8/07/2009

အင်္ဂါဂြိုလ် နှင့် ကမ္ဘာ နီးကပ်မည့် သတင်းကြောင့် လူထုက တိုင်းပြည်အရေး ရတက်မအေးကြ

ညွန့်သက်ထားဦး | မားစ်ခေါ် အင်္ဂါဂြိုလ်နှင့် ကမ္ဘာဂြိုလ်တို့ နီးကပ်မှု ဖြစ်စဉ် တစ်ခု ကို သြဂုတ်လ ၂၇ ရက်နေ့ နှင့် ၂၈ ရက်နေ့ များတွင် တွေ့မြင်နိုင်မည့် သတင်း အတွက် ဂြိုလ်နက္ခတ်တို့က လူမှုဘ၀ကို စိုးမိုးသည် ဟု အစွဲ အလန်းကြီးလှသော မြန်မာပြည်သူများ အနေဖြင့် ရတက်မအေး ဖြစ်နေ ကြသည် ဟုသိရသည်။

စစ်မက် ဖြစ်ပွားမှု နှင့် သွေးထွက် သံယို ၊အဓိကရုန်း ဖြစ်ပေါ်မှုများ ကို ပေါ်ပေါက်စေတတ်သည့် အစွမ်း ရှိသည့် အင်္ဂါဂြိုလ် သည် ကမ္ဘာ နှင့် အနီးဆုံး အနေ အထား၌ ရှိနေချိန်တွင် ညအချိန် ကောင်းကင်တွင် လ နှစ်စင်းထွန်း လင်းသာ သလို ဖြစ်နေသည် ကို မြင်ရမည်ဟူ သော ဗေဒင် သတင်း ၀က်ဘ်ဆိုတ် တစ်ခုတွင် ဖေါ်ပြထားသည်။

၁၉၈၈ ခုနှစ်တွင် အင်္ဂါဂြိုလ် နှင့် ကမ္ဘာတို့ ပူးကပ်မှု ဖြစ်စဉ်ကို ၁၉၈၈ ခုနှစ်တွင် တစ်ကြိမ်ကြုံ ခဲ့ရပြီး ထိုနှစ်မှ ပင် ဦးနေ၀င်း အစိုးရ ကို တော်လှန်သော မြန်မာ လူထုတို့ ၏ ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်ပေါက်လာ ခဲ့သည်။ ထိုအရေးတော် ပုံကြီးကို စစ်တပ်က အဓမ္မဖြိုခွဲ ခဲ့၍ ပြည်သူ ထောင်ပေါင်း များစွာ သေကြေ ခဲ့ရသည်။

အင်္ဂါဂြိုလ်သည် ကမ္ဘာ နှင့် ၁၅၂ သန်း အကွာအဝေးမှ နေ၍ ၎င်း၏ ဂြိုလ်ပတ် လမ်းကြောင်း အတိုင်း ကမ္ဘာနှင့် အနီးဆုံး နေရမှ နေ၍ ဖြတ်သန်းမည် ဖြစ်သည်။အင်္ဂါဂြိုလ် နှင့် ပတ်သက်၍ စူးစမ်း လေ့လာ နေကြသည့် ပညာရှင် များကမူ ကမ္ဘာ၏ မူလအစကို အင်္ဂါဂြိုလ်တွင် ခြေရာခံနိုင်မည် ဟုဆိုသည်။

မြန်မာ့ ရိုးရာ နက္ခတ အမြင် သဘောအရ လက်ရှိ ကုမ်ရာသီခွင် ထဲတွင်ရှိသော အင်္ဂါဂြိုလ်သည် စစ်မက် သဘော ကို အထူး ထင်ရှားစေနိုင်သည်ဟု ဆိုသည်။

source by : FREEDOM NEWS GROUP

0 ယောက်ရဲ့ထင်မြင်ချက်: