6/14/2009

နိုင်ငံရေးအကျဉ်းသား ၅ ဦး အင်းစိန်ထောင် စစ်ခွေးတိုက်မှာ ကျန်းမာရေးဆိုးရွားနေ


RFA
အင်းစိန်ထောင်မှာ ထောင်ဒဏ် နှစ်ရှည်လများ ကျနေတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောနိုင်းနိုင်းအပါအဝင် နိုင်ငံရေးအကျဉ်းသား ၅ ဦးကို ထောင်အာဏာပိုင်တွေက ပြစ်ဒဏ်ခတ် တိုက်ပိတ်ထားတာ ၁ လကျော် ရှိနေပြီး မိသားစုတွေလည်း ထောင်ဝင်စာ တွေ့ခွင့်မရဘူးလို့ သတင်းရရှိပါတယ်။


AAPP ခေါ် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)၏ တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က မြန်မာစစ်အစိုးရ ဖမ်းဆီး အကျဉ်းချထားသော နိုင်ငံရေး အကျဉ်းသားများ၏ ဓာတ်ပုံကို ပြသပြီး ရှင်းလင်း ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)


အဲဒီပုဂ္ဂိုလ် ၅ ဦးကတော့ ပုဇွန်တောင်မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောနိုင်းနိုင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ရှေ့နေ ဦးစိုးဟန်၊ ဦးအောင်နိုင်နဲ့ ဗကသများ အဖွဲ့ချုပ်က ကိုလွင်ကိုလတ်၊ သံဃာတော် အရှင် စန္ဒိမာတို့ ဖြစ်ပါတယ်။

သူတို့ ၅ ယောက်ကို ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့ကတည်းက


ထောင်တွင်း ပြစ်ဒဏ်ပေးလေ့ရှိတဲ့ စစ်ခွေးတိုက်မှာ ပို့ထားကြောင်းနဲ့ အဲဒီထဲက ၃ ဦးဟာ ကျန်းမာရေး ဆိုးရွားနေတယ်လို့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်းက ဒီကနေ့ ဇွန်လ ၁၂ရက်မှာ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး AAPP တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က RFA ကိုအခုလို ပြောပါတယ်။

ဦးဘိုကြည်။ ။ 'စစ်တယ်ဆိုပြီးတော့ စစ်ခွေးတိုက်ကို ပို့ထားတယ်လို့ က္ဆွန်တော်တို့ ကြားသိရတယ်။ ပုံမှန်အားဖြင့်ဆိုရင် စစ်တယ်ဆိုလို့ရင် နှစ်လလောက်နဲ့ ပြီးလေ့ရှိတယ်။ ဒါပေမဲ့ အခုဟာက တလကျော်ပြီ မပြီးသေးဘူး ဆိုတဲ့အခါကျတော့ ဘယ်လို ပြစ်ဒဏ်ကြီးလို့လဲ၊ နောက်တခုက အခုအချိန်မှာ သူတို့က ကျန်းမာရေးအခြေအနေလည်း မကောင်းဘူးဖြစ်နေတယ်၊ ကိုစိုးဟန်ဟာ ဆိုရင်လည်း မျက်စိဝေဒနာ တော်တော် ခံစားနေရတာမျိုးတွေ ရှိတယ်။ သူတို့ မိသားစုတွေက အခု ဆေးဝါး မပေးနိုင်တဲ့ အနေအထားမျိုးတွေ၊ နောက်သူတို့ကလည်း ပြစ်ဒဏ်ဆိုတဲ့အခါကျတော့ ဆေးကုခွင့်မရတာမျိုးတွေ ဖြစ်နေတယ်။ အဲဒီတော့ သူတို့ရဲ့ ကျန်းမာရေးကိုလည်း အရမ်းစိုးရိမ်တယ်။'

ဦးစောနိုင်းနိုင်းဟာ ၁၉၉ဝ ခုနှစ်ကနေ ၁၉၉၉ ခုနှစ်ထိ ပထမအကြိမ် ထောင်ကျခဲ့ပြီး၊ ၂ဝဝဝ ခုနှစ်ကနေ အခုထိ နောက်တကြိမ် ထောင်ဒဏ် ၂၁ နှစ်ချမှတ်ခံထားရသူပါ။ ဦးစိုးဟန်လည်း ၂ဝဝဝ ခုနှစ်ကတည်းက ထောင်ဒဏ် ၂၁ နှစ် ကျခံနေရပြီး၊ ဦးအောင်နိုင်ကလည်း ၂ဝဝဝ ခုနှစ်ကတည်းက ထောင်အနှစ် ၂ဝ ကျခံနေရပါတယ်။ ကိုလွင်ကိုလတ်ကတော့ ၂ဝဝ၃ ခုနှစ်ကစပြီး ထောင်အနှစ် ၂ဝ ကျခံနေရတာပါ။ အရှင် စန္ဒိမာကတော့ ၂ဝဝ၇ ခုနှစ် စက်တင်ဘာ သံဃာ့လှုပ်ရှားမှုအပြီးမှာ ထောင်ဒဏ် ၈ နှစ် ချမှတ်ခံထားရပါတယ်။

ဦးစောနိုင်းနိုင်းရဲ့ ဇနီးဒေါ်တင်တင်လှနဲ့ RFA မှ ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။



ဆက်သွယ်မေးမြန်းချက်။




0 ယောက်ရဲ့ထင်မြင်ချက်: