လူငယ်အဖွဲ့များ စုပေါင်း ဝတ်ပြုဆုတောင်း
အာအက်ဖ်အေ | ရွှေဝါရောင် တော်လှန်ရေး ၂ နှစ်ပြည့် နှစ်ပတ်လည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ထူထောင်ခြင်း ၂၁ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ရွှေတိဂုံ ဘုရားပေါ်မှာ အန်အယ်လ်ဒီ လူငယ်တွေ၊ မြေသြဇာ အဖွဲ့ဝင် လူငယ်တွေနဲ့ ကျောင်းသား လူငယ်တွေက ဝတ်ပြု ဆုတောင်းပွဲ တခု လုပ်ခဲ့ကြပါတယ်။
ဝတ်ပြု ဆုတောင်းပွဲ လုပ်ခဲ့ပုံနဲ့ ဆွမ်းလောင်း လှူခဲ့ပုံကို ဦးဆောင် ပါဝင်ခဲ့သူ အောက်မြန်မာပြည် ဗကသ အဖွဲ့ဝင် ကိုတင်နိုင်က အာအက်ဖ်အေကို ပြောပြပါတယ်။
ရွှေဝါရောင် သံဃာနှင့် လူထု လှုပ်ရှားမှုကာလ ၂၀၀၇ခုနှစ် စက်တင်ဘာ ၂၃ရက်နေ့က ရန်ကုန်မြို့ ရွှေတိဂုံစေတီ ရင်ပြင်တော်ပေါ်တွင် သံဃာနှင့် သီလရင်များ မေတ္တာပို့ ဆုတောင်းနေပုံ ဖြစ်ပါသည်။ (Photo: AFP) |
ကိုတင်နိုင်။ ။“ကျနော်တို့ အောင်မြေမှာ ဝတ်ပြု ဆုတောင်းပွဲ လုပ်တယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့ အတွက်ပေါ။့ အားလုံး အယောက် ၃၀ လောက်ရှိပါတယ်။ ကျနော်တို့ အကျီအဖြူနဲ့ ပုဆိုးကတော့ ယောပုဆိုး။ ယောပုဆိုးက ဘာကြောင့်လဲဆိုတော့ ၈၈ မျိုးဆက်ကျောင်းသားတွေကို အလေးထားတဲ့ အနေနဲ့ ယောပုဆိုး ဝတ်တယ်။ နောက်တခုက အဖွဲ့ချုပ်ရုံးရှေ့မှာ မနက် ၇ နာရီ သံဃာတော်တွေကို ဆွမ်းလောင်းတယ်။ ကျနော်တို့အားလုံး မြေသြဇာ အဖွဲ့ဝင်တွေရော၊ ရန်ကုန်မှာရှိနေတဲ့ ကျောင်းသား လူငယ်၊ ကျောင်းသား လူငယ်ဆိုတာ လက်ရှိ တက္ကသိုလ် တက်နေတဲ့ ကျောင်းသား လူငယ်တွေ ပါတယ်၊ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ ပါတယ်။ အားလုံး စုစည်းပြီး လုပ်ကြတာပါ။”
ဒီကနေ့ ရန်ကုန် မြို့တွင်းနဲ့ ရွှေတိဂုံ ဘုရားက မုခ်လေးခု လုံးမှာ လုံခြုံရေး အထူး တင်းကြပ်ထားတဲ့ကြားက ဝတ်ပြု ဆုတောင်း ခဲ့ကြ ရကြောင်းလည်း ပြောပါတယ်။
ကိုတင်နိုင်။ ။“စောင့်ကြည့်နေတဲ့ အခါကျတော့ နှစ်ယောက် တတွဲ သုံးယောက်တွဲ ဝိုင်းထိုင်ပြီး ဝတ်ပြု ဆုတောင်းပွဲ လုပ်တယ်။ အခက်အခဲ အများကြီးရှိတယ်။ သူတို့က လုံခြုံရေး တင်းကြပ်တယ် ဆိုတော့ဗျာ လုပ်ရကိုင်ရ တာက ကျနော်တို့အတွက်လည်း အန္တရာယ် မရှိအောင်လုပ် ရတာပေါ့။ ဘုရားပေါ်မှာတက်တဲ့ မုခ်လေးမုခ်မှာက လုံခြုံရေး အပြည့်ချထားတယ်။ ယူနီဖေါင်းနဲ့ရော အရပ်ဝတ်နဲ့ရော။ အစီအစဉ် နှစ်ခုလုံးကို အောင်မြင်အောင် လုပ်နိုင်ခဲ့ပါတယ်။ တခြား အဖမ်းအဆီး လောလောဆယ်တော့ ဘာမှမရှိပါဘူး”
ဒီလှုပ်ရှားမှုမှာ အဖမ်းဆီးခံရသူ မရှိဘူးလို့လည်း ပြောပြ ပါတယ်။
source by : အာအက်ဖ်အေ

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment