွင် စစ်အစိုးရရုံးစိုက်ရာ နေပြည်တော်သို့ သွားရောက်ခွင့် မရခဲ့သည့်အပြင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခွင့် မရခဲ့ပေ။

နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် မြန်မာစစ်အစိုးရထံ တောင်းဆိုခဲ့ဖူးသည့် မစ္စတာ ဂမ်ဘာရီ၏ ယခုခရီးစဉ်သည် စစ်အစိုးရက နေအိမ် အကျယ်ချုပ်ဥပဒေ ချိုးဖောက်သည်ဟု စွပ်စွဲ၍ အင်းစိန်ထောင်အတွင်း၌ အချုပ်ချထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်ဒီ) အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား ရုံးထုတ်သည့်နေ့နှင့်လည်း တိုက်ဆိုင်နေသည်။

ကုလသမဂ္ဂက ချမှတ်ထားသော မစ္စတာ ဂမ်ဘာရီ၏ လုပ်ငန်းစဉ်များတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်လာစေရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွင် အတိုက်အခံများကိုပါ ထည့်သွင်းလာစေရေးတို့က အဓိက ဖြစ်သည်။

ပြည်တွင်းပြည်ပမှ သံတမန်များ၊ အတိုက်အခံများနှင့် နိုင်ငံရေးသမားများကမူ မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်များနှင့် ပတ်သက်၍ အားရခြင်းမရှိဘဲ တိုးတက်မှု တစုံတရာ မတွေ့ရသဖြင့် မစ္စတာဘန်ကီမွန်းကိုယ်တိုင် သွားရောက်သင့်ကြောင်း ဝေဖန်တိုက်တွန်းကြသည်။

ထိုစဉ်က မစ္စတာဘန်ကီမွန်းက “သင့်လျော်သည့်အချိန်” တွင်မှ မြန်မာနိုင်ငံသို့ သွားမည်ဟုဆို၍ ဆိုင်းငံ့ထားခဲ့ပြီးနောက် ယခုခရီးစဉ် ဖြစ်လာသည်။

မစ္စတာ ဘန်ကီမွန်းသည် ယမန်နှစ် မေလ နာဂစ်ဆိုင်ကလုန်းအပြီး လူသားချင်း စာနာမှုဆိုင်ရာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ပထမအဆုံးအကြိမ် ရောက်ရှိခဲ့သည်။

ဆက်ဖတ်မယ်...

ဦးဂမ္ဘီရ ထောင်ဒဏ် ငါးနှစ် လျော့


ဖနိဒါ

ချင်းမိုင်(မဇ္ဈိမ)။ ။ စစ်အစိုးရကို ဆန့်ကျင် ဆန္ဒပြရာတွင် ဦးဆောင်ခဲ့သူ အရှင်ဂမ္ဘီရအား အနောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၅နှစ် ယမန်နေ့က လျော့ချပေးလိုက်သည်။

သံဃာတပ်ပေါင်းစုခေါင်းဆောင် ဦးဂမ္ဘီရအား စွဲဆိုခဲ့သော အမှု ၁၆ ခုအနက် အီလက်ထရောနစ် ဥပဒေကို ချိုးဖောက်သည့်အမှုမှ ထောင်ဒဏ်ကို လျော့လိုက်ခြင်း ဖြစ်သည်။ သို့သော် သူသည် ထောင်ဒဏ် ၆၃ နှစ် ကျခံရန် ကျန်သေးသည်။

အီလက်ထရောနစ်ဥပဒေ ၃၃ (က) အရ အာဏာပိုင်များ ခွင့်ပြုချက်မရှိဘဲ အင်တာနက် အသုံးပြုခြင်းကို တားမြစ်ပိတ်ပင်ထားပြီး ၂၀၀၇ ခုနှစ်တွင်းက ဖြစ်ပွားခဲ့သော သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြမှုတွင် ဦးဆောင်ပါဝင်သူများကို နှစ်ရှည်ထောင်ချသည့် လက်နက်တခု ဖြစ်လာခဲ့သည်။

လက်ရှိအချိန်တွင် စစ်ကိုင်းတိုင်း ကလေးထောင်ထဲတွင် အကျဉ်းကျခံနေရသူ အသက် ၂၉ နှစ်အရွယ် ဦးဂမ္ဘီရ၏ ရှေ့နေများက အမှုများကို ပြန်လည်စစ်ကြောရန် ခရိုင်တရားရုံးကို အယူခံတင်သွင်းခဲ့ရာ ၇ မှု အပယ်ခံရသည်။ အယူခံတင်ချိန် နောက်ကျ၍ ပယ်ချရခြင်းဖြစ်သည်ဟု တရားရုံးက ပြန်ကြားကြောင်း မိသားစုဝင်များက ပြောသည်။

ကျန်သော ၉ မှုကို တရားရုံးက စိစစ်နေဆဲဖြစ်ပြီး ၂၉ ရက်နေ့ ရုံးချိန်းပေးထားသည်။

ဆက်ဖတ်မယ်...

မြောက်ကိုရီးယားသင်္ဘော ဆန်လာတင်ခြင်းသာဖြစ်ဟု စစ်အစိုးရပြော


နန်းဒေဝီ


နယူးဒေလီ (မဇ္စျိမ)။ ။ မြန်မာနိုင်ငံသို့ ဦးတည် ခုတ်မောင်းလာဖွယ် ရှိသည်ဆိုသော မြောက်ကိုရီးယား ကန်နမ်သင်္ဘောနှင့် ပတ်သက်၍ မသိရှိဘဲ အခြားသော မြောက်ကိုရီးယား သင်္ဘောတစီးသာလျှင် ဆန်လာတင်မှာ ဖြစ်သည်ဟု စစ်အစိုးရက ပြောဆိုလိုက်သည်။

တန်ချိန် ၂၀၀၀ ရှိ ကန်နမ် - Kang Nam အမည်ရ သင်္ဘောသည် လက်နက် တင်ဆောင်ပြီး မြန်မာနိုင်ငံသို့ ဦးတည်ဖွယ်ရှိကြောင်းနှင့် အမေရိကန် ရေတပ်သင်္ဘောက နောက်ယောင်ခံလိုက်နေကြောင်း နိုင်ငံတကာ သတင်းဌာနများက ဖော်ပြနေချိန်၌ ယခုလို တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

ကန်နမ် ကုန်တင်သင်္ဘောနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ သတင်းတစုံတရာ မရရှိကြောင်းနှင့် ယခုလ ၂၇ ရက်နေ့ခန့်တွင် ရောက်လာမည့် မြောက်ကိုရီးယား နိုင်ငံပိုင် MV Dumangang ကုန်တင်သင်္ဘောသည် မြန်မာနိုင်ငံ၌ ဆန်တန်ချိန် ၈၀၀၀ ခန့် သယ်ဆောင်ရန်အတွက် အိန္ဒိယနိုင်ငံ ကလကတ္တားမြို့မှ မြန်မာနိုင်ငံသို့ ရောက်ရှိလာမည် ဖြစ်ကြောင်း ပါရှိသည်။

အေပီသတင်း တပုဒ်တွင် ကန်နမ်သည် ယခုလ ၂၃ ရက်နေ့တွင် ထိုင်ဝမ် ရေလက်ကြား၏ မြောက်ဘက် ကီလိုမီတာ ၁၆၀ အကွာတွင် ရောက်နေကြောင်း အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်မှ အရာရှိများ ပြောဆိုချက်ကို ကိုးကား ဖော်ပြခဲ့သည်။ အမေရိကန် ရေတပ်ဖျက်သင်္ဘော အက်စ် ဂျွန်မက်ကိန်းက ကန်နမ် နောက်သို့ တောက်လျှောက် နောက်ယောင်ခံ လိုက်နေခဲ့သည်ဟု ဖော်ပြထားသည်။



ကန်နမ် သည် ရန်ကုန်မြို့ရှိ သီလဝါ ဆိပ်ကမ်းတွင် ၂၀၀၇ ခုနှစ် ဧပြီလအတွင်းကလည်း တကြိမ် ဆိုက်ကပ်ခဲ့ဘူးသည်။ ရာသီဥတု မကောင်းသဖြင့် ဆိုက်ကပ်ခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း မြန်မာစစ်အစိုးရက ပြောခဲ့သည်။

၁၉၈၃ ခု တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ်နှင့် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံ ရောက်ရှိခဲ့စဉ် မြောက်ကိုရီးယားတို့က ဗုံးခွဲတိုက်ခိုက်မှုကြောင့် တောင်ကိုရီးယား ဒုတိယ သမ္မတ အပါအဝင် ဝန်ကြီး ၄ ဦး သေဆုံးခဲ့ပြီး၊ နှစ်နိုင်ငံကြား သံတမန်အဆက်အဆံများ ရပ်တန့်သွားခဲ့သည်။

သို့သော် ၂၀၀၇ ခုနှစ် ဧပြီအတွင်းက သံတမန် အဆက်အသွယ် ပြန်လည် ထူထောင်ခဲ့ကြသည်။

၂၀၀၈ ခု နိုဝင်ဘာလတွင် မြန်မာစစ်ခေါင်းဆောင် တတိယအကြီးအကဲ ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် မြောက်ကိုးရီးယားသို့ တိတ်တဆိတ် သွားရောက် လည်ပတ်ခဲ့သည်။

ဆက်ဖတ်မယ်...

မြောက်ကိုရီးယား၏ နျူကလီးယား စစ်အစိုးရမျှော်လင့်

ကိုထွေး | မြန်မာစစ် အစိုးရသည် နျူကလီးယားနှင့် ပတ်သက်သော နည်းပညာများကို ရရှိလိုသဖြင့် မြောက်ကိုရီးယားနှင့် ရင်းရင်းနှီးနှီး ပူးပေါင်းနေခြင်း ဖြစ်ကြောင်း ဝါရင့် နိုင်ငံရေးသမားတဦး က ယနေ့ သုံးသပ် ပြောဆိုလိုက်သည်။


ပြီးခဲ့သည့် ဧပြီလအတွင်းတွင် မြောက်ကိုရီးယားက နျူကလီးယား လက်နက် ပစ်လွှတ်စမ်းသပ်သည်ကို တွေ့မြင်ရစဉ် (ဓာတ်ပုံ - AP)
နျူကလီးယား နည်းပညာကို ရုရှားထံမှ အပြည်အစုံ ရရှိရန် မလွယ်ကူသဖြင့် မြောက်ကိုရီးယားကို အားကိုး နေခြင်း ဖြစ်သည်ဟု သခင်ချန်ထွန်းက ဧရာဝတီကို ပြောပြသည်။

“ရုရှားနိုင်ငံက နိုင်ငံကြီးဆိုတော့ သိက္ခာထိုက်သင့် သလောက် စောင့်ရတော့ ပညာကုန်ပေးမှာ မဟုတ်ဘူး၊ မြောက်ကိုရီးယားကတော့ ပေးနိုင်တယ်၊ ပြီးတော့ မြန်မာက အမေရိကန်နဲ့ မတည့်တာလည်း ပါတာပေါ့”ဟု သခင်ချန်ထွန်းက ပြောသည်။

၁၉၇၄-၇၅ ခုတွင် သခင်ချန်ထွန်းသည် မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ် အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်။

စစ်အစိုးရ အုပ်ချုပ်နေသော မြန်မာနိုင်ငံသည် အမေရိကန်၏ ကန့်သတ် တားမြစ်မှုများ ခံနေရချိန်တွင် မြောက်ကိုရီယား အပါအဝင် ဘဝတူ နိုင်ငံများ ဖြစ်သည့် အီရန်၊ ကျူးဘား အစရှိသော နိုင်ငံများနှင့် ပိုရင်းနှီးရန် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

၁၉၈၃ ခုနှစ်က ရန်ကုန်မြို့သို့ အလည်လာရောက်သော တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ်နှင့် အဖွဲ့အား အာဇာနည်ဗိမာန်တွင် မြောက်ကိုရီးယားတို့က ဗုံးခွဲတိုက်ခိုက်ခဲ့သဖြင့် မြန်မာနှင့် မြောက်ကိုရီးယားတို့၏ သံတမန် ဆက်ဆံရေး ရပ်ဆိုင်းခဲ့သည်။

နှစ်ပေါင်း ၂ဝ ကျော်ကြာ ဆက်ဆံရေးပြတ်တောက်ခဲ့ပြီး မြန်မာနှင့် မြောက်ကိုရီးယားတို့ သံတမန် အဆက် အ သွယ် ပြန်လည် ပြုလုပ်ကြရာ ၎င်းဆက်ဆံရေးသည် စစ်အစိုးရ၏ အကျိုးစီးပွားအတွက်သာ ဖြစ်ကြောင်း သခင် ချန်ထွန်းက ပြောသည်။

သခင်ချန်ထွန်းသည် မြောက်ကိုရီးယားအပြင် တရုတ်နိုင်ငံတွင်လည်း သံအမတ်ကြီးအဖြစ် သွားရောက် တာဝန် ယူခဲ့ဖူးသူ ဖြစ်သည်။

ထို့ပြင် မြန်မာ စစ်အစိုးရ၏ နျူကလီးယား အိပ်မက်ကို မြောက်ကိုရီးယားက ကူညီနိုင်ဖွယ် ရှိကြောင်း သုံးသပ်သူ တချို့က ပြောဆို လျက်ရှိကြသည်။

အရှေ့အလယ်ပိုင်း အခြေစိုက် အယ်လ်ဂျာဇီးယား သတင်းဌာနကလည်း မြန်မာနိုင်ငံတွင် နျူကလီးယား ထုတ်လုပ်မည့် အစီအစဉ် နှင့် ပတ်သက်နိုင်ဖွယ် ရှိသော မြေအောက် ဥမင်များ တည်ဆောက်နေမှု ဗွီဒီယို မှတ်တမ်းကို ယနေ့ ထုတ်လွှင့် ပြသခဲ့သည်။၊

မြောက်ကိုရီးယားသည် ပြီးခဲ့သည့်လက နျူကလီးယား လက်နက် စမ်းသပ်ခဲ့သည့်အတွက် လက်နက်ပစ္စည်းများ တင်ပို့ ရောင်းချခွင့် ပိတ်ပင်ကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သဘောတူ ဆုံးဖြတ်ထားသည်။

ဤအတောအတွင်း ဇွန်လ ၁၇ ရက်နေ့က မြောက်ကိုရီးယား ဆိပ်ကမ်းမှ ထွက်ခွာလာပြီး မြန်မာနိုင်ငံသို့ ဦးတည် နေသည်ဟု သတင်းထွက်နေသည့် မြောက်ကိုရီးယား Kang Nam 1 သင်္ဘောနှင့် ပတ်သက်၍ နိုင်ငံတကာက အထူး အာရုံစိုက်လျက်ရှိသည်။

ယင်းသဘောင်္ပေါ်တွင် အသေးစား စစ်လက်နက် ပစ္စည်းများ သယ်ဆောင် သွားမည်ဟု ယူဆရကြောင်း တောင်ကိုရီးယား စစ်ဘက်ဆိုင်ရာ အရာရှိတဦးက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထုတ်ဖော် ပြောကြားခဲ့သည်။ အမေရိကန် ပြည်ထောင်စု၏ စစ်သင်္ဘောတစီးကလည်း မြောက်ကိုရီးယား သင်္ဘောကို နောက်ယောင်ခံ လိုက်လျက်ရှိသည်ဟု ဆိုသည်။

ဤသင်္ဘောသည် ကုလသမဂ္ဂ၏ အရေးယူမှု ထုတ်ပြန်အပြီးတွင် ပထမဆုံးအကြိမ် စောင့်ကြည့်ခံရသည့် သင်္ဘော ဖြစ်ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားသည်။

ယခုအခါ ၎င်းသင်္ဘောသည် တရုတ်နိုင်ငံ ရေပိုင်နက်ကို ကျော်လာပြီး မလက္ကာရေပိုင်နက်အတွင်း ရောက်ရှိ နေပြီဖြစ်သည်။

မြန်မာနှင့် မြောက်ကိုရီးယားတို့သည် သံတမန် ဆက်ဆံရေး အနှစ် ၂ဝ ကျော်ကြာ ရပ်ဆိုင်းခဲ့ရာမှ တိတ်တဆိတ် ဆက်သွယ်မှုများ ပြုလုပ်လာခဲ့ကာ မကြာသေးမီကမှ တရားဝင် ဆက်ဆံရေး ပြန်လည် စတင်ခဲ့ခြင်း ဖြစ်သည်။

၂ဝဝ၇ ဧပြီလတွင် မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ကင်ရန်အီးလ် မြန်မာနိုင်ငံသို့ သွားရောက်ပြီး နှစ်နိုင်ငံ သံတမန် ဆက်သွယ်ရေး ပြန်လည်ပြုလုပ်ရန် သဘောတူ စာချုပ် ချုပ်ခဲ့သည်။

source by : ဧရာဝတီ

ဆက်ဖတ်မယ်...

စစ်လက်နက်ပစ္စည်းများ တင်သွင်းရန်အသုံးပြုသည့် သီလဝါဆိပ်ကမ်း

အေးချမ်းမြေ့ | မြန်မာ အပြည်ပြည်ဆိုင်ရာ သီလဝါ ဆိပ်ကမ်း (MITT) စတင်ချိန်မှ ၁၀ နှစ်ကျော် ကာလအတွင်း စစ်ဘက်ဆိုင်ရာ လက်နက် ပစ္စည်းများ တင်ဆောင်လာသည့် သင်္ဘောများ တနှစ်လျှင် အနည်းဆုံး ၂ ကြိမ်ခန့် ဆိုက်ကပ်သည်ဟု ယင်းဆိပ်ကမ်းတွင် နှစ်အတန်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ဆိပ်ကမ်း အင်ဂျင်နီယာ တဦးက ဆိုသည်။

စစ်အစိုးရသည် စစ်လက်နက်နှင့်သက်ဆိုင်သည့် ပစ္စည်းများကို ရုရှား၊ ယူကရိန်း၊ တရုတ် တို့ထံမှ ဝယ်ယူလေ့ ရှိရာ သင်္ဘောဖြင့် သယ်ယူလာသော ၎င်းပစ္စည်းများကို လုံခြုံရေးအဆင်ပြေသည့် သီလဝါဆိပ်ကမ်းမှတဆင့် သယ်ယူ ကြောင်း အဆိုပါ အင်ဂျင်နီယာက ပြောပြသည်။

“အများသောအားဖြင့်တော့ ရုရှားက ပစ္စည်းတွေပဲ၊ သင်္ဘောကတော့ တရုတ်သင်္ဘောဖြစ်တာများတယ်” ဟု သူက ဆိုသည်။
သီလဝါ ဆိပ်ကမ်း မှ ထိပ်ပိုင်း အကြီးအကဲများကို ဆိပ်ကမ်း အာဏာပိုင်များက ဇွန် ၂၄ ရက်နေ့ ညနေတွင် လျှို့ဝှက်ခေါ်ယူ တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

ယင်းသို့ ခေါ်ယူတွေ့ဆုံခြင်းမှာ ဆိုက်ကပ်လာမည့် မြောက်ကိုရီးယား Kang Nam 1 သင်္ဘောနှင့် ပတ်သက်မှုရှိနိုင်ကြောင်း ဆိပ်ကမ်း တာဝန်ရှိသူ တဦးက ပြောသည်။

“ခုချိန်ထိ လုံခြုံရေးလည်း ချမထားဘူး၊ ဘယ်လို အသံမှလည်း မထွက်ဘူးဆိုတော့ ဆိုက်ရောက် အစီအစဉ် လုံးဝမထုတ်ပြန်ဘဲ ရုတ်တရက် ဝင်ဆိုက်မယ်ထင်တယ်” ဟု ၎င်းက ဆိုသည်။

ဆက်လက်၍ သူက ဆိပ်ကမ်း ဝန်ထမ်းများအနေနှင့် နိုင်ငံတကာမီဒီယာများနှင့် ဆက်သွယ် စကားပြောဆိုခြင်း မပြုရန် အာဏာပိုင်များက နှိုးဆော်ထားသည်ဟုလည်း ဆက်ပြောသည်။ စစ်အစိုးရပိုင် သတင်းစာများတွင်မူ မြောက်ကိုရီးယား Kang Nam 1 သင်္ဘောနှင့် ပတ်သက်၍ မသိရှိသေးကြောင်း ငြင်းဆိုထားသည်။

တန်ချိန် ၂၀၀၀ ခန့်ရှိသော Kang Nam 1 သင်္ဘောသည် ဇွန်လ ၁၇ ရက်နေ့က မြောက်ကိုရီးယားနိုင်ငံမှ ထွက်ခွာလာခဲ့ရာ တောင်ကိုရီးယား နိုင်ငံ စစ်ရေးကျွမ်းကျင်သူတို့က စစ်လက်နက်ပစ္စည်း အသေးစားများ ပါရှိနိုင်သည်ဟု ယူဆကြသည်။ ထိုသို့ ကုလသမဂ္ဂက တားမြစ်ထားသည့် စစ်လက်နက်ပစ္စည်းများ သယ်ဆောင်လာနိုင်သည်ဟု ယူဆသောကြောင့် အမေရိကန် ရေတပ်ကလည်း မျက်ခြည်ပျက်မခံဘဲ စောင့်ကြည့်လျက်ရှိသည်။

သီလဝါဆိပ်ကမ်း တာဝန်ရှိသူများက ၎င်းသင်္ဘော မြန်မာပြည်တွင် ဆိုက်ကပ်မည် ဆိုပါက ၎င်းဆိပ်ကမ်းတွင်ပင် ဆိုက်ကပ်လိမ့်မည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောကြားခဲ့သည်။

“သီလဝါဆိပ်ကမ်းက လုံခြုံရေးယူရတာ အဆင်ပြေတယ်။ မြို့နဲ့လည်း ဝေးတယ်၊ ပြည်သူလူထု မသိအောင် တိတ်တဆိတ်လုပ်လို့ကောင်းတယ်၊ နိုင်ငံတကာ ဆိပ်ကမ်း အင်္ဂါရပ်နဲ့လည်း ညီတယ်ဆိုတော့ အစိုးရရဲ့ လျှို့ဝှက် ပစ္စည်းတွေဆိုရင် ဒီဆိပ်ကမ်းမှာပဲ ချတယ်ဟု” ဆိပ်ကမ်း အင်ဂျင်နီယာကဆိုသည်။

ထိုသို့ အစိုးရ၏ စစ်ဘက်ဆိုင်ရာ ပစ္စည်းများ ပါလာသည့် သင်္ဘောများ ဆိုက်ကပ်လျှင် သင်္ဘောဆိုက်ကပ်မည့် အစီ အစဉ်ကို ဝန်ထမ်းများအား ကြိုတင်အသိပေးလေ့ မရှိဘဲ ရုတ်တရက် လုံခြုံရေးယူ၍ ဆိုက်ကပ်လေ့ရှိသည်။ ၎င်း သင်္ဘောများ ဆိုက်ကပ်ရန်အတွက် သီလဝါဆိပ်ကမ်းတွင် နေရာ အကျယ်အဝန်းတခုပေးရပြီး ကီးကရိန်း ပြင်ဆင်သည့် တာဝန်ကျ အင်ဂျင်နီယာမှအပ မည်သည့် ဝန်ထမ်း တဦးတယောက်မှ ထိုနေရာသို့ သွားခွင့် မရှိပေ။

၂၀၀၂ ခုနှစ် ဝန်းကျင်က ရုရှားမှ ဝယ်ယူသော စစ်မြေပြင်သုံး (Transporeter erector launcher) ယာဉ် ၁၀ စီးကျော်ချပေးစဉ်က ၎င်း တာဝန်ကျချိန်ဖြစ်သည်ဟု ဆိပ်ကမ်းအင်ဂျင်နီယာက ဆိုသည်။

၎င်း ယာဉ် ကို ဓာတ်ဆီဖြင့် မောင်းနှင်ခြင်းဖြစ်ပြီး ယာဉ် နှစ်စီးပေါင်းကို ကားတစီးပေါ်ရှိ အီလက်ထရွန်းနစ် ထိန်းချုပ်ကိရိယာဖြင့် ထိန်းချုပ် ရသည်။ ၎င်းယာဉ်ဖြင့် ပစ်ခတ်လျှင် မီတာ ၂၂၀၀၀ အထိ ရောက်နိုင်ကြောင်း သိရသည်။

“အဲဒီလို စစ်လက်နက် ပစ္စည်းတွေချပြီးရင် ည ၂ နာရီလောက်မှာ လမ်းမီးတွေ အကုန် မှိတ်လိုက်တယ်။ ပြီးသွားရင် သန်လျင် ကျိုက်ခေါက်ဘုရားလမ်းကတဆင့် မောင်းသယ်သွားတယ်။ အဲဒီကားတွေတုန်းကတော့ အင်းတိုင်ကို တိုက်ရိုက်မောင်းသယ်သွားမယ်လို့ ပြောတယ်” ဟု သူက ဆက်ပြောသည်။

ယမန်နှစ်အတွင်းကလည်း ယူကရိန်းနိုင်ငံက ဝယ်ယူထားသော အမြောက်တင် ကားများ လာရောက်ချခဲ့သေး ကြောင်း သီလဝါ ဆိပ်ကမ်း တာာဝန်ရှိသူတဦးကပြောပြသည်။

“အဲဒီသင်္ဘောဆိုက်တုန်းကလည်း ဘာမှမသိရဘူး။ အစီအစဉ်လည်း ကြိုမပြောဘူး။ အုပ်ထားတဲ့ ပျောက်ကျား တာလပတ်တွေကြားက ထိုးထွက် နေတဲ့ အမြောက်ကြီးတွေ တွေ့လို့ သိရတာ။ ကား ၁၄ စီးလောက် ရှိမယ်” ဟု သူက ဆိုသည်။

သီလဝါဆိပ်ကမ်းသည် မီတာ ၁၀၀၀ ကျယ်ဝန်းပြီး စစ်အစိုးရထံမှ မြေငှားစာချုပ် ၂၅ နှစ်ချုပ်ကာ နိုင်ငံခြားက လာရောက်ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။ ဆိပ်ကမ်းစတင်ချိန်က ကွန်တိန်နာ သီးသန့်ချသည့် ဆိပ်ကမ်းအဖြစ်အသုံးပြုရန် ဖြစ်သော်လည်း အရှုံးပေါ်သဖြင့် ဆန်၊ သစ်၊ ပဲ၊ ဓာတ်မြေသြဇာ အစရှိသည့် ကုန်များကိုပါ အတင်အချပြုလုပ်နေရသည်။

၎င်းဆိပ်ကမ်းတွင် အာဆီယံနိုင်ငံများမှ ရေတပ်သင်္ဘောများလည်း လေ့လာရေးခရီးလာရောက်စဉ် ဆိုက်ကပ် လေ့ရှိကြောင်းသိရသည်။ ထို့ပြင် လူစီး နိုင်ငံခြားခရီးသွား သင်္ဘောကြီးများလည်း ဆိုက်ကပ်သည်။

“သီလဝါမှာကပ်ရတာ သင်္ဘောတိုင်းအတွက် အဆင်ပြေပေမယ့် ကပ်ချင်တဲ့ သင်္ဘောတိုင်း ကပ်ခွင့်မရဘူး။ အစိုးရက အစီအစဉ်ချပေးတဲ့ သင်္ဘောတွေပဲ ကပ်ခွင့်ရှိတယ်။ သီလဝါမှာပဲ အကုန်ကပ်လိုက်ရင် တခြား ရန်ကုန်က ဆိပ်ကမ်း တွေ ဝင်ငွေမရှိတော့မှာစိုးလို့ ခွင့်မပြုတာ” ဟု တာဝန်ရှိသူက ဆိုသည်။

လက်နက်များ သယ်ဆောင်လာသည်ဟု ယူဆရသော Kang Nam 1 သင်္ဘောကို နိုင်ငံတကာက စောင့်ကြည့် လျှက် ရှိသောကြောင့် မူလဦးတည်ထားသည့် မြန်မာပြည်တွင် ဆိုက်ကပ်ခြင်းမရှိဘဲ လမ်းလွှဲသွားနိုင်ကြောင်း လေ့လာသူတို့က သုံးသပ် ပြောဆိုနေကြသည်။

source by : ဧရာဝတီ

ဆက်ဖတ်မယ်...

မက်လုံးပေးရောင်းချနေသည့် ထီအပိုဆုများကို အစိုးရက တားမြစ်

NEJ | ရန်ကုန်မြို့တွင် ထီအရောင်းဆိုင်ကြီးများက ထီလက်မှတ်ရောင်းအား မြှင့်တင်လုပ်ဆောင်နေမှုကို အောင်ဘာလေ ထီလုပ်ငန်းဌာနက လိုက်လံတားမြစ်နေကြောင်း သိရသည်။

ထီထိုးသူ နည်းပါးလာပြီး ထီရောင်းအားကျဆင်းနေသည့်အတွက် ထီလုပ်ငန်းရှင်များက ရောင်းအားမြင့် ဆွဲဆောင်မှုအဖြစ် အပိုဆုချီးမြှင့်ခြင်းကို အောင်ဘာလေမှ တားမြစ်ခြင်းဖြစ်သည်ဟု မိုးယံရွှေလမင်းနှင့်မြတ်ဆုကုဋေ ထီအရောင်းဆိုင် တာဝန်ရှိသူတဦးက ပြောသည်။

“တချို့ဆိုင်တွေက သိန်း (၁,၀၀၀) ပေါက်ရင် သိန်း (၁,၀၀၀) လျော်ချင်ကြတယ်။ ဒါလည်း ရောင်းအားမြင့်ဖို့  ဆွဲဆောင်တဲ့သဘောပါပဲ။ အစိုးရက သတ်မှတ်တဲ့ အပိုဆုကြေးက သိန်း (၅၀၀) ပဲ ပေးခွင့်ရှိတယ်လေ။ ပုဂ္ဂလိက လုပ်ငန်းရှင်တွေက ကိုယ့်သဘောနဲ့ကိုယ် ရောင်းအားမြင့်ဖို့ ဆွဲဆောင်ပြန်တော့လည်း သူတို့က မကြိုက်ပြန်ဘူး” ဟု ထီလုပ်ငန်းရှင်တဦးက ပြောသည်။


မြတံခွန်နှင့်အောင်သန်းဆု ထီဆိုင်ကြီးက သိန်း (၁,၀၀၀) ပေါက်ပါက သိန်း (၆၀၀) ပေးမည်ဟု တရားဝင် ကြေညာ၍ရောင်းချနေခဲ့ပြီး မိုးယံရွှေလမင်းနှင့်မြတ်ဆုကုဋေထီဆိုင်ကြီးက သိန်း (၅၀၀) သာ အပိုဆုပေးသော်လည်း အက္ခရာတူ၊ ရှေ့ဂဏန်းတူများကိုပါ ဆုပေးမည်ဟု တရားဝင်ကြော်ငြာထားသည်။

အောင်ဘာလေဌာနမှ ပြင်းပြင်းထန်ထန် ကန့်ကွက်တားမြစ်ခြင်းများ မပြုလုပ်သေးသော်လည်း ထိုသို့ မရောင်းချရန် ထီလုပ်ငန်းရှင် များကို ယခုလ အတွင်း၌ ခေါ်ယူသတိပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်ထီလောကတွင် သိန်း (၁,၀၀၀) ထီဆုကြီး၏ ပေါက်ဂဏန်းအက္ခရာနံပါတ်တွင် အက္ခရာနှင့်ရှေ့ဂဏန်း (၅) လုံးတူပါက ဂျီအက်စ်အမ် ဖုန်းတလုံးနှင့် နောက်ထပ် အထူးထီလက်မှတ်ကတ်များ၊ အက္ခရာနှင့်ဂဏန်း (၄) လုံး တူပါက Movie 5 စက်နှင့် အထူးထီစောင်ရေများ၊ အက္ခရာနှင့်ရှေ့ဂဏန်း (၃) လုံး တူပါက ရွှေဆွဲပြားနှင့် အထူးထီစောင်ရေများ၊ အက္ခရာနှင့်ရှေ့ဂဏန်း (၂) လုံးတူပါက အထူးထီလက်မှတ်များ ပေးမည်ဟု ကြော်ငြာ ရောင်းချနေခြင်းဖြစ်သည်။

ယခုလတွင် ထီလက်မှတ်များ ရောင်းအားပိုမို ကျဆင်းနေသည့်အတွက် ထီတစောင်လျှင် (၂၅၀) ကျပ်ထက် ပိုရောင်းပါက ၀ယ်သူ လုံးဝမရှိကြောင်း လက်ပွေ့ ထီရောင်းသူ တဦးက ပြောသည်။

ထီလုပ်ငန်းတွင် မက်လုံးပေး၍ လုပ်ဆောင်မှသာ အရောင်းအ၀ယ်ကောင်းလာမည်ဟု ထီလုပ်ငန်းရှင်များက ပြောဆိုနေကြသော်လည်း ယင်းသို့ မက်လုံးပေး ရောင်းချမှုကြောင့် ချဲထီကဲ့သို့ ဈေးကွက်တခုပေါ်လာမည်ကို စိုးရိမ်သဖြင့် အစိုးရအနေဖြင့် ပရိုမိုးရှင်း အနေအထားကို တားမြစ်ခြင်း ဖြစ်မည်ဟု ထီလုပ်ငန်း ကျွမ်းကျင် သူများက ယူဆသည်။

အောင်ဘာလေထီ လုပ်ငန်းသည် ဆုပေး စနစ်ကို ပြောင်းလဲ လာခဲ့ရာ ယမန်နှစ် နောက်ဆုံးလမှစ၍ ယခင်ထီဆု သိန်း (၅၀၀) ကျပ် အစား သိန်း (၁,၀၀၀) ကျပ် အဖြစ် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

source by : ခေတ်ပြိုင်

ဆက်ဖတ်မယ်...

ဘိုကလေး မြို့နယ်တွင်းမှ မူလတန်းလွန် ကျောင်းသားများ ကျောင်း ဆက်တက်ရေး အခက်အခဲဖြစ်

အောင်ထက် | ဧရာဝတီတိုင်း၊ ဘိုကလေးမြို့၊ စက်စု-စက်ဆန်း ဒိုင်နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်း ကျောင်းသို့ ကျောင်းအုပ်ကြီး ရောက်မလာ သောကြောင့် ၎င်းကျောင်းနှင့် တွဲဖက်ရမည့် အလယ်တန်း ကျောင်းများ အခက်အခဲ ဖြစ်နေသည်။

အဆိုပါ စက်စုနှင့်စက်ဆန်းဒိုင်နယ်အတွင်းရှိ ကျေးရွာပေါင်း (၃၆) ရွာတွင် မူလတန်းကျောင်းများသာ ရှိသောကြောင့် အလယ်တန်းတက်မည့် ကျောင်းသားများသည် စက်စု အ.ထ.ကနှင့် ဂရမ်းကျေးရွာ အ.လ.က တို့၌ မူလတန်းလွန် (အလယ်တန်း) အနေဖြင့် တွဲဖက်ပညာသင်ကြားရသည်။

ထိုသို့ တွဲဖက်အဖြစ် ချိတ်ဆက်ပညာသင်ကြားရမည့် အလယ်တန်းကျောင်းသားများကို ဒေသခန့်ဆရာများက စာပေသင်ကြားခွင့်၊ လပတ်စာမေးပွဲ စစ်ဆေးခွင့်ရှိပြီး အတန်းတင်စာမေးပွဲ အဖြေလွှာများကိုမူ အဆိုပါ အစိုးရခန့် ကျောင်းများသို့ ပေးပို့စစ်ဆေးခံပြီး အောင်-ရှုံး စာရင်းထုတ်ပြန်မှသာ တရားဝင် အစိုးရကျောင်း၏ အသိမှတ်ပြုခြင်း ခံရသည်ဟု ရွှေပြည်အေးကျေးရွာမှ ကျောင်းကော်မတီဝင်တဦးက ပြောသည်။


သို့သော် ပြောင်းရွှေ့မိန့်ကျပြီး (၃) လခန့် ရှိပြီဖြစ်သော်လည်း ယခုထိ စက်စုအမှတ် (၁) အခြေခံပညာ အထက်တန်း ကျောင်းသို့ ကျောင်းအုပ်ကြီး မရောက်လာသောကြောင့် အလယ်တန်းကျောင်းသားကိစ္စများကို အတွဲမခံသေးဘဲ လောလောဆယ် အထက်တန်းပြဆရာတဦးက တာဝန်ခံ အုပ်ချုပ်နေသည်ဟု ၎င်းက ပြောသည်။

“တကယ်လို့ ကျောင်းအုပ်ကြီးရောက်လာပြီး အလယ်တန်းကျောင်းကို တွဲဖို့လက်မခံရင် မကြာခင်လုပ်တော့မယ့် လပတ်စာမေးပွဲမှာ ကျောင်းသားတွေ အခက်အခဲဖြစ်လိမ့်မယ်။ ဒါကြောင့် အစိုးရအသိအမှတ်ပြု ဘုန်းတော်ကြီးသင် အဆီကြီးကျေးရွာကို မယုတ်မလွန်ချိတ်ဆက်ထားရတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

(၅) တန်းမှ (၈) တန်းအထိ စာဆက်လက်သင်မည့် အလယ်တန်းကျောင်းသားများသည် ဇွန် (၁) ရက် ကျောင်းအပ် လက်ခံကတည်းက ဒိုင်နယ်ကျောင်းကြီးများနှင့် တွဲချိတ်ရန် ဒေသခံကျောင်းကော်မတီတို့က စီစဉ်ကြရသည်။

ဘိုကလေးမြို့မှ ရေမိုင် (၂၀) ကျော်အကွာတွင်ရှိသည့် ထော်ပိုင်-ရွှေပြည်အေးကျေးရွာတွင် ယခုနှစ် မူလတန်း ကျောင်းသား (၂၈၀) ဦးရှိပြီး အလယ်တန်း ကျောင်းသား (၅၂) ဦးအတွက် အလယ်တန်းကျောင်း မရှိသေး၍ တွဲဖက်မူလတန်းလွန်အဖြစ် လက်တလော ရပ်တည်နေရသည်။

ထော်ပိုင်-ရွှေပြည်အေးကျေးရွာ၌ အစိုးရ အသိအမှတ်ပြု အလယ်တန်းကျောင်းချပေးရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလက နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသအာဏာပိုင်များအား ညွှန်ကြားပြီးဖြစ်သော်လည်း ယခုထိ အကောင်အထည် မပေါ်သေးကြောင်း ဒေသခံများက ပြောသည်။

ယခုကဲ့သို့ ဧရာဝတီတိုင်း၊ အစွန်အဖျား ကျေးရွာများ၏ တွဲဖက်မူလတန်းလွန်ကျောင်းများသည် ၎င်းတို့၏ ကျောင်းသားများ ပညာသင်ကြားရေး တရားဝင်ဖြစ်စေရန်အတွက် မြို့နယ်ပညာရေးမှူးသို့ (၁) သိန်း၊ တွဲဖက်အဖြစ် လက်ခံမည့် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးသို့ (၅) သောင်း (တရားမ၀င်) ငွေပေးသွင်းနေရသည်ဟုလည်း ရွှေပြည်အေးကျေးရွာမှ ကျောင်းကော်မတီဝင်တဦးက ပြောသည်။



source by : ခေတ်ပြိုင်

ဆက်ဖတ်မယ်...

မြောက်ကိုရီးယား သင်္ဘောကို ကြားဖြတ်စစ်ဆေးဖို့ အမေရိကန် မဆုံးဖြတ်သေး


(ဓာတ်ပုံ - REUTERS/Paul Yeung/Files)
VOA | ဒုံးကျည်တွေ ဒါမှမဟုတ် ဒုံးကျည် အစိတ်အပိုင်းတွေ တင်ဆောင် လာတယ်လို့ သင်္ကာ မကင်းဖြစ်ခံရတဲ့ ကမ်နန် ၁ မြောက်ကိုရီယား သင်္ဘောကို အဆက်အသွယ်လုပ်ဖို့ မလုပ်ဖို့ အမေရိကန်ပြည်ထောင်စုနဲ့ သူ့မဟာမိတ် နိုင်ငံတွေဖက်က မဆုံးဖြတ် ရသေးဘူးလို့ အမေရိကန်စစ်ဖက်က ပြောပါတယ်။ အခြားနိုင်ငံတွေနဲ့ အတူ ဆုံးဖြတ်ချက်လုပ်ဖွယ်ရှိတယ်လို့ အမေရိကန် ကာကွယ်ရေးဌာန ပြောခွင့်ရသူက မနေ့ကတော့ ပြောပါတယ်။ ဘယ်နိုင်ငံတွေနဲ့လည်း ဆိုတာတော့ ရှင်းလင်းပြောတာ မရှိပါဘူး။


ဒါပေမဲ့လည်း ဒီဆုံးဖြတ်ချက်မျိုး မကြာခင်ထွက်လာမယ်လို့လည်း ခန့်မှန်းမထားဘူးလို့ ကာကွယ်ရေးဌာန ပြောခွင့်ရသူ Morrell က ပြောပါတယ်။ မြောက်ကိုရီယား လက်နက်တင်ပို့မှုကို တားမြစ်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အပေါ် ဖောက်ဖျက်တယ်လို့ သင်္ကာမကင်းရှိတဲ့ သင်္ဘောတွေကို ကြားဖြတ်တားမြစ် စစ်ဆေးတာမျိုးတွေ လုပ်ဖို့ အစီအစဉ်ရှိ မရှိကိုလည်း ပြောခွင့်ရသူက ရှင်းရှင်းလင်းလင်း မပြောခဲ့ပါဘူး။ မြောက်ကိုရီယားဖက်က သူ့သင်္ဘောတွေကို ဒီလို တားမြစ်စစ်ဆေးတာလုပ်ရင် စစ်ကြေညာတယ်လို့ ယူဆမယ်လို့ ပြောထားပါတယ်။

ကမ်နန် ၁ သင်္ဘောဟာ တရုတ်ပင်လယ်ကနေ မြန်မာနိုင်ငံဖက်ကို ဦးတည်နေတယ်လို့ တောင်ကိုရီယား ထောက်လှမ်းရေး သတင်းတွေကို ကိုးကားပြီးဖော်ပြခဲ့ပါတယ်။ ဒီသင်္ဘောရဲ့ခရီးစဉ် ဘယ်ကို သွားမလဲဆိုတာ ခန့်မှန်းချက် မေးမြန်းချက် ကိုတော့ အမေရိကန် ကာကွယ်ရေးဌာန ပြောခွင့်ရသူက ဖြေကြားဖို့ ငြင်းခဲ့ပါတယ်။ မြန်မာအစိုးရ မီဒီယာတွေမှာတော့ မြောက်ကိုရီယား သင်္ဘောတစင်း အိန္ဒိယဘက်ကနေ ဆန်တင်ပြီး မြန်မာနိုင်ငံကို လာဖို့ရှိတယ်ဆိုတာပဲ သတင်းဖော်ပြပြီး အသေးစိတ်ကိုတော့ မရေးပါဘူး။ အခု ကမ်နန်၁ မြောက်ကိုရီယား သင်္ဘောကိုတော့ အမေရိကန် ရေတပ်သင်္ဘောက နောက်ယောင်ခံလိုက်နေတယ်လို့ အမေရိကန်စစ်ဖက် အရာရှိတွေက ပြောခဲ့ပါတယ်။ မြောက်ကိုရီယားသင်္ဘောဟာ အခု ထိုင်ဝမ် ရေလက်ကြားကို ဖြတ်ကျော်နေတယ်လို့ အမေရိကန် စစ်ဖက်အရာရှိတဦး ပြောဆိုချက်ကို ကိုးကားပြီး အေပီ သတင်းမှာ ရေးသားထားပါတယ်။

နားဆင်ရန်

source by : ဗီအိုအေ

ဆက်ဖတ်မယ်...

ဂမ်ဘာရီ မြန်မာနိုင်ငံခရီးစဉ် စတင်

VOA | ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေး မစ္စတာ အီဘရာဟင် ဂမ်ဘာရီဟာ မြန်မာနိုင်ငံကို သွားရောက်တဲ့ အကြောင်း ကုလသမဂ္ဂက အတည်ပြု ပြောဆိုပါတယ်။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို စစ်အစိုးရဘက်က တရားစွဲဆိုနေတဲ့အချိန်မှာ မစ္စတာ ဂမ်ဘာရီ သွားရောက်တာဖြစ်ပါတယ်။ ကြိုတင် ကြေညာထားခြင်း မရှိဘဲ သွားရောက်တဲ့ ခရီးစဉ်ဟာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကိုယ်တိုင် သွားရောက်မယ့် ခရီးစဉ်တခု ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ရှိနေပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပါလိမ့်မယ်။

အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး မစ္စတာ ဂမ်ဘာရီဟာ မြန်မာနိုင်ငံကို သွားနေပြီဆိုတာကို ကုလသမဂ္ဂက ဒီနေ့ အတည်ပြု ပြောပါတယ်။ ဒီခရီးစဉ်နဲ့ ပတ်သက်လို့ ကြိုတင် မကြေညာခဲ့တာကို ကြည့်ရင် ကုလသမဂ္ဂဘက်က စစ်အစိုးရနဲ့ စေ့စပ်ညှိ့နိုင်းပြီး ခရီးစဉ်မစခင် အထူး သိမ်သိမ်မွေ့မွေ့ နဲ့ ကိုင်တွယ်နေရပုံရပါတယ်။ အထူးသဖြင့် မစ္စတာ ဂမ်ဘာရီ အနေနဲ ခရီးစဉ်အတွင်းမှာ စစ်အစိုးရဘက်က နိုင်ငံရေးအရ အသုံးချခံရတာမျိုးမဖြစ်အောင်၊ ရလဒ် တစုံတရာထွက်ပြီး ခရီးစဉ်က အပြန် မျက်နှာပန်းလှအောင် ကြိုးပမ်းနေရတယ်လို့ မြန်မာ့အရေး လေ့လာသူတွေ သုံးသပ်ကြပါတယ်။


ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရိုက်တာသတင်း တပုဒ်မှာတော့ အနောက်တိုင်း သံတမန်တချို့ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး မြန်မာစစ်အစိုးရက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို လာမယ့် ဂျုလိုင်လအတွင်း မြန်မာနိုင်ငံလာဘို့ ဖိတ်ကြားထားတယ်လို့ ဖေါ်ပြပါတယ်။ အတွင်းရေးမှူးချုပ်ဘက်က ဒီဖိတ်ကြားချက်ကို လက်ခံမယ် လက်မခံဘူးဆိုတာ မသိရသေးပါဘူး။ ဒါပေမယ့်လည်း အတွင်းရေးမှူးချုပ်ရဲ့ ခရီးစဉ်ကို စစ်အစိုးရဘက် ၀ါဒဖြန့်ဘို့ အသုံးချတာမျိုးဖြစ်သွားမှာ ကုလသမဂ္ဂက စိုးရိမ်နေတယ်လို့ ကုလသမဂ္ဂ သတင်းရပ်ကွက်က ပြောတဲ့အကြောင်း ကိုးကားရေးသားထားပါတယ်။

ဒါပေမယ့်လည်း ကမ္ဘာ့ ကုလသမဂ္ဂဟာ စစ်အစိုးရကို ထိထိရောက်ရောက် နားချနိုင်တဲ့ အခြေအနေမျိုးမှာ မရှိဘဲ၊ စစ်အစိုးရကို အပျော့ဆွဲ ဆွဲနေရတဲ့ အခြေအနေမျိုးမှာသာ ရှိနေတယ်ဆိုပြီး မြန်မာဒီမိုကရေစီအင်အားစုတွေ အားမလိုအားမရ ဖြစ်နေကြပါတယ်။ ဒီလို အားမလို အားမရဖြစ်နေသူတွေထဲမှာ အန်အဲလ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းတင်လည်း ပါပါတယ်။

"သူတို့ဟာစစ်အစိုးရကို လာများ ချော့ချင်နေလို့လား၊ ချော့ချင်နေတာလား၊ ဒါမှမဟုတ် စစ်အစိုးရကို လာပြီး မျက်နှာချိုသွေးချင်နေလို့လား၊ ဒီလို သဘောနဲ့များဖြစ်လို့ တိုးတိုးတိတ်တိတ် ကြိတ်ကြိတ် လုပ်နေတာလား၊ ဒီလို ကျနော် သံသယဖြစ်မိတယ်။ သို့သော် ဒါက ကျနော့ရဲ့ သံသယပေါ့ဗျာ၊ ထားပါတော့၊ ဒါတွေက သူတို့ ကိစ္စဆိုတော့ ကျနော်တို့ ဘာမှ သိပ်ပြီး ပြောစရာ မရှိပါဘူး၊ ဒါက ကျနော့ရဲ့ သံသယပါ။''

ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းက မြန်မာ့အရေးနဲ့ ပတ်သက်လို့ ချဉ်းကပ်တဲ့နေရာမှာ စစ်အစိုးရကျင်းပမယ့် ရွေးကောက်ပွဲကို တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင်ပဲ တွန်းအားပေးတဲ့ အဆင့်မှာရောက်နေပြီး ဒါဟာ ဒုတိယ အဆင့်ဖြစ်တယ်လို့ ဦးဝင်းတင်က မြင်ပါတယ်။

ဒီမိုကရေစီရေးအတွက် အဓိက အဟန့်အတားဖြစ်နေတာက စစ်အစိုးရ ရေးဆွဲထားတဲ့ အခြေခံ ဥပဒေဖြစ်ပြီး ဒီ အခြေခံ ဥပဒေပါ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ အချက်တွေ ပြင်ဆင်ဘို့ နိုင်ငံတကာအသိုင်းအ၀ိုင်းက စစ်အစိုးကို တွန်းအားပေးဘို့ လိုတယ်လို့ မြင်ပါတယ်။

''နိုင်ငံတကာက အဲဒီ ကိစ္စလေးကို ကျန်ကျန်နေတယ်။ နိုင်ငံတကာက အနောက်နိုင်ငံတွေက ဒီ အစိုးရကို တောင်းဆိုတဲ့အခါမှာ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆိုပြီး တောင်းဆိုပါ။ ရွေးကောက်ပွဲ ကျင်းပရေး ကိစ္စတို့ ဘာတို့ ဆိုတာက ဒုတိယ ကိစ္စဖြစ်ပါတယ်။ ဒီ အခြေခံ ဥပဒေက ရွေးကောက်ပွဲနဲ့ ပြည်သူတွေ ကြားထဲမှာ ရွေးကောက်ပွဲနဲ့ ပြည်သူတွေ ကြားထဲမှာ ကန့်လန့်ကြီး ခံနေပါတယ်။ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို တောင်းဆိုပေးပါ၊ ကျနော်က ဒါကို ပြောချင်ပါတယ်။''

ဦးဝင်းတင် ပြောဆိုနေတာပါ။ မစ္စတာ ဂမ်ဘာရီ ဟာ အခုတခေါက် မြန်မာပြည် ခရီးစဉ်အတွင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ခွင့် ရမရ မသေချာ သေးပါဘူး။ အင်းစိန်အကျဉ်းထောင်ထဲမှာ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တွေ့ဆုံခွင့် တောင်းမှာ သေခြာပါတယ်။

မစ္စတာ ဂမ်ဘာရီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တက္ကသိုလ်ရိပ်သာလမ်းပဲဖြစ်ဖြစ်၊ အစိုးရ ဧည့်ဂေဟာ မှာပဲဖြစ်ဖြစ်၊ အင်းစိန်ထောင် မှာဘဲ တွေ့တွေ့ စစ်အစိုးရ ချုပ်နှောင်တာကို ခံနေရဆဲအခြေအနေမှာ တွေ့နေရတာကိုက ကုလသမဂ္ဂရဲ့ မြန်မာ့အရေး ကြားဝင် ဆောင်ရွက်မှုတွေ အရာမထင်သေးဘူးဆိုတာ ပြနေတယ်ဆိုပြီး မြန်မာ့အရေး လေ့လာသူတွေ ပြောဆိုနေကြတာပါ။

နားဆင်ရန်

source by : ဗီအိုအေ

ဆက်ဖတ်မယ်...

လှိုင်ခေါင်းသတင်းကြောင့် ထောက်လှမ်းရေးများ သတင်းသမားများကို စစ်ဆေးနေ


ဆက်ဖတ်မယ်...

ယက်တောအမှု ဒေါ်စုတွင် တာဝန်ရှိဟု ရဲချုပ်က အပြစ်တင်

မဇ္ဈိမ | ချင်းမိုင် (မဇ္ဈိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ခြံဝင်းအတွင်း အမေရိကန် နိုင်ငံသား ဂျွန်ယက်တော ဝင်ရောက်မှုနှင့် ပတ်သက်၍ သူမတွင်သာ တာဝန်ရှိကြောင်း မြန်မာနိုင်ငံ ရဲချုပ်က ယနေ့ ပြောသည်။

ပထမအကြိမ် လာရောက်စဉ် ကတည်းက တာဝန်ရှိ သူများကို သတင်းပြည့်စုံစွာ မပို့ခဲ့ဘဲ ထိန်ချန်ထားခဲ့သည် ဟူ၍ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက ရန်ကုန်ရှိ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး ပြတိုက်၌ ယနေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောသွားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လုံခြုံရေး တပ်ဖွဲ့ဝင်များကို တိုက်ရိုက် သတင်းမပို့ဘဲ ၄ ရက်အကြာ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၄ ရက် နေ့ကျမှ သူမအား ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသော ဒေါက်တာတင်မျိုးဝင်းကတဆင့် သတင်းပို့ခဲ့သဖြင့် သဲလွန်စရရန် ခက်ခဲပြီး အဖြစ်မှန် မဖော်ထုတ်နိုင်ခဲ့ကြောင်း ရဲချုပ်က ဆိုသည်။


မစ္စတာ ယက်တောသည် ဉာဏ်ရည် ဉာဏ်သွေး ကောင်းမွန်ပြီး၊ ဝေဖန်သုံးသပ် ဆင်ခြင်နိုင်စွမ်း မြင့်မားသည့် ပုဂ္ဂိုလ်တဦး ဖြစ်ကြောင်းနှင့် စိတ်ဝေဒနာရှင် ကျပ်မပြည့်သူတဦးဆိုတာ မဟုတ် မှန်ကြောင်းလည်း ထည့်သွင်းပြောဆိုသွားသည်။

မစ္စတာ ယက်တောသည် အင်လျားကန်အတွင်း ကိုက် ၃၀၀၀ ကျော် အကွာအဝေးကို ဖြတ်ကူးပြီး နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်း ခိုးဝင်ခဲ့သည်ကို အစားအသောက် နေရာထိုင်ခင်းဖြင့် လက်ခံခဲ့မှုဖြင့် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်သည် အကျယ်ချုပ်ကာလအတွင်း စည်းကမ်းချိုးဖောက်သည်ဟုဆိုကာ တရားစွဲဆိုထားသည်။ ပြစ်မှု ကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ် ၅ နှစ်အထိ အပြစ်ပေးနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်က သူ့တွင် အပြစ်ကျူးလွန်မှု မရှိကြောင်း တရားရုံးတွင် ကိုယ်တိုင်ထွက်ဆိုထားပြီး၊ အကျယ်ချုပ်ကျနေသည့် သူ့ကို လုံခြုံရေး စောင့်ကြည့်သူများတွင်သာ တာဝန်ရှိသည်ဟု ထွက်ဆိုထားသည်။

မြန်မာစစ်အစိုးရအနေဖြင့် မစ္စတာယက်တော၏ အမှုသည် ကြိုတင်ကြံစည်မှုဖြစ်ပြီး နောက်ကွယ်တွင် အဖွဲ့အစည်းတခုခု ပါဝင် ပတ်သက်နေသည်ဟု သံသယရှိနေကြောင်းကို ရဲချုပ်၏ ပြောစကားများတွင် ပါရှိသည်။ သို့သော် မည်သည့်အဖွဲ့ဖြစ်သည်ကို စုံစမ်း ဖော်ထုတ်ဆဲ ဖြစ်သည်ဟု ရဲချုပ်က ပြောသည်။

အတိုက်အခံ များကမူ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ၌ ဒေါ်စု မပါဝင်စေလိုခြင်းနှင့် ရွေးကောက်ပွဲ ကာလ အတွင်း လွတ်မြောက် နေစေလိုခြင်း မရှိသည့် အတွက် နေအိမ် အကျယ်ချုပ် သက်တမ်း ကုန်တော့မည့်အချိန်တွင် စစ်အစိုးရက စီစဉ်ခဲ့သည့်အမှုဟု စွပ်စွဲထားကြသည်။

source by : မဇ္ဈိမ

ဆက်ဖတ်မယ်...

ကန်နန် သင်္ဘော နှင့် ပတ်သက်၍ မြန်မာ နိုင်ငံသို့ ဆိုက်ကပ်မည့် သတင်း တစ်စုံတစ်ရာ မရှိဟု စစ်အစိုးရပြော


၂၀၀၇ ခုနှစ် မေလ ၂၁ ရက်နေ့ က ယခုလက်နက်များ တင်ဆောင်လာသည် ဆိုသည့် မြောက်ကိုရီးယား သင်္ဘော သီလ၀ါ ဆိပ်ကမ်းတွင် ဆိုက်ပ်ထားစဉ် The Kang Nam I cargo ship docks at the port in Yangon, 21 May 2007.
ဟိန်းခိုင်ထွန်း | ယနေ့ ည စစ်အစိုးရ အာဘော် မြန်မာ့ ရုပ်မြင်သံကြား သတင်း အစီအစဉ်တွင် ယခု ရက်ပိုင်း အတွင်း ရန်ကုန် သီလ၀ါ ဆိပ်ကမ်းသို့ လာရောက်၍ အိန္ဒိယ မှ ဆန်များ သယ်ဆောင် လာရန်ရှိသည့် မြောက်ကိုရီးယား ကုန်တင် သင်္ဘော ၀င်ရောက်ရန် ရှိသော်လည်း အမေရိကန် ဖျက် သင်္ဘော U.S. S.John Mccain မှ နောက်ယောက်ခံ လိုက်နေသည့် ကန်နန် ၁ နှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ဆိပ်ကမ်း များသို့ ၀င်ရောက် ဆိုက်ကပ် ရပ်နားမည့် သတင်း တစ်စုံတစ်ရာ မရရှိကြောင်း ကြေညာ သွားခဲ့သည်။

နိုင်ငံတကာ သတင်းဌာနများမှ စစ်လက်နက် ပစ္စည်းများ သယ်ဆောင်လာသော မြောက်ကိုရီးယား သင်္ဘော ကန်နန် မှာ မြန်မာနိုင်ငံသို့ ဦးတည် နေသည်ဟု သတင်း ရေးသား ကြသော်လည်း မြန်မာ ဆိပ်ကမ်းသို့ အိန္ဒိယနိုင်ငံ ကာလကတ္တားမှ ဆန်တန်ချိန် ၈၀၀၀ ကျော် တင်ဆောင်လာသည့် အမ်ဗွီ ဒူမန်ကန် သင်္ဘောသာလျှင် ဇွန်လ ၂၇ ရက် တွင် ဆိုက်ကပ်ရန် အစီအစဉ် ရှိကြောင်း ကြေညာသွားသည်။

ဇွန်လ ၁၇ ရက်နေ့ က မြောက်ကိုရီးယားနိုင်ငံ နမ်ပို ဆိပ်ကမ်းမှ ထွက်ခွာခဲ့သော တန်ချိန် နှစ်ထောင် ကျော်ရှိ ကန်နန် သင်္ဘောမှာ ကြာသပတေးနေ့ မနက် အစောပိုင်းတွင် ဗီယက်နမ်နိုင်ငံ နှင့် အနီးဆုံး တောင်တရုတ် ပင်လယ် နိုင်ငံတကာ ရေပိုင်နက်တွင် ရှိနေပြီး အမေရိကန် ဖျက် သင်္ဘော က ထပ်ချပ်မကွာ လိုက်လံ စောင့်ကြပ် လျှက်ရှိသည်။

လက်နက်များ သယ်ဆောင် လာသည် ဆိုသော ထို သင်္ဘောအား အမေရိကန် အစိုးရမှ တစ်ဆင့် ပင်တဂွန် စစ်ဌာနချုပ်မှ အမိန့် ရမှ တက်ရောက် ရှာဖွေ နိုင်မည် ဖြစ်သည်။

မြန်မာ စစ်အစိုးရ သည် မြောက်ကိုရီးယား နှင့် သံတမန် ပြန်လည် ဆက်သွယ်ချိန်မှ စပြီး အကြီးစား စစ်လက်နက်ပစ္စည်းများ ၀ယ်ယူမှု ရှိခဲ့သည်ဟု အပတ်စဉ် ထုတ် ဂျိမ်း ကာကွယ်ရေး စာစောင်တွင် ဖေါ်ပြထားသည်။

source by : FREEDOM NEWS GROUP

ဆက်ဖတ်မယ်...

နောက်တက်မည့် အစိုးရနှင့်သာအသွင်ပြောင်းရေးကိစ္စ ကေအိုင်အိုဆွေးနွေးမယ်

NEJ / ၂၄ ဇွန် ၂၀၀၉

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) က နောင်တက်လာမည့် အရပ်သားအစိုးရနှင့်သာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စ ဆွေးနွေးမည်ဟု မြစ်ကြီးနားရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ နှစ်ဘက် တွေ့ဆုံစဉ် အကြောင်းပြန်ခဲ့သည်။

ကေအိုင်အိုအဖွဲ့မှ အသွင်ပြောင်းရေးကိစ္စနှင့်ပတ်သက်၍ မကြာသေးမီက ဖွဲ့စည်းထားသည့် ကေအိုင်အို ကိုယ်စားပြု (၇) ဦးပါ ကော်မတီနှင့် မပခတိုင်းမှူး ဗိုလ်မှူးချုပ် စိုးဝင်းတို့ ဇွန် (၂၀) ရက်နေ့ တွေ့ဆုံစဉ်အတွင်း ကေအိုင်အိုဘက်က ပြောဆိုခဲ့ကြောင်း ကေအိုင်အိုခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ဇွန် (၂၀) ရက်နေ့မှာ အဖြေပေးပါမယ်ဆိုပြီး ကတိပေးထားချက်အရ မြစ်ကြီးနားမှာ ဒု-ဥက္ကဋ္ဌ ဦးဂေါ်ရီ ဇော်ဆိုင်း ဦးဆောင်တဲ့ (၇) ဦး ကော်မတီအဖွဲ့က သွားတွေ့ခဲ့တာ။ အဲဒီမှာ ကေအိုင်အိုက ပြောတာက မူလရည်ရွယ် ချက်ဖြစ်တဲ့ ရုဒ်မက် (၇) ချက်ကို အောင်မြင်အောင် လုပ်သွားစေချင်တယ်။ ဒါကြောင့်လည်း အမျိုးသားညီလာခံကို တက်ရောက်ခဲ့တာဖြစ်တယ်။ တပ်သားထုနဲ့ ကချင်ပြည်နယ်လူထုရဲ့ အငြိုအငြင်ခံပြီး ထောက်ခံခဲ့တာဖြစ်တယ်။ ဒီကနေ့ အသွင်ကူးပြောင်းရေးကိစ္စကိုလည်း ရုဒ်မက် (၇) ချက် ပြီးတဲ့နောက် တက်လာတဲ့ အစိုးရနဲ့သာ အခိုင်အမာ ဆွေးနွေးချင်တယ်လို့ ပြောခဲ့တယ်” ဟု ဆိုသည်။


ယခုကဲ့သို့ ပြောဆိုမှုအပေါ် မပခတိုင်းမှူးက နောင်တက်လာမည့် အစိုးရအဖွဲ့အား မည်မျှအထိ ယုံကြည်မှုထားပါ သလဲဟု ပြန်လည်မေးခွန်းထုတ်ခဲ့ကြောင်း၊ ကေအိုင်အိုဘက်က ယခုကဲ့သို့ တုံ့ပြန်မှုအပေါ် ဘ၀င်မကျသည့်အတွက် ဆက်လက်ပြီး ဆွေးနွေးသွားမည်ဟု ပြောဆိုကာ နှစ်ဘက်ဆွေးနွေးပွဲ အဆုံးသတ်ခဲ့ကြောင်း အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။

ကေအိုင်အိုနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့အကြား တပ်ဖွဲ့အသွင်ပြောင်းရေးကိစ္စ ဆွေးနွေးခဲ့သည်မှာ ဧပြီ (၂၈) ရက်နေ့မှ စ၍ ယနေ့အထိ (၄) ကြိမ်တိုင် တွေ့ဆုံခဲ့ပြီး ယခု စတုတ္ထအကြိမ်မြောက် တွေ့ဆုံစဉ် တရားဝင် ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

ယခုကိစ္စနှင့်ပတ်သက်၍ ကေအိုင်အိုအဖွဲ့မှ တာဝန်ရှိသူများအား ဖုန်းဆက်သွယ်၍ မရရှိပါ။ အမည်မဖော်လိုသည့် ကေအိုင်အို အရာရှိငယ်တဦးကမူ ပြည်ပမီဒီယာများနှင့် ပြောဆိုမှုမလုပ်ရန် ကေအိုင်အဖွဲ့အတွင်း တားမြစ်ထား ကြောင်း၊ ကေအိုင်အိုခေါင်းဆောင်အချို့လည်း ခရီးထွက်နေကြောင်း ပြောဆိုပြီး အသေးစိတ်ပြောဆိုရန် ငြင်းဆိုသည်။

ဇွန် (၃၀) ရက်နေ့တွင် ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄)၊ အနှစ် (၂၀) မြောက် အထိမ်းအမှတ် အခမ်းအနားပွဲ ကျင်းပရန်ရှိနေပြီး ကေအိုင်အိုမှ ခေါင်းဆောင်များအား ဖိတ်ကြားထားသောကြောင့် အဆိုပါပွဲတက်ရောက်ရန် ကေအိုင်အိုခေါင်းဆောင်အချို့ ခရီးထွက်နေပုံရသည်ဟု အပစ်ခတ်ရပ်အဖွဲ့များနှင့် နီးစပ်သူများက ပြောသည်။




ဆက်ဖတ်မယ်...

စစ်ပြေးကရင် ဒုက္ခသည်များကို တစုတစည်းတည်းထားမည်


NEJ / ၂၄ ဇွန် ၂၀၀၉

စစ်ပွဲဂယက်များကြောင့် ထိုင်းဘက်ထွက်ပြေးလာသည့် ကရင်စစ်ပြေးဒုက္ခသည်များအား ခိုလှုံခွင့်တခုတည်းတွင် စုစည်းထားရှိသွားမည်ဟု ကရင်ဒုက္ခသည်ကော်မတီ (KRC) အဖွဲ့ဥက္ကဋ္ဌ ရောဘတ်ထွေးက ပြောသည်။

၎င်းက “ဒီဒုက္ခသည်တွေကို တနေရာတည်းမှာ စုစည်းထားဖို့ အူးသူးထာ့ နေရာကို ရွေးထားတယ်။ အဲဒီမှာ အိမ်ထောင်စု (၅၀၀) အတွက် နေထိုင်ဖို့ စီစဉ်နေပါတယ်။ နယ်မြေခံ ထာ့ဆောင်ရမ်း မြို့ပိုင် အဲဒီနေရာကို လာကြည့်ဖို့ရှိတယ်။ သူလာကြည့်ပြီးရင်တော့ အဲဒီကို ပြောင်းရွှေ့ရမည့်ရက်ကို သိရမယ်” ဟု ပြောသည်။

ထိုင်းအာဏာပိုင်များ၊ UNHCR, KRC, TBBC, IRC နှင့် အခြားအစိုးရမဟုတ်သောအဖွဲ့များကလည်း ယာယီခိုလှုံရေး စခန်း (၃) ခုမှ စစ်ပြေးဒုက္ခသည်များကို အူးသူးထာ့ စခန်းတခုတည်းတွင်သာ စုပေါင်းထားရှိရန် စီစဉ်နေသည်ဟု သိရသည်။

စစ်ပြေးဒုက္ခသည်များတွင် နယ်မြေအေးချမ်းသွားပါက ပြန်မည့်သူများ ရှိသကဲ့သို့ လယ်ပေါ်ဟဲပြည်တွင်း ဒုက္ခသည်စခန်းမှ ဒုက္ခသည်များကမူ ၎င်းတို့စခန်းသို့ ပြန်နေထိုင်ရန် မဖြစ်နိုင်ကြောင်း ပြောသည်။

လယ်ပေါ်ဟဲစခန်းနေရာတွင် ဒီကေဘီအေတပ်များက စခန်းထိုင်ထားသောကြောင့် ထိုစခန်းမှ ဒုက္ခသည်များသည် ထိုင်းဘက်ခြမ်းတွင် ရေရှည်နေရမည့်သဘောဖြစ်နေပြီး ၎င်းတို့ကို တရားဝင်ဒုက္ခသည်အဖြစ် ထိုင်းက အသိမှတ် ပြုပေးနိုင်မည့် အနေအထားမျိုးရှိကြောင်း ကရင်ဒုက္ခသည်ကော်မတီ ဥက္ကဋ္ဌက ပြောသည်။

စစ်ပြေးဒုက္ခသည်များ နေရပ်သို့ ပြန်နိုင်ပြီဟု တိုးတက်သောကရင်ဗုဒ္ဓဘာသာအဖွဲ့ ဒီကေဘီအေ (၉၉၉) တပ်ရင်း (၇) မှ ဒု-ရင်းမှူး အဆင့်ရှိသူက ထိုင်းဘက်ခြမ်း နောင်ဘိုးရွာသို့ ယခုရက်ပိုင်းအတွင်းက လာရောက်ပြောကြားခဲ့ သော်လည်း စစ်ပြေးဒုက္ခသည်များက အခြေအနေကို ယုံကြည်မှုမရှိသည့်အတွက် ဒီကေဘီအေ၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သည်။ ထိုင်းနယ်ခြားစောင့်တပ်၏ အစီအစဉ်ဖြင့် ဒီကေဘီအေက လာရောက်ပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်ပြေးဒုက္ခသည်များအား တစုတစည်းထားရှိခြင်းသည် လုံခြုံရေးအရ ကောင်းမွန်ကြောင်း မဲ့စလေရွာမှ ထိုင်းနိုင်ငံသားများက ပြောသည်။

“လောလောဆယ် ဒုက္ခသည်တွေပြန်သွားရင် သူတို့ရဲ့ ကံကြမ္မာ ဘယ်လိုဖြစ်လာမလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ မနေ့ကတောင်မှ ကျနော်တို့ မဲ့စလေ ရွာဘက်မှာ ဒီကေဘီအေစစ်သားတွေ ထိုင်းဘက်ကူးလာပြီး ထိုင်းဘက်ခြမ်းမှာ ရောက်နေတဲ့ ကရင်ရွာသား (၂) ယောက်ကို လာပြီး ပစ်သတ်သွားတယ်။ ဒါကြောင့်မို့ သူတို့ကို အခုလို အာဏာပိုင်တွေရဲ့ ကြည့်ရှု စောင့်ရှောက်မှုအောက်မှာ ထားမယ့်ကိစ္စဟာ အင်မတန်ကောင်းတဲ့ အစီစဉ်ပဲ” ဟု မဲ့စလေမှ ထိုင်းနိုင်ငံသား ၀န်ထမ်းတဦးက ပြောသည်။

နအဖနှင့် ဒီကေဘီအေ ပူးပေါင်းအဖွဲ့များသည် ယခုလ (၂) ရက်နေ့မှစတင်ကာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် တပ်မဟာ (၇) ဘားအံခရိုင်ဒေသကို အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေမှုကြောင့် ကရင်ရွာသား (၄,၀၀၀) ခန့် ထိုင်းဘက်သို့ စစ်ပြေးဒုက္ခသည်များအဖြစ် ထွက်ပြေးလာကြသည်။

ယင်း စစ်ပြေးဒုက္ခသည်များကို ထိုင်းနိုင်ငံရှိ နောင်ဘိုး၊ အူးသူးထာ့၊ မဲ့စလေ စသည့်နေရာ (၃) ခုတွင် ယာယီခိုလှုံခွင့် စခန်းများ ဖွင့်လှစ်စောင့်ရှောက်ထားသည်။




ဆက်ဖတ်မယ်...

ရန်ကုန် လုံခြုံရေး တင်းကြပ်၊ လုံထိန်းကားများ မြို့ကို လှည့်လည်နေ



မိုးမခ အထောက်တော် | ယနေ့ နေ့ခင်း ၁၁ နာရီ ၀န်းကျင်ခန့်တွင် လက်နက် အပြည့်အစုံ တပ်ဆင်ထားသည့် လုံထိန်းကား အစီးပေါင်း ၃၀ ၀န်းကျင်ခန့် မြို့တော်ခန်းမရှေ့တွင် ရပ်တန့် အင်အားပြခဲ့ပြီးနောက် ရန်ကုန်မြို့ကို လှည့်ပတ် သွားလာနေသည်။

မြို့တော် ခန်းမရှေ့နှင့် ရန်ကုန်တိုင်း ရဲရုံးတ၀ိုက်ကို လုံထိန်းကားများ ၀ိုင်းပတ်ပြီး ရပ်တန့်ထားသည်ကို တွေ့မြင်ခဲ့ရသည်သည်။ အတည်မပြုနိုင်သေးသည့် သတင်းများအရ မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ ထိုအဖြစ်အပျက်ကြောင့် ယခုကဲ့သို့ လုံထိန်းကား အများအပြားဖြင့် အင်အားပြလှည့်လည်နေ ခြင်းဖြစ်သည်ဟု ပြောဆိုမှုများ ထွက်ပေါ်လျက်ရှိသည်။

ဗိုလ်တထောင်မြိုနယ်တွင် နေထိုင်သူတဦးကလည်း နေ့လည် ၁၂နာရီခန့်က မဟာဗန္ဓုလ လမ်းမကြီး အတိုင်း လုံထိန်းကား ၁၂စီးခန့် ပါသည့် ယာဉ်တန်း လှည့်လည်သွားသည်ကို တွေ့လိုက်ရသည်ဟု ပြောဆိုသည်။ မည်သည့် အကြောင်းကြောင့် ယခုကဲ့သို့ လှည့်နေသည်ကို မခန့်မှန်း တတ်ကြောင်း မြို့ခံများက ပြောဆိုသည်။

မြောက်ကိုးရီးယား လက်နက်တင် သင်္ဘော ရန်ကုန်သို့ ဦးတည်လာနေခြင်း နှင့် ယခုလို လုံခြုံရေး တင်းကြပ်နေခြင်းတို့ ဆက်စပ်မှု ရှိနိုင်သည်ဟု တချို့က ပြောဆိုနေကြသည်။ မြောက်ကိုးရီးယား သင်္ဘော နှင့် ပတ်သက်ပြီး နအဖ စစ်အစိုးရက မည်သည့် ဝေဘန် ပြောဆိုမှုမျိုးမှ ယခုအချိန်ထိ ပြုလုပ်ခြင်း မရှိသေးပေ။

မြန်မာနိုင်ငံရေး အကြပ်အတည်းကို ကူညီဖြေရှင်းပေးရန် ရည်ရွယ်ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး၏ အထူး သံတမန် မစ္စတာ ဂမ်ဘာရီလည်း မကြာမီ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ လာရောက်ရန် ရှိသည်ဟု သတင်း ဖော်ပြချက်များ အရ သိရသည်။

source by : မိုးမခ

ဆက်ဖတ်မယ်...